News

ကိုယ့်အတွက် ကိုယ်ကြည့်ပြီး တဒင်္ဂ စိတ်နဲ့တုံ့ပြန်မိခဲ့အတွက် နောင်တရမိကြောင်း တောင်းပန်စာရေးသာလာတဲ့ ပိုးအိအိခန့်

မင်းသမီးလေး ပိုးအိအိခန့်ကတော့ ဘောလုံးသမားအောင်သူနဲ့ အိမ်ထောင် ကျပြီးနောက်ပိုင်းမှာတော့ သားလေးတစ်ယောက်နဲ့အတူ ပျော်ရွင်တဲ့အိမ် ထောင်ရေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်နော ခုချိန်မှာတော့ သူမမိသားစုနဲ့အတူ ဘန်ကောက်မြို့တွင် အခြေချနေထိုင်နေပါတယ်နော်။

ဘန်ကောက်ကို မပြောင်းရွေ့မီ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ်အတွင်းမှာ အထည်တွေ ရောင်းချခြင်းဖြင့်တစ်ဖက်တစ်လမ်းကနေ စီးပွားရှာခဲ့ပါတယ်နော်။ အနေအေးတယ်လို့ ထင်ရပေမယ့် သူ့ကိုစော်ကားလာရင်တော့လုံးဝသည်းမခံဘဲ ပြန်ဖြေရှင်းတတ်သူတစ်ယောက်ပါနော်။ ဈေးရောင်းခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့အမှတ်တရဖြစ်စဉ်လေးတွေကို ပိုးအိအိခန့်မှ ပြန်ပြီး ရေးသားပြောပြလာခဲ့ပါတယ်နော်။ ”

“အမှားထဲက နောင်တ”တကယ်တော့ လူနှစ်ယောက် ပြဿနာတက် အချင်းများတယ်ဆိုတာက ကိုယ့်ဘက်ကိုပဲ ကိုယ်ကြည့်ပြီး သူ့ဘက်သူ့နေရာကို ဝင်မကြည့်တဲ့ အခါမျိုးတွေမှာ စကားများတတ်ပါတယ်ပြောရမယ်ဆိုကိုယ့်ဘက်က ကြည့် လက်ဖမိုး သူ့ဘက်ကကြည့်

လက်ဖဝါး ဆိုသလိုပေါ့ကျွန်မ live sale တွေ စရောင်းစဉ်အခါကပေါ့ ကျွန်မ customer တစ်ဦးနဲ့ စကားလေးအဆင်မပြေဖြစ်ခဲ့ဖူးတယ် (စာရိုက်ပြီးပဲဖြစ်တာပါ)ကျွန်မ အကျင့်က ကိစ္စတစ်ခု ရှိပြီဆို ဒီအလုပ်ကိစ္စကို ပြီးပြတ်အောင်လုပ်ပြီးမှ စားဝင်အိပ်ပျော်တယ်

စာကျက်ရင်လည်း တစ်ပုဒ်လုံးရမှ အဲ့လိုမျိုးပေါ့အဲ့တုန်းကလည်း ကျွန်မ က တစ်နေ့ ရောင်းလို့ရသမျှ အော်ဒါတွေ အကုန်ကို တစ်ညထဲနဲ့ အပြီး သတ် စာရင်း လုပ်ချင်တယ် ညစာရင်းလုပ် မနက်ကို အော်ဒါ တင်တာတင် deli အပ်စရာရှိတာအပ်ပေါ့အော်ဒါတွေက အရမ်းများ လူကလည်း စလုပ်ခါစကလည်းဖြစ်တော့ ညတွေ မအိပ် မနက်လင်းအားကြီး ၄ / ၅ နာရီလောက်မှ အိပ် မနက်ဆို နေ့လည် ၁၂ လောက်မှ ထ အဲ့လိုမျိုး လုပ်ခဲ့တာပေါ့

တစ်ရက်ကျတော့ customer တစ်ဦးက ကျွန်မဆီက အထည်တွေ အများကြီးအားပေးတယ် သောင်းဂဏန်းရောင်းတဲ့အထည်ကို သိန်းချီဖိုးအား ပေးတယ် အဲ့တော့ သူငွေကြိုလွှဲဖို့လိုရောလိုတော့ သူက မနက်စောစော ငွေ လွှဲလိုက်တယ် ထင်ပါတယ် ကျွန်မကို ဖုန်းတွေ ဆက်ပါလေရော…. မကိုင်မချင်းဆက်တာ

ကျွန်မ အကျင့်ကလည်း လိုင်းမပိတ်တဲ့အကျင့်(ခုတော့လိုင်းပိတ်အိပ်နေပြီ)ဖုန်းကို ခေါင်းနားထားအိပ်တဲ့အကျင့်(ထားတုန်းပဲ ဖုန်းတော့)သူက တဂွမ်ဂွမ်ဆက် ကိုယ်က ညက မအိပ် မိုးလင်းမှ အိပ်ရ နဲ့ ဆက်တိုက် ဆက်တို က် ဆက်ပါများတော့(မနက်၈နာရီလောက်ကနေ ၁၁ နာရီလောက်ထိ) မအိပ်ရတဲ့စိတ်နဲ့ တဒင်္ဂ ဒေါသက စပါလေရော

ဖုန်းကိုင်ပြီး ဘယ်သူဒီလောက်ဆက်နေလဲ ကြည့်တော့ ငွေလွှဲထားတာ ဝင်လား စစ်ပေးပါတဲ့ ကျွန်မလည်း လူကပုတော့ စိတ်ကလည်းသိတယ်မလား အမရယ်လို့ ကျွန်မက blue mark ကြီးနဲ့ ရောင်းနေတာပါလို့ အမငွေ ကို ကျွန်မ လိုင်းသုံးတာနဲ့စစ်ပြီး အကြောင်းပြန်ထားမှာပေါ့လို့တစ်ဖက်က

လည်း ကျွန်မကလည်း ကျွန်မငွေလွှဲထားတာလေတဲ့ ဝင်မဝင် သိချင်တယ်တဲ့ စသဖြင့် အနည်းငယ်လောက် စကားလေးတွေ အဆင်မပြေ့တပြေပြောကြတယ် နောက်ဆုံး customer right မို့ ကျွန်မကပဲ စကားလုံးလေးတွေ ချိုတဲ့ဘက်ပြောင်းပြီး ရပ်လိုက်ရတယ်

တကယ့်တကယ် ပြန်စဉ်းစားကြည့်တော့ သူမှန်တယ် ။ ကျွန်မ ညမအိပ် ဘဲ အလုပ်လုပ်နေတာ သူမသိဘူး သူ့ကိစ္စလည်းမဟုတ်ဘူး သူ့ကိစ္စက သူ့ငွေ သူတန်ဖိုးထားတဲ့ငွေကို ဘာပစ္စည်းမှလက်မခံရသေးဘဲ

ကြိုလွှဲရတာ ဝင်ကြောင်း သက်သေလိုချင်တယ် ဖြစ်သင့်တယ်ကိုယ့်အတွ က် ၁ သိန်း ၂ သိန်းက တန်ဖိုးရှိချင်လည်းရှိမယ် ရှိချင်မှလည်းရှိမယ်ဆိုပေမယ့်

တစ်ဖက်လူအတွက်တန်ဖိုး အရမ်းရှိနေနိုင်တယ်ဒါကို တစ်ဖက်လူရဲ့နေရာကို မကြည့်ဘဲ ငါညကမအိပ်ရဘူး မနက်မှ

အိပ်ရတာကို ဘာလို့ဒီလောက်ဖုန်းဆက်နေတာလဲ မသိဘူးနဲ့ ကိုယ့်အတွက် ကိုယ်ကြည့်ပြီး တဒင်္ဂ စိတ်နဲ့တုံ့ပြန်မိခဲ့တာ ပြန်တွေးကြည့်တော့ ကျွန်မ မှားတယ်

နောက်နောင်လည်း အမြဲ သူ့ဖက် ကိုယ့်ဖက် ကြည့်ပြီး တဒင်္ဂ ဒေါသကို မထွက်ဘဲ နေနိုင်အောင် သတိထားရမယ်အဲ့တုန်းက

ဖြစ်ခဲ့တဲ့အမ ဘယ်သူလည်းတော့ မမှတ်မိတော့ပေမယ့် အမက ဒီစာလေးဖတ်မိလို့ မှတ်မိရင် ညီမကပဲတောင်းပန်ပါတယ် နော် Peace နော်အမနောက်ဈေးရောင်းလည်း

အားပေးနော်ဘာရောင်းရမလဲတော့ မသိသေးဘူး P.S ပုံက မျက်နှာငယ်လေးနဲ့တောင်းပန်နေတာပေါ့ ” လို့ ရေးထားပါတယ် ပရိသတ်ကြီးရေ…

Source: Poe Ei Ei Khant

Credit

Unicode

ကိုယ့်အတွက် ကိုယ်ကြည့်ပြီး တဒင်္ဂ စိတ်နဲ့တုံ့ပြန်မိခဲ့အတွက် နောင်တရမိကြောင်း တောင်းပန်စာရေးသာလာတဲ့ ပိုးအိအိခန့်..

မင်းသမီးလေး ပိုးအိအိခန့်ကတော့ ဘောလုံးသမားအောင်သူနဲ့ အိမ်ထောင် ကျပြီးနောက်ပိုင်းမှာတော့ သားလေးတစ်ယောက်နဲ့အတူ ပျော်ရွင်တဲ့အိမ် ထောင်ရေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်နော ခုချိန်မှာတော့ သူမမိသားစုနဲ့အတူ ဘန်ကောက်မြို့တွင် အခြေချနေထိုင်နေပါတယ်နော်။

ဘန်ကောက်ကို မပြောင်းရွေ့မီ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ်အတွင်းမှာ အထည်တွေ ရောင်းချခြင်းဖြင့်တစ်ဖက်တစ်လမ်းကနေ စီးပွားရှာခဲ့ပါတယ်နော်။ အနေအေးတယ်လို့ ထင်ရ

Source: Poe Ei Ei Khant