News

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲတခု ဓားပြတိုက်ခံရ

ရန်ကုန်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲတခု ဓားပြတိုက်ခံရ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်၊ သမိုင်းမြို့ဟောင်းရှိ ကမ္ဘာ့ရတနာဘဏ်ခွဲ ကို(GTB) ယနေ့ ၁၁ နာရီဝန်းကျင်တွင် ဓားပြတိုက်ခံရကြောင်း သိရသည်။

အဆိုပါ ဘဏ်ခွဲအတွင်းသို့ သေနတ်ကိုင်ဆောင်ထားသူ ၄ ဦးက ကားဖြင့် ရောက်ရှိလာပြီး ဘဏ်ဝန်ထမ်းများကို ခြိမ်းခြောက်ကာ ကျပ်သိန်းတထောင်ကျော်ကို ယူ ဆောင်၍ ထွက်ပြေး မောင်းနှင်သွားကြောင်း သိရ​သည်။

“ဘဏ်ဓားပြတိုက်ခံရတာတော့ ဟုတ်တယ်။ အခု အဲဒီဘဏ်နားက ရပ်ကွက်တွေကို ရဲတွေနဲ့ စစ်သားတွေ လိုက်ပြီး စစ်ဆေးတာတွေ ရှာဖွေတာတွေ လုပ်နေတယ်” ဟု ထိုအနီးအနားတွင် နေထိုင်သည့် ဒေသခံတဦးက ဧရာ ဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်တွင်လည်း ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းနှင့် မလှမ်းမကမ်းတွင်ရှိသည့် ကမ္ဘာ့ရတနာဘဏ်ကို လူ ၃ ဦး တက်စီဖြင့် လာရောက်၍ ဓားပြတိုက်မှု ဖြစ်ပွားခဲ့သေးသည်။ ထို ဖြစ်စဉ်တွင် ငွေ သိန်း ၁၀၀ ကျော် ပါသွားသည်ဟု ပြောဆိုကြသည်။

GTB ဘဏ်သည် ယခင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနလက်အောက်ရှိ ဘဏ်တခုဖြစ်ပြီး သက်တမ်း ၂၅ နှစ်ခန့်ရှိပြီဖြစ်ကာ နောက်ပိုင်းတွင် ကမ္ဘာ့ရတနာဘဏ်အဖြစ် အမည်ပြောင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဘဏ်ခွဲ ၁၆၃ ဘဏ်၊ ဘဏ်ခွဲငယ် ၉ ဘဏ်၊ စုစုပေါင်းဘဏ်ခွဲ ၁၇၂ ဘဏ် ဖွင့်လှစ်ထားသည်။

Credit
Zawgyi
ရန္ကုန္ၿမိဳ႕ရွိ ကမၻာ့ရတနာဘဏ္ခြဲတခု ဓားျပတိုက္ခံရ

ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ အမွတ္ (၁) ရပ္ကြက္၊ သမိုင္းၿမိဳ႕ေဟာင္းရွိ ကမၻာ့ရတနာဘဏ္ခြဲ ကို(GTB) ယေန႔ ၁၁ နာရီဝန္းက်င္တြင္ ဓားျပတိုက္ခံရေၾကာင္း သိရသည္။

အဆိုပါ ဘဏ္ခြဲအတြင္းသို႔ ေသနတ္ကိုင္ေဆာင္ထားသူ ၄ ဦးက ကားျဖင့္ ေရာက္ရွိလာၿပီး ဘဏ္ဝန္ထမ္းမ်ားကို ၿခိမ္းေျခာက္ကာ က်ပ္သိန္းတေထာင္ေက်ာ္ကို ယူ ေဆာင္၍ ထြက္ေျပး ေမာင္းႏွင္သြားေၾကာင္း သိရ​သည္။

“ဘဏ္ဓားျပတိုက္ခံရတာေတာ့ ဟုတ္တယ္။ အခု အဲဒီဘဏ္နားက ရပ္ကြက္ေတြကို ရဲေတြနဲ႔ စစ္သားေတြ လိုက္ၿပီး စစ္ေဆးတာေတြ ရွာေဖြတာေတြ လုပ္ေနတယ္” ဟု ထိုအနီးအနားတြင္ ေနထိုင္သည့္ ေဒသခံတဦးက ဧရာ ဝတီသို႔ ေျပာသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၁၅ ရက္တြင္လည္း ရန္ကုန္၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ ရဲစခန္းႏွင့္ မလွမ္းမကမ္းတြင္ရွိသည့္ ကမၻာ့ရတနာဘဏ္ကို လူ ၃ ဦး တက္စီျဖင့္ လာေရာက္၍ ဓားျပတိုက္မႈ ျဖစ္ပြားခဲ့ေသးသည္။ ထို ျဖစ္စဥ္တြင္ ေငြ သိန္း ၁၀၀ ေက်ာ္ ပါသြားသည္ဟု ေျပာဆိုၾကသည္။

GTB ဘဏ္သည္ ယခင္ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းဝန္ႀကီးဌာနလက္ေအာက္ရွိ ဘဏ္တခုျဖစ္ၿပီး သက္တမ္း ၂၅ ႏွစ္ခန႔္ရွိၿပီျဖစ္ကာ ေနာက္ပိုင္းတြင္ ကမၻာ့ရတနာဘဏ္အျဖစ္ အမည္ေျပာင္းခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ဘဏ္ခြဲ ၁၆၃ ဘဏ္၊ ဘဏ္ခြဲငယ္ ၉ ဘဏ္၊ စုစုေပါင္းဘဏ္ခြဲ ၁၇၂ ဘဏ္ ဖြင့္လွစ္ထားသည္။