Celebrity News

နှစ်(၇၀)ကျော် အနိုင်ကျင့်၊နှိပ်စက်ခံနေရတဲ့ မြန်မာပြည်အတွက် နောက်ပြန်လှည့်မှာမဟုတ်ဘဲ ဆက် တိုက်ပွဲဝင်မယ့်အကြောင်း ဖွင့်ဟလိုက်တဲ့ ကိုပေါက်

နှစ်(၇၀)ကျော် အနိုင်ကျင့်၊နှိပ်စက်ခံနေရတဲ့ မြန်မာပြည်အတွ က် နောက်ပြန်လှည့်မှာမဟုတ်ဘဲ ဆက် တိုက်ပွဲဝင်မယ့်အကြေ ာင်း ဖွင့်ဟလိုက်တဲ့ ကိုပေါက်

သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကိုပေါက်ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး နွေဦးတော်လှန်ရေးဆင်နွှဲနေတာကြောင့် ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်ပါတယ်။

ယခုမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက်က အာဏာရှင်ကို ဆက်လက်တွန်းလှန်နေသူတစ်ယေ ာက်ပဲဖြစ်ပါတယ်။

ယခုမှာတော့ ကိုပေါက်တစ်ယောက်ဟာ သက်တောင့်သက်သာရှိခဲ့တဲ့ ဘဝထက် ခက်ခဲမယ်ဆိုတာသိပေမယ့် အခုလျှောက်နေတဲ့လမ်းကနေ ဘယ်တော့မှ နောက်ပြန်လှည့်သွားမှာမဟုတ်တဲ့ အကြောင်းအရင်းကို ပြောပြလိုက်ပါတယ်။

မြန်မာနိုင်ငံကြီးကို သက်ရှိလူသားတစ်ယောက်အဖြစ် မြင်ကြည့်မယ်ဆိုရင် ရင်နာစရာအဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတာကြောင့် အရမ်းသနားစရာကောင်းကြောင်း ပြောပြလာခဲ့ပါတယ်။

နှစ်ပေါင်း(၇၀)ကျော် အနိုင်ကျင့် နှိပ်စက်တာကိုခံထားရသလို ယခုလည်းနှိပ်စက်ခံနေရတဲ့ ဒီတိုင်းပြည်ရဲ့ နာကျင်ခံစားခဲ့ရတဲ့ဝေဒနာတွေကို ပြည်သူတွေအနေနဲ့ အသက်သွေးချွေးဘဝတို့နဲ့ ရင်းပြီး ကုစားပေးရမှာ သမိုင်းပေးတာဝန်တစ်ခုဖြစ်ကြောင်း၊

ယခုလိုသမိုင်းပေးတာဝန်ကြောင့် သူလည်း အခုလျှောက်နေတဲ့ လမ်းကနေ ဘယ်တော့မှ နောက်ပြန်လှည့်သွားမှာမဟုတ်ဘဲ ဆ က်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

သမိုင်းပေးတာဝန်ကို ဘယ်သူကမှပေးတာမဟုတ်ပေမယ့် ကိုယ့်အသိစိတ်နဲ့ကိုယ် လိပ်ပြာလုံလုံနဲ့ပေးဆပ်ရင်း ကိုယ့်သမိုင်းကိုယ်ရေးကြရမှာဖြစ်ကြောင်း၊ အရင်ကသက်တောင့်သက်သာရှိခဲ့တဲ့ ဘဝတွေထက် ခက်ခဲမယ်ဆိုတာသိပေမယ့် ဆက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း၊

သိသိနဲ့ရွေးခဲ့တဲ့ တော်လှန်ရေးခရီးအတွက် ဘယ်လိုအကြောင်း အရာမျိုးကိုမှ မငြီးညူခဲ့သလို ဒီဒုက္ခထဲမှာပဲ ပျော်ရွှင်နေကြော င်း ကိုပေါက်က ပြောပြလာခဲ့ပါတယ်။

သူရင်ဆိုင်နေရတဲ့ဒုက္ခထက် တောထဲက လူငယ်လေးတွေ ရင် ဆိုင်နေရတဲ့ ဒုက္ခကပိုများတာမို့ မြန်မာပြည်အနှံ့က လူငယ်တွေ ၊တော်လှန်ရေးရဲဘော်တွေကို စာနာပေးဖို့၊ ကူညီပေးဖို့၊ ထောက် ပံ့ပေးကြဖို့ မေတ္တာပေးကြဖို့ ကိုပေါက်က တောင်းဆိုလိုက်ပါတ ယ်။

Crd original writer

Zawgyi

သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကိုပေါက်ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး နွေဉီးတော်လှန်ရေးဆင်နွှဲနေတာကြောင့် ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်ပါတယ်။







သိသိနဲ့ရွေးခဲ့တဲ့ တော်လှန်ရေးခရီးအတွက် ဘယ်လိုအေ ကြာင်း အရာမျိုးကိုမှ မငြီးညူခဲ့သလို ဒီဒုက္ခထဲမှာပဲ ပျော်ရွှင်နေကြော င်း ကိုပေါက်က ပြောပြလာခဲ့ပါတယ်။


Crd original writer