News












Unicode

ချွေးနဲစာလေးနဲ့ဆောက်ထားတဲ့ မိသားစုတွေ စုံလင်အောင်တောင် မနေရသေးတဲ့ အိမ်လေး ပျက်စီးခဲ့ရ

ဒီစာလေးကို ဂန့်ဂေါ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုမှာ ပါသွားခဲ့ရတဲ့ ပြည်သူ

တစ်ဦးကလူမှုကွန်ယက် မှာ သူရဲ့ ခံစားချက်ကို ရင်ဖွင့်ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

လုပ်ရက်ကျတယ်နော် ပြန်မရနိုင်တော့တဲ့ အိမ်လေး ဒီအိမ်တစ်လုံး ဖြစ်လာဖို့

တစ်မိသားစုလုံးလူပင်ပန်း စိတ်ပင်ပန်း ကိုယ့်မိသားစု ချွေးနဲစာလေးနဲ့ကြိုးစားပြီး ဆောက်ထားတာလေ

အိမ်ဆောက် ပြီးတာမှ မကြာသေးဘူး မိသားစု စုံစုံလင်လင်နဲ့တောင် မနေရသေးဘူးလေမောင်လေးဆို

အဝေးရောက်နေလို့ အိမ်ကိုတောင် ဓါတ်ပုံထဲမှပဲ တွေ့ဖူးသေးတာလေ

တောထဲကို စစ်ဘေးရှောင် သွားနေရတဲ့ မေမေကမီးဖိုချောင်လေး မီးမကူးရအောင်လို့တဲ့

အဝေးကြီးကနေ တစ်ယောက်ထဲ ပြန်လာပီး မီးငြိမ်းနေတာတဲ့ ရင်တေနာလိုက်တာ။

ငါတို့က ဘာမှားနေလို့လဲ ဝဋ်ကျွေးတွေ ဆိုလဲကျေပါတော့ လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။
Crd