Celebrity News
ပဲခူးက ဆရာတော်တစ်ပါးအား တန်ဖိုးကြီးကားတစ်စီး လှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုခဲ့တဲ့ ဘေဘီမောင်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပဲခူးက ဆရာတော် ဦးနန္နိယအား တန်ဖိုးကြီး ကားတစ်စီးကို လှူဒါန်းပေးခဲ့တဲ့ ဘေဘီမောင်။ ဘေဘီမောင်က အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို
အပြည့်အဝရရှိထားသူတစ်ယောက်ပါ။ ပိုပြီး လေးစားစရာ ကောင်းတာကတော့ အနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း ပရဟိတအလုပ်တွေကို တတ်နိုင်သလောက် လုပ်ကိုင်ကာ အလှူအတန်းတွေကို မကြာခဏပြုလုပ်တတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။
ခုလိုကာလမှာ ကိုဗစ်ရေ.ာဂါဆ.ိုးကြီးကို ပြည်သူတွေ ဆ.ိုးဆ.ိုးရွာ.းရွား ခံစားနေရချိန်မှာလည်း သူမ တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလည်း ပဲခူးမြို့ သီရိဇေယျာကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ဆရာတော် ဦးနန္နိယအတွက်
တန်ဖိုးကြီး Mark -x ကားတစ်စီးကိုလှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူက သူမရဲ့ အသက် (၂၈)နှစ်မှာ ကြီးမားတဲ့အလှူကြီးတစ်ခုဖြစ်ကြောင်းကိုလည်း ” 2019.6လပိုင်းက ပဲခူးမြို့ သီရိဇေယျာကျောင်းတိုက်မှာသီတင်းသုံးနေထိုင်တဲ့
ဆရာတော် ဦးနန္နိယအား မော်တော်ယဉ် Mark-xကားလေး ရေစက်ချလှူဒါန်းကုသိုလ်လေးပါ အသက်၂၈မှာလှူဒါန်းကုသိုလ်ပြုခဲ့တဲ့ ကြီးမားတဲ့ကုသိုလ်လေးတစ်ခုပေါ့ရှင့် ဒီထက်ပိုပြီး လှူနိုင်တန်းနိုင်အောင် ပိုပြီးအလုပ်တွေကြိုးစားပီး လုပ်ကိုင်နေပါတယ်
ဘေဘီကိုချစ်တဲ့အသဲတို့လည်း သာဓုခေါ်ကုသိုလ်လေးယူပေးပါနော်” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက်ဝေမျှပေးရင်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်