News

MYTEL တာဝါတိုင်များဖျက်ဆီးနေခြင်းမှာ အစွန်းရောက်တာလီဘန် ဆန်နေဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို..

Mytel တာဝါတိုင်များဖျက်ဆီးနေခြင်းမှာ အစွန်းရောက်တာလီဘန် ဆန်နေဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို..

စက်တင်ဘာလ၁၁ရက်..

My Tel တာဝါတိုင်တွေကို PDF တွေဗုံးခွဲဖျက်ဆီး နေကြခြင်းဟာ နိုင်ငံတော်ကို ပုန်ကန်ခြင်းမြောက်တဲ့အတွက် စစ်ကေ ာင်စီကဖမ်းမိခဲ့ရင်သေဒဏ်မှတပါးအခြားမရှိဘူးလို့ဗိုလ်ချုပ်ဇော်မင်းထွန်းကအရေးကြီးသတင်းတစ်ရပ်အနေနဲ့ယနေ့ ညနေ ၃နာရီခန့်ကပြောကြားလိုက်ပါတယ်။

မိမိတို့စစ်ကောင်စီအနေဖြင့် အထပ်ထပ် အခါခါ ခွင့်လွှတ်သီးခံ ခဲ့သော်လည်း ဤအစွန်းရောက်များက ISIS ဆန်ဆန် ၊ တာ လီဘန်ဆန်ဆန် လူထုဒုက္ခရောက်အောင်အမျိုးမျိုး ဒုက္ခပေးဖျက်ဆီးနေကြခြင်းမှာတိုင်းပြည်ကို အလုံးစုံပျက်စီးရေးချေ ာက်ထဲဆွဲချနေခြင်းသာဖြစ်ပါတယ်။

ကျွန်တော်တို့အိမ်စောင့်အစိုးရရဲ့အကြီးအကဲဖြစ်သူ ဥက္ကဌဗိုလ် ချုပ်မှူးကြီး ကလည်း တာဝါတိုင်တွေကို PDF သူပုန်တွေ ဖျ က်ဆီးနေကြတာဟာအကျိုးမရှိကြောင်းမနေ့ကအစည်းအဝေ းမှာ ထည့်သွင်းပြောဆိုခဲ့ပြီးဖြစ်ပါတယ်၊

PDF တွေဒီလိုဆက်လုပ်နေမယ်ဆိုရင် စစ်ကောင်စီဟာ အရေ းပေါ် ဥပဒေတစ်ရပ်ပြဌါန်းပြီး PDF တွေရဲ့မိသားစုတွေကိုတိုင်းပြည်အတွင်းရှာဖွေဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်၊ သေဒ ဏ်စီရင် ခံရနိုင်တဲ့အထိ ဥပဒေပြဌါန်းရပါလိမ့်မယ်။

အခုလည်းမြို့တွင်းတိုက်ပွဲဆိုပြီး PDF တွေ ရန်ကုန် နဲ့မန္တ လေးမှာ နေရာအနှံ့ဗုံးခွဲတိုက်ခိုက်နေကြခြင်းကြောင့် အပြစ်မဲ့တပ်မတော်သားတွေ ရဲဝန်ထမ်းတွေသေကြေပျက်စီးမှု့တွေဖြစ်ခဲ့ရပြီးဖြစ်ပါတယ်။

ထို့ကြောင့်ပြည်သူများအနေဖြင့် အဖျက်အမှောင့်ပြုနေသူ PD F ဆိုသူများကိုသိရှိပါက တပ်မတော်စစ်ရုံးများသို့ တိုက်ရိုက်သတင်းလာပေးပို့နိုင်ကြောင်းအသိပေးအပ်ပါတယ်။

BWN. .
Crd. .Online Media