Celebrity News

ချစ်ဇနီးနဲ့သားသမီးတွေက သူနဲ့အတူ ဆင်းရဲ၊ချမ်းသာမရွေးရှိပေးနိုင်ပြီး စိတ်တူကိုယ်တူအနစ်နာခံပေးနိုင်တာကိုသိခွင့်ရခဲ့တယ်ဆိုတဲ့ မင်းမော်ကွန်း

ချစ်ဇနီးနဲ့သားသမီးတွေက သူနဲ့အတူ ဆင်းရဲ၊ချမ်းသာမရွေးရှိပေးနိုင်ပြီး စိတ်တူကိုယ်တူအနစ်နာခံပေးနိုင်တာကိုသိခွင့်ရခဲ့တယ်ဆိုတဲ့ မင်းမော်ကွန်း

အကယ်ဒမီမင်းမော်ကွန်းကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက အမှန်တရားဘက်ကနေ ရဲရဲရင့်ရင့်ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အခုချိန်မှာ မိမိတို့အိမ်နဲ့ခွဲခွါလာပြီး တောတောင်ထဲမှာ အဆင်ပြေစွာရုန်းကန်နေရတာဖြစ်ပါတယ်။

မင်းမော်ကွန်းက လူချစ်လူခင်ပေါများတဲ့သူတစ် ယောက်ဖြစ်တာကြောင့် အခုချိန်မှာ သူ့ကိုကူညီပေးမယ့်သူတွေရှိနေတာတောင် အကူအညီလက်မခံခဲ့ဘဲ ကိုယ်အားကိုယ်ကိုးပြီး ကြုံလာသမျှကိုရင်ဆိုင်ဖြေရှင်းနေတာဖြစ်ပါတယ်။

မင်းမော်ကွန်းက တောတောင်ထဲမှာ မျှစ်၊မန်းကျည်းသီး၊မှို၊ငှက် ပျော၊ချဉ်ပေါင်ခင်း စတဲ့အသီးအနှံတွေစုံလင်တာကြောင့် သူတို့မိသားစုရဲ့စားဝတ်နေရေးအတွက် ဘာမှမလိုကြောင်းကိုရေး သားထားတာဖြစ်ပါတယ်။

အသားဟင်းစားချင်ရင်လည်း ငါးတွေကတော့ အခုချိန်မှာအ ရမ်းပေါလို့ ရှာရလွယ်ပြီး ရွာထဲအမဲပေါ်၊ဝက်ပေါ်ရင်လည်း အပီအပြင်စားလို့ရသေးတာဖြစ်ပါတယ်။

တချို့တွေဆိုရင် မင်းမော်ကွန်းကို ကြက်တွေလက်ဆောင်လာပေးလို့ မသတ်ရက်ဘဲ မွေးမြူထားသေးတာကြောင့် ကြက်ဥအ တွက်လည်းမပူရတာဖြစ်ပါတယ်။

အခုချိန်မှာ ဇနီးနဲ့သားသမီးတွေက သူနဲ့အတူ ဆင်းရဲ၊ချမ်းသာမရွေးအမြဲရှိပေးနိုင်ပြီး အနစ်နာခံပေးနိုင်တာကိုသိခွင့်ရခဲ့သေ းတာဖြစ်ပါတယ်။

အဝတ်အစားကောင်းကောင်းမရှိပေမယ့် နှလုံးသားလှတဲ့သူတွေနဲ့တွေ့ခဲ့ရတာကြောင့်မင်းမော်ကွန်းလည်း ရဲဘော်ရဲဘက်တွေနဲ့အတူ အသက်နဲ့ရင်းပြီး ချစ်ခင်ကြတာဖြစ်ပါတယ်။

မင်းမော်ကွန်းတို့မိသားစုလေးကတော့ တောတောင်ထဲမှာ နေ ထိုင်ရတဲ့နေ့ရက်တွေကို အကောင်းဆုံးရင်ဆိုင်ပြီး ရောင့်ရဲတင်း တိမ်စွာနေထိုင်တတ်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတ ယ်။

crd#original writer