News

ရိုးရိုးသားသားရှာဖွေစုဆောင်းထားတဲ့ထဲမှ ငွေကျပ် သိန်း (၁၀၀၀)တိတိကို ပါမောက္ခချုပ်ဆရာတော်ဘုရားထံမှာရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ မိသားစု

ရိုးရိုးသားသားရှာဖွေစုဆောင်းထားတဲ့ထဲမှ ငွေကျပ် သိန်း (၁၀၀၀)တိတိကို ပါမောက္ခချုပ်ဆရာတော်ဘုရားထံမှာရက် ရက်ရောရောလှူဒါန်းခဲ့တဲ့ မိသားစု

မြန်မာပြည်သူလူထုကတော့ အလှူအတန်းရက်ရောပြီး စိတ် သဘောထားပြည့်ဝကြလို့ ဘယ်သူ့ကိုမဆို စေတနာအပြည့်နဲ့ ကူညီပေးတတ်ကြတာဖြစ်ပါတယ်။

ကိုဗစ်ပထမလှိုင်းကတည်းက ကြပ်တည်းလာတဲ့ပြည်သူတွေရဲ့စီးပွါးရေးကလည်း အခုချိန်ထိ ပြန်လည်ဦးမမော့နိုင်သေးတာဖြစ်ပါတယ်။

သို့သော်လည်း ပြည်သူလူထုက အချင်းချင်းမျှဝေပေးရမယ်ဆိုတဲ့စိတ်နဲ့ မိမိတို့ရဲ့ချွေးနည်းစာထဲကနေ ရက်ရက်ရောရောလှူဒါ န်းနေကြတာကိုတွေ့မြင်ရပါတယ်။

နေပြည်တော်၊ချင်းရွာမှာနေထိုင်တဲ့ မိသားစုတစ်စုကလည်း ပါ မောက္ခချုပ်ဆရာတော်ကြီး သာသနာပြုနိုင်ဖို့အတွက် ငွေကျ ပ်သိန်း(၁၀၀၀)တိတိကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကလည်းနယ်လှည့်သာသ နာပြုလာတာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်လို့ ဒါယကာ၊ဒါယိကာမတွေလည်းပေါများပါတယ်။

အခုလိုမျိုး ဆရာတော်ဘုရားကို ကြည်ညိုစွာနဲ့ လှူဒါန်းခဲ့တဲ့ မိ သားစုလေးက ရိုးသားပြီးအလှူအတန်းရက်ရောတာပဲဖြစ်ပါတ ယ်။

စက်တင်ဘာလ (၄)ရက်နေ့မှာ အလှူရှင်မိသားစုက ငွေပဒေ သာပင် သိန်း(၁၀၀၀)ကို ပြင်ဦးလွင်၊ဓမ္မသဟာယစင်တာကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ရိုးရိုးသားသားရှာဖွေစုဆောင်းထားတဲ့ ချွေးနည်းစာထဲမှ သဒ္ ဓါတရားထက်သန်စွာလှူဒါန်းခဲ့တာကြောင့် ပြည်သူလူထုကလည်း အလှူရှင်တွေရဲ့ကုသိုလ်ကို သာဓုခေါ်နေကြတာဖြစ်ပါတယ်။

နောက်ထပ်လည်း သိန်းပေါင်းများစွာလှူဒါန်းနိုင်ပြီး သာသနာအကျိုးပြုနိုင်ပါစေလို့ ဆုတောင်းရင်း အလှူရှင်တွေရဲ့ပုံရိပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd#original writer

zawgyi








ရိုးရိုးသားသားရှာဖွေစုဆောင်းထားတဲ့ ချွေးနည်းစာထဲမှ သဒ် ဓါတရားထက်သန်စွာလှူဒါန်းခဲ့တာကြောင့် ပြည်သူလူထုကလည်း အလှူရှင်တွေရဲ့ကုသိုလ်ကို သာဓုခေါ်နေကြတာဖြစ်ပါတယ်။


crd#original writer