News
Credit..၈၈
Unicode
NUG နှင့် စ က စ တိုက်မည့်စစ်ပွဲဟာ နည်းပညာမြင့်မားလွန်းတဲ့စစ်ပွဲဆိုတာစောင့်ကြည့်ရတော့မည်
ကျောင်းသားခေါင်ဆောင်ကိုသိန်းလွင်ခန့်မှန်းထားတာကျနော်ရေးတင်ခဲ့ဘူးပါတယ်NUGအစိုးရဟာဒီတိုက်ပွဲကိုမတိုက်မဖြစ် တိုက်ရမယ်ဆိုတဲ့အကြောင်း….Liveလွှင့်ပြီးလည်း ပြောခဲ့ဘူးပါတယ် ။NUG အစိုးရ အနေနဲ့ နိုင်ငံတော်အခြေနေကို အရေးပေါ်ကြေငြာလိုက်တဲ့ အပေါ်မှာ ပြည်သူတချို့ အံ့သြနေပါလိမ့်မယ် ၊….အကြမ်းဖက်စစ်အုပ်စုဘက်မှာ…….
၁ ။ လက်နက်အင်အား သာလွန်ခြင်း ။၂ ။ လူအင်အားသာလွန်ခြင်း ။၃ ။ စနစ်ကြစွာဖွဲ့စည်းတည်ဆောက်ထားတဲ့ စစ်အင်္ဂါဖြင့် ပြည့်စုံခြင်း ။ဟူသော အချက်တွေကို တွေ့ရမှာဖြစ်ပါတယ် ။NUG အစိုးရမှာကြတော့ အဲ့လောက်ခိုင်မာတောင့်တင်းမှုမရှိသည့်အပြင် ဦးဆောင်တဲ့ခေါင်းဆောင်တွေဟာဘယ်နေရာမှာနေလို့ နေမှန်းမသိကြဘူးဖြစ်နေတယ်….
မှန်ပါတယ် NUG အစိုးရရဲ့အကောင်းဆုံးလက်နက်ဟာပြည်သူပါဘဲ…. ပြည်သူ့ရဲ့ အားပေးထောက်ခံမှုတွေကြောင့်လည်း NUG အစိုးရဟာ သတ္တိရှိရှိ D dayကို
ခေါ်ခဲ့တာဖြစ်ပါတယ် ။အကြမ်းဖက်စစ်တပ်ကြီးကို အပြင်ကကြည့်မယ်ဆိုရင် ပြန်လည်တိုက်ဖို့နေနေသာသာ စိတ်ကူးတောင်ယဉ်ရဲမှာမဟုတ်ပါဘူး….ဒါပေမယ့်အတွင်းကျကျသိနေတဲ့ လူတွေအဖို့တော့ အထူတလည်စာဖွဲ့နေစရာအကြောင်းမရှိလို့ပါ ။
၁ ။ မအလ အာဏာသိမ်းပြီးနောက်ပိုင်း စိတ်ဓာတ်ရေးရာကြဆင်းလာခြင်း ။၂. ။ပြည်သူဟာစစ်တပ်ကို ရန်သူလို သဘောထားအမုန်းကြီးမုန်းနေခြင်း ။၃ ။ တပ်တွင်းဖိနှိပ်မှုတွေပိုမိုဆိုးရွားလာခြင်း တွေကြောင့်စစ်တပ်ဟာ အတွင်းလှိုက်ပြီးပျက်နေခဲ့ပါပြီ ။တပ်မိသားစုတွေကအစ ပြည်သူကြားမှာယုံကြည်စိတ်ချစွာသွားလာလှုပ်ရှားလို့ မရတော့တဲ့အနေအထားမျိုးမှာ အမှန်တကယ် အထိနာဆုံးက အောက်ခြေစစ်သားတွေဖြစ်နေတဲ့အတွက် အခုချိန်မှာ စစ်ခေါင်းဆောင်တွေအနေနဲ့ ပြန်လည်ကုစားဖို့ မဖြစ်နိုင်တော့ပါဘူး ။
NUG အစိုးရအနေနဲ့ သံတမန်ရေးကို ဦးစားပေးလုပ်ဆောင်ခဲ့သလို ပြည်သူတို့တောင်းတခဲ့ဘူးတဲ့R2P အစီအစဉ်ကို ပြည်သူအားနဲ့ တည်ဆောက်ခဲ့ပြီးပါပြီ ။NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတဲ့ လေတပ်ကိုပါ ဖွဲ့စည်းပြီးပြီဆိုတာကို ယုံချင်မှ ယုံပါလိမ့်မယ်…..လေတပ်ဆိုတာ အခုခေတ်မှာ လေယာဉ်ပေါ်တက်မောင်းပြီးတိုက်ခိုက်မှ လေတပ်လို့ယူဆနေတဲ့လူတွေအတွက်တော့ မေးခွန်းထုတ်ချင်စရာဖြစ်ပါလိမ့်မယ်……
ဒေါက်တာဆာဆာ ပြောခဲ့ဘူးတာ မမေ့ပါနဲ့အမှန်တကယ်ပြည်တွင်းစစ်ဖြစ်လာရင် ပြည်သူတွေမနစ်နာအောင် နည်းပညာအကူညီနဲ့ အကြမ်းဖက်မိအောင်လှိုင်တပ်ကို တိုက်သွားမှာပါလို့ ပြောဘူးပါတယ်…အဓိက ဥပမာပေးသွားတာကတော့အမေရိကန်ရဲ့ မောင်းသူမဲ့ လေယာဉ်တွေ ဒရုန်းတိုက်ခိုက်မှုတွေကို ပြသွားတာ မှတ်မိမယ်ထင်ပါတယ် ။
ကိုမင်းကိုနိုင်ပြောတာ မှတ်မိမလား …အခုတိုက်မယ့်တိုက်ပွဲဟာ တစ်ခါမှမမြင်ဘူးတဲ့နည်းပညာ တိုက်ပွဲဖြစ်တယ်ဆိုတာကို…..ဒါတွေကိုဆက်ဆက်တွေးရင် နွေဦးတော်လှန်ရေးမှာNUG ဘယ်အတိုင်းအတာထိပြင်ဆင်ထားပြီးပြီလဲဆိုတာ ခန့်မှန်းကြည့်ကြပါ ။မိအောင်လှိုင်က သေမှာကြောက်လို့ ရုရှားကဒုံးကာတွေ အသဲအသန်ဝယ်ပြီးတပ်ဆင်နေတာကိုကြည့်ရင် NUGရဲ့လေတပ်ဟာ အတည်ပြုလို့ရပြီထင်ပါတယ်…..။
အင်အားမမျှလို့တွေးကြောက်နေသူတွေဟာ ဂေါက်နေတဲ့ ဇော်မဲလုံးပြောတာကို ဘဝလို့မှတ်နေရင်တော့ ညဘက်တွေ အပေါ့အပါးထမသွားဖို့သတိပေးချင်ပါတယ်…….။အဓိကလူမပါဘဲ ပျံဝဲလာမယ့် ဒရုန်းတွေဟာကာကွယ်မှုစနစ် တပ်ဆင်ထားခြင်းမရှိတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေလည်းဖြစ်သွားနိုင်သလိုစစ်ဌာနချုပ်တွေလည်း ဖြစ်သွားနိုင်ပါတယ်…
နောက်တစ်ခုကတော့… ဒီနေ့ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာ ပါပါတယ်…ဝန်ထမ်းတွေ အလုပ်မဆင်းကြဖို့တကယ်လို့ စစ်ကောင်စီလောက်အောက်ခံဆက်လုပ်
နေမယ်ဆိုရင် တာဝန်မယူဘူးဆိုတာ ပါပြီးသားဖြစ်ပါတယ်..CRPH. NUG. PDFရဲ့ အင်အားဖွဲ့စည်းပုံအနေအထားဘာရှိလို့ရှိမှန်းမသိ ခန့်မှန်းလို့မရတဲ့အတွက်
မိအောင်လှိုင်ရဲ့အကြမ်းဖက်စစ်တပ်အနေနဲ့ယုံတောင်ပြေး၊ ခွေးမြောက်လိုက် ဖြစ်နေတာလည်းအမှန်ပါဘဲ။
NUG ရဲ့လက်နက်တပ်ဆင်မှုက အဲ့လောက်တောင်လား ပြေးနေလွှားနေရတဲ့လူတွေကအဲ့လောက်တောင်လုပ်နိုင်ပါ့မလားလို့ မေးစရာရှိတယ်…..အလွယ်ကူဆုံးပြောပြမယ် နွေဦးတော်လှန်ရေးမှာထားထက်ထက်အလှမယ်လေး အလှူခံတာတောင်၂နာရီအတွင်းသိန်း၅၀၀ ရတယ်….။
စီမံချက်ရေးဆွဲပြီး စနစ်တကျအကောင်ထည်ဖေါ်ရင်းနွေဦးထီရောင်းလိုက်၊ ကံစမ်းမဲဖောက်လိုက်နဲ့လိုအပ်သလို လှူပေးနေတဲ့ ပြည်တွေက နိုင်ငံတကာကနေထောက်ပံ့ပေးနေတာတွေက… ဘယ်အတိုင်းအတာထိ ရှိနိုင်မလည်းဆိုတာ ခန့်မှန်းကြည့်….
စကစရဲ့ လူကယ်ပြန် ဝင်ကြီး ထိုင်ခုံမှာ အစိညက်သလို ဘတ်ဂျက်ပျက်နေချိန် NUGရဲ့လူကယ်ပြန်ဝင်ကြီး ဆရာဒေါက်တာ ဝင်းမြတ်အေးဟာ ပြည်သူ့အားနဲ့ပြည်သူကိုပြန်ကူညီသွားတာကိုကြည့်ရင်သဘောပေါက်သင့်ပါတယ်…..။
တိုက်ခိုက်ရေးဘက်က လူအင်အားအပြင် နည်းပညာအင်အားကိုပါ NUGက ပိုင်ဆိုင်ထားတဲ့အတွက်အခုပွဲမှာ အလူးအလဲသေမှာက မိအောင်လှိုင်ရဲ့စစ်တပ်ပါဘဲ….. ။ဉာဏ်ပညာခြင်းက အရမ်းကွာပါတယ်။စောင့်ကြည့်လိုက်ကြပါ….မိအောင်လှိုင်ရဲ့ မရှုမလှ ဇာတ်သိမ်းမှုဟာဒီဇင်ဘာရဲ့နှင်းတွေလောက်မလှပနိုင်ပါဘူး…..။
Credit.