News

ရိကၡာရွာဖို႔ ၿမိဳ႕ေပၚတက္လာခ်ိန္မွာ စစ္ေဆးေရးအဖြဲ႕နဲ႔ ပက္ပင္းတိုးခဲ့ရေပမယ့္ ဗိုလ္ႀကီးတစ္ဦးေၾကာင့္ လြတ္ေျမာက္သြားခဲ့တဲ့ PDF လူငယ္တစ္ဦးရဲ႕ျဖစ္ရပ္

အာဏာသိမ္းကာလ (၇)လနီးပါးၾကာျမင့္လာတဲ့အခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံမွာ ေျပာင္းလဲမႈေတြမ်ားစြာ ျဖစ္ေပၚခဲ့ရၿပီ ျဖစ္ပါတယ္ ။ တိုင္းျပည္ရဲ႕အနာဂတ္ မ်ိဳးဆက္သစ္ေလးေတြျဖစ္တဲ့ လူငယ္ေတြပါ သူတို႔ရဲ႕အိပ္မက္ေတြကို

စြန္႔လႊတ္ၿပီး အာဏာရွင္တိုက္ထုတ္ေရးအတြက္ စစ္ေရးေလ့က်င့္ေနရတဲ့အေျခအေနကို ေရာက္ရွိခဲ့ရတာ ျဖစ္ပါတယ္ ။ ဒီလိုမ်ိဳးလူငယ္ေတြကိုေတာ့ အာဏာရွင္လူတစ္စုက လိုက္လံဖမ္းဆီးၿပီး အသက္အႏၲရာယ္ကိုပါ ဒုကၡေပးေနၾကတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ PDF လူငယ္ေတြအေနနဲ႔ မ်က္စိကိုဖြင့္၊နားကိုစြင့္ၿပီး အစစအရာရာ သတိထားကာ စစ္ဆင္ေရးေတြကို ေဆာင္႐ြက္ေနရတာ ျဖစ္ပါတယ္ ။ အခုလည္း PDF လူငယ္တစ္ဦးရဲ႕ ျဖစ္ရပ္မွန္တစ္ခုက လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ

အားလုံးရဲ႕စိတ္ဝင္စားမႈကို ရရွိေနတာ ေတြ႕ရပါတယ္။ ရိကၡာရွာဖို႔ ၿမိဳ႕ေပၚတက္လာတဲ့ PDF လူငယ္တစ္ဦးက စစ္ေဆးေရးအဖြဲ႕နဲ႔ ပက္ပင္းတိုးခဲ့ေပမယ့္လည္း ကံေကာင္းေထာက္မစြာ လြတ္ေျမာက္ခဲ့တဲ့ အေၾကာင္းရင္းက အားလုံးကို အံ့အားသင့္ေစခဲ့တာ ျဖစ္ပါတယ္ ။

ဘာေၾကာင့္လဲဆိုေတာ့ ဒီလူငယ္ေလးကို ဖမ္းဆီးခံရမယ့္ေဘးကေန ကယ္တင္ခဲ့တဲ့သူက စစ္ေဆးေရးအဖြဲ႕ထဲက ဗိုလ္ႀကီးတစ္ေယာက္ျဖစ္ေနတာေၾကာင့္ပဲ ျဖစ္ပါတယ္ ။ “ဗိုလ္ႀကီးတစ္ဦးက ဖုန္းကို ယူစစ္ေဆးတယ္။ ဖုန္းထဲက PDFေတြနဲ႔ ဆက္စပ္ေနတာကိုေတြ႕ၿပီး အားလုံးကို သူ႔ဟာသူ တစ္ခုခ်င္း ဖ်က္ေပးၿပီး

ေနာက္စစ္ေဆးမယ့္လူလက္ထဲ ဖုန္းကို ထည့္ေပးလိုက္တယ္။ ေနာက္လူက ထပ္စစ္ေဆးတယ္။ ဘာမွမက်န္ေတာ့ဘူး။ ရွာေဖြေထာက္ပို႔အဖြဲ႕ဝင္ လြတ္သြားတယ္” လို႔ ေရးသားထားတာ ေတြ႕ရပါတယ္။ ဒီလိုမ်ိဳး ျပည္သူ႔ရဲေဘာ္ေတြနဲ႔ ျပည္သူေတြကို ကာကြယ္ေပးခ်င္စိတ္ရွိတဲ့ တပ္မေတာ္စစ္သည္သားေကာင္းေတြ ရွိေနတယ္ဆိုေပမယ့္လည္း PDF လူငယ္ေတြအေနနဲ႔ သတိထားလႈပ္ရွားၾကဖို႔အတြက္ ဒီစာကိုေရးသားခဲ့သူက အႀကံေပးထားပါေသးတယ္။

Unicode

ရိက္ခာရှာဖို့ မြို့ပေါ်တက်လာချိန်မှာ စစ်ဆေးရေးအဖွဲ့နဲ့ ပက်ပင်းတိုးခဲ့ရပေမယ့် ဗိုလ်ကြီးတစ်ဦးကြောင့် လွတ်မြောက်သွားခဲ့တဲ့ PDF လူငယ်တစ်ဦးရဲ့ဖြစ်ရပ်

အာဏာသိမ်းကာလ (၇)လနီးပါးကြာမြင့်လာတဲ့အချိန်မှာတော့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေများစွာ ဖြစ်ပေါ်ခဲ့ရပြီ ဖြစ်ပါတယ် ။ တိုင်းပြည်ရဲ့အနာဂတ် မျိုးဆက်သစ်လေးတွေဖြစ်တဲ့ လူငယ်တွေပါ သူတို့ရဲ့အိပ်မက်တွေကို

စွန့်လွှတ်ပြီး အာဏာရှင်တိုက်ထုတ်ရေးအတွက် စစ်ရေးလေ့ကျင့်နေရတဲ့အခြေအနေကို ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ် ။ ဒီလိုမျိုးလူငယ်တွေကိုတော့ အာဏာရှင်လူတစ်စုက လိုက်လံဖမ်းဆီးပြီး အသက်အန္တရာယ်ကိုပါ ဒုက္ခပေးနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် PDF လူငယ်တွေအနေနဲ့ မျက်စိကိုဖွင့်၊နားကိုစွင့်ပြီး အစစအရာရာ သတိထားကာ စစ်ဆင်ရေးတွေကို ဆောင်ရွက်နေရတာ ဖြစ်ပါတယ် ။ အခုလည်း PDF လူငယ်တစ်ဦးရဲ့ ဖြစ်ရပ်မှန်တစ်ခုက လူမှုကွန်ယက်စာမျက်နှာထက်မှာ

အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိနေတာ တွေ့ရပါတယ်။ ရိက္ခာရှာဖို့ မြို့ပေါ်တက်လာတဲ့ PDF လူငယ်တစ်ဦးက စစ်ဆေးရေးအဖွဲ့နဲ့ ပက်ပင်းတိုးခဲ့ပေမယ့်လည်း ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့တဲ့ အကြောင်းရင်းက အားလုံးကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ် ။

ဘာကြောင့်လဲဆိုတော့ ဒီလူငယ်လေးကို ဖမ်းဆီးခံရမယ့်ဘေးကနေ ကယ်တင်ခဲ့တဲ့သူက စစ်ဆေးရေးအဖွဲ့ထဲက ဗိုလ်ကြီးတစ်ယောက်ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ် ။ “ဗိုလ်ကြီးတစ်ဦးက ဖုန်းကို ယူစစ်ဆေးတယ်။ ဖုန်းထဲက PDFတွေနဲ့ ဆက်စပ်နေတာကိုတွေ့ပြီး အားလုံးကို သူ့ဟာသူ တစ်ခုချင်း ဖျက်ပေးပြီး

နောက်စစ်ဆေးမယ့်လူလက်ထဲ ဖုန်းကို ထည့်ပေးလိုက်တယ်။ နောက်လူက ထပ်စစ်ဆေးတယ်။ ဘာမှမကျန်တော့ဘူး။ ရှာဖွေထောက်ပို့အဖွဲ့ဝင် လွတ်သွားတယ်” လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဒီလိုမျိုး ပြည်သူ့ရဲဘော်တွေနဲ့ ပြည်သူတွေကို ကာကွယ်ပေးချင်စိတ်ရှိတဲ့ တပ်မတော်စစ်သည်သားကောင်းတွေ ရှိနေတယ်ဆိုပေမယ့်လည်း PDF လူငယ်တွေအနေနဲ့ သတိထားလှုပ်ရှားကြဖို့အတွက် ဒီစာကိုရေးသားခဲ့သူက အကြံပေးထားပါသေးတယ်။

Crd