News

ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တဲ့အိန္ဒြာကျော်ဇင်နဲ့ပတ်သတ်ပြီး သတင်းမှားတွေမဖြန့်ဖို့တောင်းဆိုလိုက်တဲ့ပရိသတ်တစ်ဦး

ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တဲ့အိန္ဒြာကျော်ဇင်နဲ့ပတ်သတ်ပြီး သတင်းမှားတွေမဖြန့်ဖို့တောင်းဆိုလိုက်တဲ့ပရိသတ်တစ်ဦး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောအိန္ဒြာကျော်ဇင်ကတော့ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်ပြီး သဘာဝကျတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကတော့မင်းသားချောပြေတီဦးနဲ့ရွှေလက်တွဲခဲ့ပြီးချစ်စရာသားသားမီးမီးလေးတွေလည်းပိုင်ဆိုင်ထားပါသေးတယ်။ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ကတော့ပရိသတ်တွေအားကျရတဲ့အနုပညာစုံတွဲဘဲဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ထားခြင်းခံရပြီခင်ပွန်းဖြစ်သူပြေတီဦးနဲ့အတူနေအိမ်မှာပဲခြိမ်းခြောက်ခံရပြီးအဖမ်းဆီးခံလိုက်ရပါတယ်၊ဒီအတောအတွင်းမှာဆိုရင်လဲအိန္ဒြာကျော်ဇင်နဲ့ပတ်သတ်ပြီးသတင်းအမှားတွေကိုမယုံကြဖို့သူမရဲ့ပရိတ်သတ်တစ်ဦးကအခုလိုပြောကြားထားပါတယ်။

အိန္ဒြာကျော်ဇင်ဆိုတာသူလိုကိုယ်လိုလူမဟုတ်ပါဘူး၊သူမနောက်မှာစောင့်ကြည့်နေတဲ့သန်းပေါင်းများစွာပရိသတ်တွေရှိတယ်၊ဒါကြောင့်လက်ရှိသူမဘာလုပ်နေတယ်၊ဘာဖြစ်နေတယ်ဆိုတာသူမမိသားစုဝင်တွေကလွဲလို့သိမှာမဟုတ်ပါဘူး၊သူမတစ်ခုခုဖြစ်ရင်ပရိသတ်ကိုသူမမိသားစုကပဲအတည်ပြုပါလိမ့်မယ်၊မိသားစုဝင်တွေကအတည်ပြုမထားတဲ့သတင်းအမှားများကိုမယုံကြဖို့နဲ့သတင်းအမှားများရေးသားကြသူများလည်းထပ်မံမလုပ်ကြဖို့မေတ္တာရပ်ခံပါတယ်၊ပြည်သူတွေကအစစအရာရာကိုယ်အားဖြင့်ခက်ခဲနေကြရတဲ့အထဲစိတ်အားဖြင့်မပင်ပန်းစေဖို့သတင်းအမှားတွေမရေးသားကြပါနဲ့၊အူဝဲဆိုတာပရိသတ်ရှေ့မှောက်၊ပြည်သူ့ရှေ့မှောက်ပြန်လည်ရောက်ရှိလာဦးမှာပါ၊ရုပ်ရှင်တွေထဲမှာမင်းသမီးကြီး အဖြစ်မြင်ရဦးမှာပါ၊အိန္ဒြာကျော်ဇင်ဆိုတာကျိန်းသေပြန်လာမှာပါဆိုပြီးတော့ရေးသားထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောအိန္ဒြာကျော်ဇင်ကတော့ ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်ပြီး သဘာဝကျတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကတော့ မင်းသားချောပြေတီဦးနဲ့ရွှေလက်တွဲခဲ့ပြီး ချစ်စရာသားသားမီးမီးလေးတွေလည်းပိုင်ဆိုင်ထားပါသေးတယ်။

အိန္ဒြာကျော်ဇင်ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ထားခြင်းခံရပြီခင်ပွန်းဖြစ်သူပြေတီဦးနဲ့အတူနေအိမ်မှာပဲခြိမ်းခြောက်ခံရပြီးအဖမ်းဆီးခံလိုက်ရပါတယ်၊ဒီအတောအတွင်းမှာဆိုရင်လဲအိန္ဒြာကျော်ဇင်နဲ့ပတ်သတ်ပြီးသတင်းအမှားတွေကိုမယုံကြဖို့သူမရဲ့ပရိတ်သတ်တစ်ဦးကအခုလိုပြောကြားထားပါတယ်။

အိန္ဒြာကျော်ဇင်ဆိုတာသူလိုကိုယ်လိုလူမဟုတ်ပါဘူး၊သူမနောက်မှာစောင့်ကြည့်နေတဲ့သန်းပေါင်းများစွာပရိသတ်တွေရှိတယ်၊ဒါကြောင့်လက်ရှိသူမဘာလုပ်နေတယ်၊ဘာဖြစ်နေတယ်ဆိုတာသူမမိသားစုဝင်တွေကလွဲလို့သိမှာမဟုတ်ပါဘူး၊သူမတစ်ခုခုဖြစ်ရင်ပရိသတ်ကိုသူမမိသားစုကပဲအတည်ပြုပါလိမ့်မယ်၊မိသားစုဝင်တွေကအတည်ပြုမထားတဲ့သတင်းအမှားများကိုမယုံကြဖို့နဲ့သတင်းအမှားများရေးသားကြသူများလည်းထပ်မံမလုပ်ကြဖို့မေတ္တာရပ်ခံပါတယ်၊

Credit