News

ရိက္ခာမပြတ်လပ်စေဖို့အတွက် ရေလမ်းကုန်းလမ်းတွေကနေတဆင့် ခက်ခက်ခဲခဲသယ်ယူနေကြရတဲ့ PDF ရဲဘော်များ

ရိက္ခာမပြတ်လပ်စေဖို့အတွက် ရေလမ်းကုန်းလမ်းတွေကနေတဆင့် ခက်ခက်ခဲခဲသယ်ယူနေကြရတဲ့ PDF ရဲဘော်များ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်လူငယ်တော် တော်များများဟာ အာဏာရှင်ကိုတွန်းလှန်နိုင်ဖို့အတွက် လွတ် မြောက်နယ်မြေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး စစ်သင်တန်းတွေတက်ရောက်ကာ အသက်စွန့်ကြိုးစား တို က်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး လွတ် မြောက်နယ်မြေမှာ PDF လူငယ်တွေအနေနဲ့ အခက်အခဲတွေများစွာကို အားတင်းရင်ဆိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလု ပ်နေကြတာပါ။

PDF ရဲဘော်တွေအနေနဲ့လည်း တောထဲတောင်ထဲတွေမှာ ခ က်ခက်ခဲခဲစစ်ပညာသင်ယူနေကြရပြီး လိုအပ်ချက်တွေအများအပြားရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

PDFရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့ လောက်ငှအောင်စားသောက်ကြပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာတွေ့ရပါတယ်။

အခုအခါမှာဆိုရင်လည်း လွတ်မြောက်နယ်မြေကရဲဘော်တွေဟာ ရိက္ခာတွေပြတ်လပ်မှုမရှိစေရန်အတွက် ရေလမ်းကုန်းလမ် းတွေကနေတစ်ဆင့် ခက်ခက်ခဲခဲ ကြိုးစားသယ်ယူနေကြရတ ာဖြစ်ပါတယ်။

GZ လူငယ်ရဲဘော်လေးတွေခမျာလည်း စစ်ရေးအတွက်ပါသာမက ရိက္ခာတွေအတွက်ပါ အပင်ပန်းခံကြိုးစားနေကြရတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Crd

Zawgyi





အခုအခါမှာဆိုရင်လည်း လွတ်မြောက်နယ်မြေကရဲဘော်တွေဟာ ရိက္ခာတြွေပတ်လပ်မှုမရှိစေရန်အတွက် ရေလမ်းကုန်းလမ်းတွေကနေတစ်ဆင့် ခက်ခက်ခဲခဲ ကြိုးစားသယ်ယူနေကြရတာဖြစ်ပါတယ်။


Crd