News

စစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာရပ်တန့်ဖို့ NUG ကြေညာ

စစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာရပ်တန့်ဖို့ NUG ကြေညာ

KNU ထိန်းချုပ်နယ်မြေမှာရှိတဲ့ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်

စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်မယ်လို့ပြောဆိုချက်တွေရှိနေပေမယ့် လက်ရှိမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အင်အားအများအပြားနဲ့ထိုးစစ်ဆင်နေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၅ရက်နေ့ကထုတ်ပြန်ပြောဆိုပါတယ်။

ဒီလိုထိုးစစ်ဆင်မှုတွေကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကြပ်အတည်း (humanitarian crisis) တွေကို ဖြစ်ပေါ်လာစေနိုင်ပြီး သန်းနဲ့ချီတဲ့ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးရတဲ့အခြေအနေတွေဖြစ်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီရဲ့ထိုးစစ်တွေနဲ့ပတ်သက်တဲ့ ကြေညာချက်မှာ ဖော်ပြလာပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့တိုင်းရင်းသားဒေသတွေကိုထိုးစစ်ဆင်တဲ့နေရာမှာ မြေပြင်ထိုးစစ်များသာမက လေကြောင်း တိုက်ခိုက်မှုတွေကိုပါလုပ်ဆောင်နေတာကြောင့် တိုင်းရင်းသားဒေသအသီးသီးမှာရှိတဲ့ အရပ်သားပြည်သူတွေအနေနဲ့နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒီလိုလုပ်ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ကန့်ကွက်ကြောင်း နဲ့အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်ဖို့အထောက်အကူပြုစေတဲ့ စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့ ပူးပေါင်းဆောင်ရွက်တဲ့ အစိုးရ၊ အဖွဲ့အစည်းတွေကိုကန့်ကွက်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဓာတ်ပုံ – Salween Press ၊ ပုံစာ-ကရင်ပြည်နယ်ဖာပွန်ခရိုင်က စစ်ဘေးရှောင်ရွာသားများ (ပုံဟောင်း)

ခရက်ဒစ် – ဘီဘီစီ

———–

စစ္ေကာင္စီက တိုင္းရင္းသားေဒသေတြမွာ ထိုးစစ္ဆင္ေနတာရပ္တန႔္ဖို႔ NUG ေၾကညာ

KNU ထိန္းခ်ဳပ္နယ္ေျမမွာရွိတဲ့႐ြာသားေတြ စစ္ေဘးတိမ္းေရွာင္ေနရဆဲျဖစ္

စစ္ေကာင္စီအေနနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ေဆာင္႐ြက္မယ္လို႔ေျပာဆိုခ်က္ေတြရွိေနေပမယ့္ လက္ရွိမွာေတာ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ ထိန္းခ်ဳပ္နယ္ေျမေတြမွာ အင္အားအမ်ားအျပားနဲ႔ထိုးစစ္ဆင္ေနတယ္လို႔ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ NUG က စက္တင္ဘာ ၅ရက္ေန႔ကထုတ္ျပန္ေျပာဆိုပါတယ္။

ဒီလိုထိုးစစ္ဆင္မႈေတြေၾကာင့္ လူသားခ်င္း စာနာမႈဆိုင္ရာ အၾကပ္အတည္း (humanitarian crisis) ေတြကို ျဖစ္ေပၚလာေစႏိုင္ၿပီး သန္းနဲ႔ခ်ီတဲ့ျပည္သူေတြ ေနရပ္စြန႔္ခြာထြက္ေျပးရတဲ့အေျခအေနေတြျဖစ္လာႏိုင္တယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က စစ္ေကာင္စီရဲ႕ထိုးစစ္ေတြနဲ႔ပတ္သက္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပလာပါတယ္။

ဒါ့အျပင္ စစ္ေကာင္စီအေနနဲ႔တိုင္းရင္းသားေဒသေတြကိုထိုးစစ္ဆင္တဲ့ေနရာမွာ ေျမျပင္ထိုးစစ္မ်ားသာမက ေလေၾကာင္း တိုက္ခိုက္မႈေတြကိုပါလုပ္ေဆာင္ေနတာေၾကာင့္ တိုင္းရင္းသားေဒသအသီးသီးမွာရွိတဲ့ အရပ္သားျပည္သူေတြအေနနဲ႔ေနရပ္စြန႔္ခြာထြက္ေျပးေနရတယ္လို႔ NUG ရဲ႕ထုတ္ျပန္ခ်က္ကဆိုပါတယ္။

ဒီလိုလုပ္ရပ္ေတြကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG အေနနဲ႔ကန႔္ကြက္ေၾကာင္း နဲ႔အရပ္သားျပည္သူေတြကိုပစ္မွတ္ထားတိုက္ခိုက္ဖို႔အေထာက္အကူျပဳေစတဲ့ စစ္လက္နက္ပစၥည္းေတြဝယ္ယူဖို႔ ပူးေပါင္းေဆာင္႐ြက္တဲ့ အစိုးရ၊ အဖြဲ႕အစည္းေတြကိုကန႔္ကြက္တယ္လို႔ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ဓာတ္ပုံ – Salween Press ၊ ပုံစာ-ကရင္ျပည္နယ္ဖာပြန္ခ႐ိုင္က စစ္ေဘးေရွာင္႐ြာသားမ်ား (ပုံေဟာင္း)

ခရက္ဒစ္ – ဘီဘီစီ