News

မြန်မာနိုင်ငံဘက် သို့သာ မျက်နှာမူနေတယ် ဆို တဲ့ ထူးဆန်းလှသည့် ထိုင်းနိုင်ငံမှ မြဘုရား အကြောင်

မြန်မာနိုင်ငံဘက် သို့သာ မျက်နှာမူနေတယ်ဆိုတဲ့ ထူးဆန်းလှသည့် ထိုင်းနိုင်ငံမှ မြဘုရား အကြောင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ရောက်ခဲ့ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာများကတော့ မြဘုရားကို ပထမဆုံးဦးတိုက် ရှိခိုးလေ့ရှိပါတယ်။


မနက်ပိုင်း (၈)နာရီခွဲမှ ညနေပိုင်း(၃)နာရီအထိ ဖွင့်ပါတယ်။ဘုရားဖူးသွားမည့် ဧည့်သည်များအနေဖြင့် ဘောင်းဘီအတို၊ အကြပ်များ၊ စကတ်အတိုများ၊ လည်ဟိုက်အင်္ကျီ၊T-shirt ဝတ်ဆင်ခြင်း မပြုရပါဘူး။

အကယ်၍ ဝတ်သွားမိခဲ့ပါက အဝင်ဝတွင် အဝတ်လဲခန်းနှင့် အဝတ်ငှားရမ်းသော နေရာများတွင် ကျသင့်ငွေပေးဆောင်၍ ငှားဝတ်နိုင်ပါတယ်။

ဘုရားဝင်းပြင်ပတွင်လည်း စပန့်သား ဘောင်းဘီများအရှည်များကိုလည်းရောင်းချပေးနေသည့်အတွက် ဧည့်သည်များအ နေဖြင့် အဆင်ပြေစွာဝယ်ယူဝတ်ဆင်နိုင်ပါတယ် ။


ဒီမြဘုရားဟာ အနော်ရထာ ဘုရင်ကို သီဟိုဠ် ဘုရင်ကလက်ဆောင် ဆက်သထားပြီး ပုဂံကို အပို့လမ်းမှာမုန်တိုင်း မိပြီး ထို င်းကမ်းခြေမှာ သင်္ဘော ဆိုက်တော့ပို့ခိုင်းသူများက

ကြောက်ပြီး ဆက်မပို့ ရဲတော့လို့ကုန်းလမ်း ကနေ လာအို နိုင်ငံကို ရောက်သွားခဲ့ပြီးလာအို ဘုရင်ကတမြတ်တနိုး ကိုးကွယ် ထားတဲ့ဆင်းတုတော်ပါ။


ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာဘုရင်ထံ အကြောင်းကြား လာပါတယ်။

နှစ်နိုင်ငံ လုံးကဘုရင် တွေနဲ့ မိတ်မပျက်ချင်တဲ့ အနော်ရထာ ဘုရင်ကသီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအိုဘုရင်ထံရေစက်ချ လှူဒါန်းခဲ့ပါတယ်။

အနော်ရထာ ဘုရင်ဆီက မျက်နှာသာရလိုမှု ကိုသာအဓိက ထားတဲ့ သီဟိုဠ် ဘုရင်ဟာ ခုလိုအနော်ရထာဘုရင်နဲ့ အတူ အလှူရှင် အဖြစ်ရေစက်ချခွင့်ရတဲ့ အတွက်ကျေနပ် သလို

စစ်တိုက်ပြီးဖြစ်စေ၊ သံတမန် လွှတ်ပြီးဖြစ်စေပြန်ယူရင် အဲဒီ ခေတ်က အင်အားကြီးတဲ့ အနော်ရထာဘုရင်ကို မြဘုရား ပြန်ပေးရမှာသေချာ နေပေမယ့်ပြည်သူတွေရဲ့ သဒ်ဓါတရားကို ခုလို

အသိအမှတ်ပြုလေးစားစွာ ရေစက်ချ လှူပေးတဲ့အတွက် လာအိုဘုရင်ကလဲ အနော်ရထာ မင်းမြတ်ကို ပိုကြည်ညို လေးစားခဲ့တယ်လို့ သမိုင်းကဆိုပါတယ်

ဒီလိုသမိုင်းကြောင်းကြီးတဲ့ မြဘုရားကိုမှ ထိုင်းကလာအို နိုင်ငံကနေ တိုက်ခိုက်သိမ်းပိုက် ယူခဲ့ပါတယ်။

ထိုင်းဟာ လာအိုနိုင်ငံကို တိုက်ခိုက်သိမ်းပိုက် ပြီးလာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော်လွမ်ပရာဘမ်ကမြ ဘုရားကို ထိုင်းနိုင်ငံကို ပင့်ဆောင်လာပါတယ်။

မြန်မာနိုင်ငံဘက်သို့သာ မျက်နှာမူနေတယ်ဆိုတဲ့ ထူးဆန်းလှသော ထိုင်းနိုင်ငံမှ မြဘုရား အကြောင်း 4မြဘုရားသည် ဆူကိုထိုင်း ခေတ် AD- 1438 ကပင်ထိုင်းနိုင်ငံတွင် ရှိနေခဲ့သည်။ ထိုင်းရာမ ဘုရင် ၁(1782-1809) သည်။


AD- 1782 တွင် လာအိုနိုင်ငံဗီယင်တိန်းမြို့မှ ရရှိသော မြဘုရားကို သူ၏နန်းတော် ဘန်ကောက်မြို့တော်အတွင်း တစ်ပါ တည်းတည်ဆောက်ခဲ့လေသည်၊ မြဘုရားသည် တကယ်တော့မူကြီးမားသော ကျောက်စိမ်းတုံးမှ ထုလုပ်ထားခြင်းဖြစ်လေသည်။

ရာဇဝင်သမိုင်းမှတ်တမ်းထဲတွင်မူ AD- 1434 လောက်က ထိုင်းနိုင်ငံမြောက်ပိုင်း ယခု ချင်းရိုင်ခရိုင် (Chiangrai) တွင် ဗုဒ္ဓဆင်းတုတော်ကို အင်္ဂတေများဖုံးအုပ်လျက်တွေ့ရှိခဲ့ရလေသည်။

ဆင်းတုတော်ကို ကျောင်းထိုင်ဆရာတော်တစ်ပါး၏ ကျောင်းထံသို့ ပင့်ဆောင်သွားခဲ့သည်။

တစ်နေ့သော အခါဆင်းတုတော်၏ နှာခေါင်းတော်နေရာမှ အင်္ ဂတေများသည် အဖတ်လိုက် အလိပ်လိပ်ကွာကျပြီးအတွင်းမှာ ရောင်ခြည်စိမ်းများ ပျံ့လွင့်နေသည်ကိုဆရာတော်က တွေ့ရှိလို က်ရလေသည်။

ဆရာတော်က အင်္ဂတေများအားလုံးကို ဆင်းတုတော်မှ ဖယ်ရှ ားလိုက်သောအခါ မြဘုရားဆင်းတုတော်ကို ဖူးမြင်လိုက်ရတော့သည်။

ထိုသတင်းကိုကြားကြသောအခါ လူအများသည်မြဘုရားကိုဖူးကြဖို့ စုရုံးလာကြတော့သည်။ ထိုအချိန်ကချင်းရိုင်နယ်သည် ချင်းမိုင် (Chiangmai) ဘုရင်၏ လက်အောက်တွင်ရှိနေသည်။

ထို့နောက်ဘုရင်ဆမ်ဖန်ကင်န်က မြဘုရားကို ချင်းမိုင်သို့ပင့် ဆောင်ရန် ဆင်တော်ကို လွှတ် လိုက်လေသည်။

သို့သော် အကြိမ်တိုင်းတွင် ဆင်တောက လမ်းဆုံရောက်သော အခါ၌ လမ်းပန်း (Lampang ) မြို့တွင်းသို့ ပြေးပြေးဝင်ရောက်သွားခဲ့လေသည်။

ဆင်တော်ကသုံးကြိမ်တိုင်တိုင် လမ်းပန်းမြို့တွင်းသို့ ပြေးဝင်ပုံကိုထောက်ရှုပြီး ဘုရင်က မြဘုရားသည် လမ်းပန်းမြို့၌ စံပယ်တော်မူလိုသည်ဟု အတွေးရပြီးနောက်ဆင်းတုတော်ကို

နှစ်ပေါင်း ၃၂ နှစ်တိုင်တိုင် တန်ခိုးထက်သော ချင်းမိုင်ဘုရင် တိလောကTiloka စိုးစံသော AD- 1468 အထိ လမ်းပန် းမြို့တွင် စံပယ်ထားခဲ့လေသည်။

AD- 1551 တွင် ချင်းမိုင်ဘုရင်သည် သားတော်မကျန်ရစ် ဘဲနတ်ရွာစံလေတော် သမီးတော်တစ်ပါးက လာအိုဘုရင်နှင့် စုလျားရစ်ပတ်လေသည်။

သမီးတော် ချိုင်းချက်သChaichettha မင်းသားဖွား မြင်တော်မူသည်။ချင်းမိုင်ဝန်ကြီးများက ၁၅ နှစ်အရွယ် မင်းသားကိုထီးနန်းအပ်သောအခါ လက်ခံခဲ့လေသည်။

သို့သော်ငြားလည်း သူ၏ခမည်းတော် လာအိုဘုရင်နတ်ရွာစံသောအခါ မင်းသားသည် သူ၏တိုင်းပြည်သို့ ပြန်ချင်နေခဲ့တော့သည်။

ထို့ကြောင့် AD- 1552 တွင်မင်းသားသည် လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သော LuangPrabang လူအမ်ပရာဘန်သို့ မြဘုရားကို ပင့်ဆောင်သွားခဲ့လေသည်။

Crd