Celebrity News








Unicode

ဝေဖန်စွတ်စွဲလာတဲ့ လူတစ်ယောက်ကို သူမဟုတ်ကြောင်း ပြန်လည်တုံ့ပြန်လိုက်တဲ့ ရဲရင့်အောင်

မကြာသေးခင် မိနစ်ပိုင်းလောက်က အဆိုတော် ရဲရင့်အောင်ရဲ့ လူမှုကွန်ယက်တွင် ပြသနာတစ်ခုကို ပြန်ဖြေရှင်းထားပါတယ်နော်။ ဒါကတော့ Rapper အဆိုတော်တစ်ဦးမှ သူ့ကောင်မလေးကို သွားပြီး အထာပေးတဲ့စကားတွေလာပြောထားကြောင်း ss နဲ့တကွ တင်ခဲ့ပြီး ရဲရင့်အောင်ကိုလည်း သူ့ဆီဆက်သွယ်ဖို့ လူမှုကွန်ယက်ပေါ်တွင်ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲရင့်အောင်မှ ” ငါ မအားလို့ Messenger ငါ့ပရိတ်သတ်တိုင်းနဲ့တောင် စကားမပြောဖြစ်ဖူး။ကိုယ့်ကိုယ်စကားတစ်လုံးမှလာမပြောဖူးတဲ့လူဆိုဝေးရောကွာ…အဲ့တစ်ယောက်တောင် တော်တော်ကံကောင်းလို့ ငါစာပြန်ဖြစ်တာဖြစ်မယ်။

မင်းဘက်က ဝင်ကြည့်ခွင့်ရနေတဲ့ conversationအပြည့်အဝမှမဟုတ်တာကွာ Delete လုပ်ထားတာကိုး။တစ်ဖက်က နာမည်တွေ ပုံတွေငါဖြတ်ပေးထားပါတယ်။မင်းငါ့ကို ပြန်တောင်းပန်ပါ။ကိုယ့်ဘဝကိုယ် ဖြေရှင်းနေရတာအပြင်ခွေးသားတွေ စောက်ရူးထတာလိုက်ရှင်းနေရတယ်

မင်း ငါနဲ့ ငါ့ကောင်မလေးကို by name နဲ့ Pubilc မှာစော်ကားထားတာကို တောင်းပန်ပါ။မင်းထပ်လိုချင်ရင် အဲ့ဒီProfile ရောနာမည်ရောငါပြန်တင်ပေးမယ်။ အဲ့ဒီမှာ မင်းလိုချင်တဲ့ Attention. မင်းနာမည်ထည့်မရေးဘူးလက်သနလို့ငါနဲ့ပွဲရှာပြီး အတန်ရှည်ယူနေရတယ်ဆိုတော့

အခွေတွေဘာတွေထွက်တော့မလို့ထင်တယ်အောင်မြင်ပါစေ …” ဆိုပြီး ပြန်ဖြေရှင်းထားတာပါ။ ရဲရင့်အောင်တင်တဲ့ SS ကိုကြည့်ပြီး သူမှားမှန်းသိသွားတာကြောင့် Rapper အဆိုတော် Ian-5GL မှ တောင်းပန်ကြောင်း ပြန်ရေးသားထားခဲ့ပါတယ်။

Crd