News

ဆေးကြောင်နေတဲ့ မြန်မာအမျိုးသားက ထိုင်းကလေးငယ်တစ်ဦးကို တောင်ပေါ် ခေါ်ဆောင်သွားခဲ့လို့ (၆၂)နာရီကြာမှ ပြန်ရှာတွေ့ခဲ့

ပြီးခဲ့တဲ့ ရက်ပိုင်းက အသက်(၂)နှစ်အရွယ်ရှိ ထို င်းကလေးငယ်တစ်ဦးဟာ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ပါတယ်။

အသက်(၄၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံသား နိုင်စိုးဆိုသူဟာ ပျောက်ဆုံးသွားတဲ့ ထိုင်းကလေးငယ်လေးရဲ့ အိမ်မှာ ဝင်ထွက်သွားလာနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အဆိုပါနိုင်စိုးအမည်ရှိ မြန်မာနိုင်ငံသားဟာ ဆေးကြောင်ပြီး ကလေးငယ်ကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲ့တဲန်းမြို့နယ် အင်ထခင်ကျေးရွာအုပ်စု ၊ ဟွေ့ဖတ်ဒတ် ၊ ရပ်ကွက်( ၁၆)အနီးရှိတောတော င်ထဲသို့ သွားရောက်စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါနိုင်စိုးဆိုသူကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ပျောက်ဆုံးသွားတဲ့ (၂)နှစ်အ ရွယ် ကလေးငယ်လေးကို ရှာတွေ့နိုင်ဖို့အ တွက် ကယ်ဆယ်ရေးသမားတွေက အသည်းအ သန်ရှာဖွေခဲ့ကြပါတယ်။

ကယ်ဆယ်ရေးသမားတွေက ကြိုးကြိုးစားစားရှာဖွေခဲ့ပြီးနော က် ရွာနဲ့မလှမ်းမကမ်းရှိ တောင်ပေါ်မှ ဂူအဝရှေ့ တဲလေးပေါ်မှာ ပျောက်ဆုံးနေတဲ့ ကလေးငယ်လေးကို ယနေ့မှာ ဘေးကင်းကင်းနဲ့ ရှာတွေ့ခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက အဆိုပါထိုင်းက လေးငယ်လေးကို တောင်ပေါ်က ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရပါတယ် ။

( ၆၂)နာရီကြာပျောက်ဆုံးနေပြီး ဘာမှမစားသောက်ရတာကြောင့် အဆိုပါထိုင်းကလေးငယ်ကို ရှာတွေ့ချိန်မှာ အင်အားကုန်ခမ်းနေတာကို ကယ်ဆယ်ရေးသမားတွေက မြင်တွေ့ခဲ့ရပါတယ်။

အသက်(၂)နှစ်အရွယ်ရှိ အဆိုပါကလေးငယ်လေးကို မဲ့တဲန်းဆေးရုံသို့ ပို့ဆောင်ကြမှာဖြစ်ကြောင်း သိရပါတယ်။ ယခုဖြစ် ရပ်လေးကို သင်ခန်းစာယူပြီး ။

ပြည်သူတွေအနေနဲ့ မိသားစုဝင်တွေမှအပ တစ်ခြားလူတွေကို မယုံကြည်ကြဖို့၊ မိမိရဲ့ ရင်သွေးငယ်ကို မျက်စိအောက်ကနေ အ ပျောက်မခံဘဲ သေချာစောင့်ရှောက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
#Credit Original Writer

ပြီးခဲ့တဲ့ ရက်ပိုင်းက အသက်(၂)နှစ်အရွယ်ရှိ ထိုင်းကလေးငယ်တစ်ဦးဟာ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ပါတယ်။

အသက်(၄၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံသား နိုင်စိုးဆိုသူဟာ ပျောက်ဆုံးသွားတဲ့ ထိုင်းကလေးငယ်လေးရဲ့ အိမ်မှာ ဝင်ထွက်သွားလာနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အဆိုပါနိုင်စိုးအမည်ရှိ မြန်မာနိုင်ငံသားဟာ ဆေးကြောင်ပြီး ကလေးငယ်ကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲ့တဲန်းမြို့နယ် အင်ထခင်ကျေးရွာအုပ်စု ၊ ဟွေ့ဖတ်ဒတ် ၊ ရပ်ကွက်( ၁၆)အနီးရှိတောတောင်ထဲသို့ သွားရောက်စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါနိုင်စိုးဆိုသူကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ပျောက်ဆုံးသွားတဲ့ (၂)နှစ်အရွယ် ကလေးငယ်လေးကို ရှာတွေ့နိုင်ဖို့အတွက် ကယ်ဆယ်ရေးသမားတွေက အသည်းအသန်ရှာဖွေခဲ့ကြပါတယ်။

ကယ်ဆယ်ရေးသမားတွေက ကြိုးကြိုးစားစားရှာဖွေခဲ့ပြီးနောက် ရွာနဲ့မလှမ်းမကမ်းရှိ တောင်ပေါ်မှ ဂူအဝရှေ့ တဲလေးပေါ်မှာ ပျောက်ဆုံးနေတဲ့ ကလေးငယ်လေးကို ယနေ့မှာ ဘေးကင်းကင်းနဲ့ ရှာတွေ့ခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက အဆိုပါထိုင်းက လေးငယ်လေးကို တောင်ပေါ်က ခေါ်ဆောင်သွားပြီဖြစ် ကြောင်း သိရပါတယ် ။