News

ပြည်သူရဲ့ အမုန်းကို နောက်ထပ်တစ်နည်းနဲ့ နှုတ်ပိတ်ဖို့ ကြိုးစားနေခြင်းလားဆိုပြီးပြောလိုက်တဲ့ပန်ဆယ်လို

By ပန်ဆယ်လို၊ မြန်မာစစ်တပ်ဟာ အသွေးထဲ အသားထဲကကို ပြည်သူအပေါ် စော က်ကျင့်ဆိုးခဲ့တာ။ ကြားကာလဒီမိုကရေစီအပြောင်းအလဲဆိုတဲ့ရွှေရည် စိမ် ကာလမှာ ပြည်သူတွေက စစ်တပ်ကို မုန်းခဲ့ကြလို့လား။ အပေါ်ပိုင်းကကောင်တွေ မကောင်းတာပါ။ အောက်ခြေစစ်သားတွေဘဝက သနားစရာပါလို့ မြင်ပေးခဲ့ကြတာပဲ မဟုတ်လား

Feb 1 ရက်နေ့မတိုင်ခင်က စစ်သားကို စခလို့ ခေါ်တဲ့ကောင်ကို ဝိုင်းဆဲပေးတာပဲ။ အောက်ခြေစစ်သားတွေ သေတော့ ပြည်သူတွေက မကြေကွဲပေးခဲ့ကြလို့လား။ တိုက်ပွဲမှာကျရင် အခုအချိန်လို ဝမ်းသာပြခဲ့ကြတာမျိုး ရှိခဲ့လား။ Feb 1 နောက်ပိုင်းတောင် ရဲနဲ့စစ်သား ဘယ်သူ့သားလဲ၊ ပြည်သူ့သား ပြည်သူ့သားဆိုပြီးစည်းရုံးခဲ့ကြတာ မဟုတ်ဘူးလား

တိုင်းပြည်ကို အညွန့်ချိုးတယ်။ အာဏာလုတယ်။ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုတယ်။ နေဝင်းခေတ်၊ သန်းရွှေခေတ်က ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ သန္ဓေယုတ်မှုကို သိလျက်နဲ့ ကြားကာလအပြောင်းအလဲ ဆယ်နှစ်တာကာလမှာ အကောင်းမြင်ပေးခဲ့ နားလည်ပေးခဲ့ကြတဲ့ ပြည်သူကို ပစ်ဆိုတော့လည်း ပစ်ခဲ့ကြတာပါပဲ။ ပြည်သူကိုပစ်ခိုင်းတဲ့ အမိန့်ဆီ ဘယ်ပြောင်းဝမှ ပြန်မလှည့်ရဲခဲ့ကြဘူး။ ပစ်ဆိုတော့ပစ်တယ်၊ သတ်ဆိုတော့ သတ်တယ်

အာဏာရှင်ဘက်ကို ပြောင်းလှည့်ရင် ဒီပွဲအမြန်ပြတ်တယ်။ ပြည်သူ့ဘက်ကို ပါသူများရင် ဒီပွဲ အမြန်ပြတ်တယ်။ အခုအချိန်ထိ CDM လုပ်လာတဲ့ စစ်သား၊ရဲသားတွေကို ပြည်သူက ကြိုဆိုနေကြဆဲပဲ။ ဒါပေမယ့် ပြည်သူဘက်ရပ်တဲ့ ရာခိုင်နှုန်းနည်းလို့ အခုလို တိုင်းပြည်နာနေရဆဲပဲ

အခု ပြည်သူက နာကျည်းပြီ။ ပြည်သူကလည်း ရန်/ငါ ပြတ်ပြီ။ ဒီလိုဖြစ်အောင် စစ်တပ်ကပဲ ဖန်တီးခဲ့တာ။ အာဏာရူးတွေပေးတဲ့အမိန့်ကို လိုက်နာကြတဲ့စစ်သားတွေကပဲ ဖန်တီးခဲ့တာ။ ဒီစစ်တပ်နဲ့ ဒီပြည်သူဟာ ယှဉ်တွဲနေထိုင်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိတရားကို စစ်တပ်ကပဲ စက္ကန့်တိုင်း ရိုက်သွင်းပေးနေတာ

လူပေါင်းထောင်ချီ သတ်ဖြတ်ပြီးပြီ။ လူပေါင်းသိန်းချီသန်းချီ ဘဝတွေပျက်နေပြီ။ ပြည်သူရဲ့ နာကျည်းစိတ်၊ ပြည်သူရဲ့ နာကျည်းသံ။ ဒါကိုပါ ပိတ်ပင်ဖို့ ကြံနေတာ

ပြည်သူနဲ့ ပူးပေါင်းပါ။ ပြည်သူနဲ့ ပူးပေါင်းပါဆိုတာအပြင် ပြည်သူနဲ့ ပူးပေါင်းရင် ဘာတွေလုပ်ပေးဦးမှာပါဆိုတဲ့ မက်လုံးပေးတဲ့အထိ စည်းရုံးကြတယ်။ပူးပေါင်းလာသူတွေကို တလေးတစားဆက်ဆံပေးတယ်။ အာဏာရှင်ဘက်ရပ်နေတဲ့ စစ်သားဆိုးတွေကို ပြည်သူက မုန်းတီးတယ်။ ဘာတွေများ မှားနေလဲ

လူပေါင်းထောင်ချီသတ်ဖြတ်ထားတဲ့ သေနတ်ကိုင် အဖွဲ့အစည်းကို ပါးစပ်ပဲပါတဲ့ပြည်သူက ပါးစပ်နဲ့ ပစ်တာ နာသလား။ ဘယ်အချိန်ထိ ချော့ပြောစေချင်တာလဲ။ ဘယ်အချိန်ထိ အခွင့်ထူးခံချင်နေကြတာလဲ

သူတို့ကို စိတ်နာအောင် မပြောနဲ့တဲ့။ သေနတ်ကြီးနဲ့ ပစ်သတ်နေတဲ့ကောင်တွေက စိတ်နာချင်သေးတာလား။ ပစ်သတ်ခံရတဲ့ ပြည်သူထောင်ချီအတွက် ပြည်သူတွေက စိတ်မနာရဘူးလား လက်နက်ကိုင်ထားတဲ့ ယောက်ျားတွေ ရှိတဲ့ အဖွဲ့အစည်းမို့ပဲ။ စိတ်ကောက်ချင် အချော့ခံချင်နေဆဲ လား။ ပြည်သူစိတ်နာဖို့လည်း ထားကြပါဦး

စည်းရုံးမယ့်သူက စည်းရုံး၊ ပြည်သူရဲ့ မုန်းတီးမှုကို ပြသပြီး သိမ်ငယ်စိတ်ဝင် ရှက်တတ်လာအောင် ဖိအားပေးသူကပေး။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ကိုယ်နိုင်ရာနေရာက လုပ်ကြ။ ပန်းတိုင်က တစ်ခုတည်း မှန်ရင် ဘယ်လမ်းကသွားသွား ရောက်ဖို့လိုတာ မဟုတ်ဘူးလား

ဘာလို့ ငါလုပ်တဲ့ လမ်းကြောင်းက အမှန်၊ သူလုပ်နေတာက အမှားဆိုပြီး ကြားကပြည်သူကို ဝေဝါးအောင် ငြင်းခုံမယ့်လမ်းကြောင်း၊ သွေးကွဲမယ့်လမ်းကြောင်းပေါ် ခဏခဏဆွဲတင်နေရတာလဲ။ ဒါကရော Strategy တစ်မျိုးပဲလား

စစ်တပ်အပေါ် မုန်းတီးစိတ်ကို ဖော်ထုတ်ပြသနေသူက စည်းရုံးနေကြသူတွေကို နင်တို့မှားတယ် ပြောဖူးလား။ ဘာလို့ စစ်တပ်ကို စည်းရုံးနေတယ်ဆိုသူကချည်း ပြည်သူချင်း သွေးကွဲမယ့်စကားတွေ ခဏခဏပြောနေရတာလဲ နားမလည်နိုင်ဘူး

စစ်တပ်ဟာ စစ်တပ်မကောင်းကြောင်း ပြည်သူတွေပြောတာ မကြိုက်ဘူး။ ဒါ့ကြောင့် အကြမ်းနည်းနဲ့ ပိတ်ပင်တယ်။ ဒါပေမယ့် ပြည်သူရဲ့ အမုန်းတရားကိုတားဆီးမရဘူး

စိတ်နာသွားရင် ကူးမလာဘဲနေလိမ့်မယ်ဆိုတဲ့ အကြောက်တရားကို ပြည်သူတွေရင်ထဲ ထည့်ပေးပြီး ပြည်သူရဲ့ အမုန်းကို နောက်ထပ်တစ်နည်းနဲ့ နှုတ်ပိတ်ဖို့ ကြိုးစားနေခြင်းလား

လက်နက်ကိုင်တော်လှန်ရေးကို ရွေးထားတဲ့လမ်းကြောင်းမှာ မုန်းတာကို မုန်းတယ်၊ နာတာကို နာတယ်ပြောဖို့တောင် စိုးရွံ့နေကြရဦးမယ် ဆိုပါတော့။ အမေထွားလား ရန်ကုန်ပဲဆီလား ကြိုရွေးထားကြလို့ တည့်တည့်ပြောရင် ပိုနားရှင်းတာပေါ့