News

ကိုဗစ်ကူးစက်ခံထားရတဲ့ဖခင် သေဆုံးသွားတာကြောင့် ဆေးရုံကြမ်းပြင်လေးမှာတစ်ယောက်တည်းအိပ်နေရတဲ့ နှစ်နှစ်သားကလေးငယ်လေးရဲ့အဖြစ်

ကိုဗစ်ကူးစက်ခံထားရတဲ့ဖခင် သေဆုံးသွားတာကြောင့် ဆေးရုံကြမ်းပြင်လေးမှာတစ်ယောက်တည်းအိပ်နေရတဲ့ နှစ်နှစ်သားကလေးငယ်လေးရဲ့အဖြစ်

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာကိုဗစ်ကူးစက်ခံရသူဦးရေ တဖြည်းဖြည်းများပြားလာနေပြီး ကိုဗစ် Third waveပြ န်လည်အစပျိုးနေပြီဖြစ်ပါတယ်။ ကိုဗစ်ကူးစက်သူဦးရေတို းပွားလာတာနဲ့အမျှ သေဆုံးတဲ့သူတွေလည်းရှိလာနေတာကိုတွေ့ရပါတယ်။

 

 

မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေလည်းဆိုးဝါးလာနေပြီး ကိုဗစ် Third waveလည်းပြန်လည်အစပျိုးနေတာကြောင့် ပြည်သူတွေခမျာ ဆင်းရဲဒုက္ခတွေတစ်ခုပြီးတစ်ခုတွေ့ကြုံနေကြရတာဖြစ်ပါတယ်။

မိသားစုတွေ ကိုဗစ်ကူးစက်ခံရတာနဲ့ Quartine၀င်ရတာကြောင့် ကျန်ခဲ့ရတဲ့လူမမယ်ကလေးတွေခမျာ ကိုယ့်အားကိုယ် ကိုးကာကြိုးစားနေထိုင်နေရတဲ့အဖြစ်တွေလည်း ကြုံတွေ့နေကြရပါတယ်။

 

 

ဒီကနေ့မှာဆိုရင်လည်း နှစ်နှစ်အရွယ် ကလေးငယ်လေးရဲ့ ဖခင်ဟာကိုဗစ်ကူးစက်ခံရပြီး ဆုံးပါးသွားခဲ့ကာ မိခင်မှာလည်း Q ၀င်နေရတာကြောင့် ကလေးတစ်ယောက်တည်း ဆေးရုံကြမ် းပြင်လေးမှာ ဖြစ်သလိုလေးအိပ်နေရတာကို တွေ့ရပါတယ်။

ဒီအဖြစ်အပျက်လေးကို ပြည်သူတစ်ဦးက သူ့ရဲ့ Faceboo kစာမျက်နှာမှာ “ရင်နာလိုက်တာခလေးရယ်အသက် ၂ နှစ်အ ရွယ်ခလေးငယ်တစ်ဉီး ဖခင်ဖြစ်သူ ကိုဗစ်၁၉ ကူးစက်ခံနေရပြီ းနောက် ဒီကနေ့မှာပင်ဆုံးသွားတာကြောင့် သူ့ခမျာ ဆေးရုံတလစ် ခုရဲ့ကြမ်းပြင်မှာ အထီးကျန်စွာအိပ်နေရပါတယ်။ မိခင်ဖြ စ်သူကလဲ “ကျူ” ဝင်ထားရတယ်လို့ သိရပါတယ်။

 

 

 

ဒီဖြစ်စဉ်ဟာ ဇာတ်လမ်းတွဲတစ်ခုမဟုတ်တော့ပါဘူး၊ ခလေးငယ်တွေ ကိုဗစ်၁၉ ကူးစက်ခံရလို့ အိတ်ဆွဲပြီး တယောက်ထဲ “ကျူ”ဝင်နေရတာတွေ၊ ကုတင်ရဖို့ တောင်းတောင်းပန်ပန်နဲ့ တောင်းဆိုနေကြရတာတွေ၊

ကုတင်မရလို့သေဆုံးသူဖြစ်ပေါ်လာပြီး နောက်ဆုံးခရီးမှာ လို က်ပို့သူမဲ့ ဖြစ်နေတာတွေဟာ ဘဝတွေများစွာကို တိုက်စား၊ လူ သားတွေရဲ့ ရင်ထုကြီးတွေကိုလဲ အခါခါပြိုလဲရင်ဆိုင်နေကြရပါတယ်။

 

 

 

ဒီဖြစ်စဉ်တွေဟာ ကျနော်တို့တွေရဲ့ လက်တကမ်းမှာပင်ရှိပါတ ယ်။ ဂရုတစိုက်မှုမရှိရင် မျက်မြင်ဖြစ်နေတဲ့၊ ဘဝများစွာ ပြိုလဲနေကြတဲ့အထဲမှာ ကိုယ်ပါသွားနိုင်ပါတယ်။

ဂရုစိုက်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်…..” ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေ းလိုက်ပါတယ်နော်။

crd#original writer