Celebrity News

ရုတ်တရက် အောက်ဆီဂျင်တွေ ထိုးကျနေတဲ့ သရုပ်ဆောင် ဦးချစ်စရာအတွက် လိုအပ်တာများ ကိုယ်တိုင် အစအဆုံး လုပ်ဆောင်ပေးခဲ့တဲ့ ဝေဠုကျော်

ဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် ဖြစ်သလို လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။

အခုလို ကာလတွေမှာ အဆင်မပြေကြတဲ့ ပြည်သူတွေ များပြားလွန်းလို့ လိုအပ်တဲ့နေရာတွေကို သေချာ စီစစ်ပြီး တတ်နိုင်သလောက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းကာ အစွမ်းကုန် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာလည်း လူနာတွေအတွက် အောက်ဆီဂျင်အိုးများ လှူဒါန်းကာကူညီပေးလျက်ရှိပါတယ် ။

ဒါ့အပြင် ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ လူနာတွေရဲ့ ကိစ္စဝဝအပြင် သေဆုံးသူတွေရဲ့ ရုပ် အလောင်းတွေကိုလည်း သူကိုယ်တိုင် PPE ဝတ်ပြီး စနစ်တကျ သယ်ယူကာ နေ့ရော ညရော ကူညီပေးနေတာကြောင့် ပရိသတ်တွေက လေးစားအားကျနေရတာပါ ။

အခုလည်း ကိုဗစ်ရောဂါ ခံစားနေရပြီး အောက်ဆီဂျင်တွေ ထိုးကျနေတဲ့ သရုပ်ဆောင် ဦးချစ်စရာကို အောက်ဆီဂျင် 50 L လေအပြည့်အိုးတစ်လုံးကို ကိုယ်တိုင် သွားရောက်ကာ ကူညီပို့ဆောင်ပေးခဲ့ပါတယ် ။

ဒါ့အပြင် ဦးချစ်စရာ အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ကိုလည်း ဆုတောင်းထားပေးရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Wai Lu Kyaw 

-Zawgyi Font ဖြင့်ဖတ်ရန် – 

ရုတ်တရက် အောက်ဆီဂျင်တွေ ထိုးကျနေတဲ့ သရုပ်ဆောင် ဦးချစ်စရာအတွက် လိုအပ်တာများ ကိုယ်တိုင် အစအဆုံး လုပ်ဆောင်ပေးခဲ့တဲ့ ဝေဠုကျော်

အမြန်သက်သာပါစေဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် ဖြစ်သလို လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။