News
CDMဝန်ထမ်းများ နေရပ်ပြန်လာပါက အရေ.းမယူကြောင်း အသိပေးစာလိုက်ဝေ
ယူနီကုဒ်ဖြင့် ဖတ်ရန်
CDMဝန်ထမ်းများ နေရပ်ပြန်လာလျှင် အရေ.းမယူကြောင်းအသိပေးစာလိုက်ဝေ။ အကြ.မ်းဖက်မှု က.ျူးလ.ွန်ခဲ့ခြင်းမရှိသည့် CDMဝန်ထမ်းများအနေဖြင့် မိမိနေရပ်ကို ပြန်လာလျှင် ဥပဒေအရ
အရေ.းယူမည်မဟုတ်ကြောင်း အသိပေးစာကို ပုလောမြို့တွင် စ.စ်ကောင်စီလက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးမှူးများက လိုက်ဝေ‌နေကြောင်း သိရသည်။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ CDMပြုလုပ်နေသော ဌာနဆိုင်ရာဝန်ထမ်းများ၊ အကြောင်းအမျိုးမျိုးကြောင့်
နေရာအသီးသီးသို့ရောက်ရှိနေသော အရပ်သားပြည်သူများအနေဖြင့် လူသ.တ်မှု၊ မီ.းရှု.ိ့ဖျ.က်ဆီ.းမှု၊ အကြ.မ်းဖက်မှုများ က.ျူးလ.ွန်ခဲ့ခြင်းမရှိပါက မိမိနေရပ်သို့ ပြန်လည်လာရောက်နိုင်ပြီး ဥပဒေအရ အရေ.းယူမှု ပြုလုပ်သွားမည်မဟုတ်ဟု ယင်းစာတွင် ပါရှိသည်။
စက်တင်ဘာ၂ရက်က ယင်းစာကို ပုလောမြို့နယ်အတွင်းရှိ လူစည်ကားရာ ဈေးထိပ်တွင် လိုက်ဝေခဲ့ခြင်းဖြစ်ပြီး သတင်းပို့ဆက်သွယ်ရမည့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ပုလောစခန်းမှူး၊ ပုလောနယ်ထိန်း၊ ပလောက်စခန်းမှူး၊ ပလရဲကင်းစခန်းမှူးများ၏ ဖုန်းနံပတ်များကိုလည်း
ထည့်သွင်းဖော်ပြထားသည်။ စ.စ်အာဏာသ.ိမ်းမှုကိုဆ.န့်ကျ.င်ပြီး အကြ.မ်းမဖက် အာဏာဖ.ီဆ.န်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများသည် စ.စ်ကောင်စီတပ်များ၏ ဖ.မ်းဆီ.းခြ.ိမ်းခြေ.ာက်မှုများကြောင့် ထ.ွက်ပြေးတ.ိမ်းေ.ရှာင်နေခဲ့ကြရခြင်းဖြစ်သည်။
NUGအစိုးရကစုဆောင်းထားသည့် စာရင်းများအရ CDMဝန်ထမ်းဦးရေ ၄၁၀,၀၀၀ခန့်ရှိကြောင်း NUGအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဘီဘီစီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ လေးစားစွာဖြင့် ခရက်ဒစ်