Knowledge











Credit

Unicode

ရှားရှားပါးပါး ဖူးမြင်ရခဲလှသည့် ဂေါတမဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တဲ့နေရာ

စတင်တွေ့ရှိစဉ်က အင်ကြင်းအမြစ်များပါ တူးဖော်တွေ့ရှိခဲ့ကြပါတယ်ဖွားမြင်တော်မူခန်းမယ်တော်မဟာ မာယာဒေဝီသည် ဘုရားအလောင်းတော်ကို ဝမ်းကြာတိုက်ဖြင့်


ဆယ်လပတ်လုံး ဆောင်လျှက်ရင့်မာခြင်းသို့ ရောက်သောအခါ မိမိ၏ မွေးရပ်မြေဖြစ်သော ဒေဝဒဟပြည်သို့ သွားရောက်လိုကြောင်း သုဒ္ဓေါနမင်းကြီးထံ ခွင့်ပန်ပြီး အခြွေအရံများစွာနဲ့တကွ


ထွက်ခွာလာရာ လမ်းခရီး တစ်ထောက်အဖြစ်ကပိလဝတ်ပြည် နှင့် ဒေဝဒဟပြည်ကြားရှိ လုမ္ဗီနီမည်သော အင်ကြင်းတော၌ နားနေစဉ် အင်ကြင်းပင်မှ အခက်ကို လက်ဖြင့် ကိုင်ဆွဲကာ ရပ်နေသော ခဏ၌ပင်


အလောင်းတော်ကို ဖွားမြင်ရန် ကမ္မဇလေတို့သည် တုန်လှုပ်လာပြီးနောက်မဟာသမုဒ္ဒရာနှင့်ပထဝီမြေကြီးသည် သိမ့်သိမ့်တုန်ခါပြီးထစ်ချုန်းမြည်ဟိန်းလျက် နတ်ဗြဟ္မာတို့ ကောင်းချီးပေးသော နိမိတ်ကြီး ၃၂ ပါးတို့

တပြိုင်တည်းဖြစ်စေလျက် မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် သောကြာနေ့တွင်လက္ခဏာကြီး ၃၂ ပါး လက္ခဏာငယ် ၈၀ အသွယ်သွယ်တို့ဖြင့် တင့်တယ်အပ်သော လူ နတ် ဗြဟ္မာတို့၏ အတုမရှိအပ်သော ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူလေသည်။

Credit