News

တစ္ႏိုင္ငံလုံးရွိ ဝန္ထမ္းမ်ား အလုပ္မဆင္းရန္ NUG အေရးေပၚအေျခအေန ေၾကညာ

တစ္ႏိုင္ငံလုံးရွိ ဝန္ထမ္းမ်ား အလုပ္မဆင္းရန္ NUG အေရးေပၚအေျခအေန ေၾကညာ

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ကစၿပီး စစ္ေကာင္စီက ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာကို လက္နက္အားကိုးနဲ႔ အဓမၼသိမ္းပိုက္ထား႐ုံမက ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို အၾကမ္းဖက္ အႏၲရာယ္ ျပဳေနတာေၾကာင့္ ျပည္သူေတြအေနနဲ႔ နည္းမ်ိဳးစုံနဲ႔ ခုခံတြန္းလွန္ေနၿပီး၊

အခုအခါ တရားမဝင္ စစ္အုပ္ခ်ဳပ္ေရး ယႏၲရားတစ္ခုလုံးကို အၿပီးတိုင္ဖ်က္သိမ္းဖို႔ လိုအပ္တာေၾကာင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရက ဒီကေန႔ စက္တင္ဘာ ၇ ရက္က စတင္ၿပီး ႏိုင္ငံေတာ္ကို အေရးေပၚအေျခအေနအျဖစ္ ေၾကညာလိုက္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ စစ္ေကာင္စီ လက္ေအာက္မွာရွိတဲ့ အရပ္ဘက္ ႐ုံးဌာနအားလုံးကို ဒီကေန႔ကစၿပီး ရက္အကန႔္အသတ္မရွိ အလုပ္ပိတ္ရက္အျဖစ္ သတ္မွတ္ေၾကာင္းနဲ႔ အလုပ္ဆင္းရန္ မလိုအပ္ေၾကာင္း NUG ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္း လက္မွတ္ထိုး ထုတ္ျပန္တဲ့ အမိန႔္ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

unicode

တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ အလုပ်မဆင်းရန် NUG အရေးပေါ်အခြေအနေ ကြေညာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး စစ်ကောင်စီက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ အဓမ္မသိမ်းပိုက်ထားရုံမက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက် အန္တရာယ် ပြုနေတာကြောင့် ပြည်သူတွေအနေနဲ့ နည်းမျိုးစုံနဲ့ ခုခံတွန်းလှန်နေပြီး၊

အခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို အပြီးတိုင်ဖျက်သိမ်းဖို့ လိုအပ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ စက်တင်ဘာ ၇ ရက်က စတင်ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီ လက်အောက်မှာရှိတဲ့ အရပ်ဘက် ရုံးဌာနအားလုံးကို ဒီကနေ့ကစပြီး ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနဲ့ အလုပ်ဆင်းရန် မလိုအပ်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း လက်မှတ်ထိုး ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။