News

နစက ေကာင္စီဥကၠဌ ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ ျမန္မာနိုင္ငံသို့ ျပန္လည္ေရာက္ရွိ

“နစက ေကာင္စီဥကၠဌ ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ ျမန္မာနိုင္ငံသို့ ျပန္လည္ေရာက္ရွိ”

႐ုရွားနိုင္ငံသို့ သြားေရာက္ေနေသာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠဌ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး

မင္းေအာင္လွိုင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ ၂၇ ရက္ေန႔

ည ၁၁ နာရီ ခန္႔တြင္ ျမန္မာနိုင္ငံသို့ ျပန္လည္ေရာက္ရွိလာေၾကာင္း နိုင္ငံပိုင္သတင္းစာတြင္ သတင္းေဖာ္ျပထားသည္။

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠဌ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ ျ

ပန္လည္ေရာက္ရွိရာတြင္ ေကာင္စီ ဒုတိယဥကၠဌ၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္

(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွူးႀကီး စိုးဝင္း၊ ေကာင္စီဝင္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွူး၊

ျမန္မာနိုင္ငံဆိုင္ရာ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ သံအမတ္ႀကီး H.E.Mr. Nikolay A.Listopadovႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္၌ သြားေရာက္ႀကိဳဆိုခဲ့ေၾကာင္း သိရသည္။

နစက ေကာင္စီဥကၠ႒၏ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ၊ ခရီးစဥ္အတြင္း (၉) ႀကိမ္ေျမာက္

နိုင္ငံတကာလုံျခဳံေရးဆိုင္ရာညီလာခံ (MCIS-2021) သို့ ပါဝင္တက္ေရာက္ေဆြးေႏြးျခင္း၊

စစ္ဘက္၊ အရပ္ဘက္မွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းတို့အျပင္ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံရွိ အထင္ကရေနရာမ်ား၊ တကၠသိုလ္မ်ားႏွင့္ စက္႐ုံ၊

အလုပ္႐ုံမ်ားသို့ သြားေရာက္ေလ့လာခဲ့ၾကၿပီး ႏွစ္နိုင္ငံ အစိုးရႏွင့္

တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမွုႏွင့္ စစ္ဘက္နည္းပညာဆိုင္ရာ က႑၊ သိပၸံႏွင့္နည္းပညာက႑၊

သုေတသနလုပ္ငန္းက႑၊ လူစြမ္းအားအရင္း အျမစ္ဖြံ့ၿဖိဳး တိုးတက္ေရးက႑ႏွင့္ ယဥ္ေက်းမွုက႑တို့တြင္

ပိုမိုတိုးတက္ခိုင္မာေအာင္ေဆာင္ရြက္နိုင္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။

 

TRN04#နစကေကာင္စီဥကၠဌ

Unicode

“နစက ကောင်စီဥက္ကဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ”

ရုရှားနိုင်ငံသို့ သွားရောက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ၂၇ ရက်နေ့

ည ၁၁ နာရီ ခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း နိုင်ငံပိုင်သတင်းစာတွင် သတင်းဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်လည်ရောက်ရှိရာတွင် ကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယ တပ်မတော်

ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊

မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay A.Listopadovနှင့် တာဝန်ရှိသူများက လေဆိပ်၌ သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

နစက ကောင်စီဥက္ကဋ္ဌ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခရီးစဉ်အတွင်း (၉) ကြိမ်မြောက်

နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (MCIS-2021) သို့ ပါဝင်တက်ရောက်ဆွေးနွေးခြင်း၊ စစ်ဘက်၊

အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊

အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား

ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊

လူစွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

TRN04#နစကကောင်စီဥက္ကဌ

Crd