News

အကြောင်းမဲ့ဖမ်းဆီးခံရပြီးနောက် အရိုးပြာအိုးလေးပဲပြန်ရလိုက်တဲ့ ကလေးမြို့က ကိုဇော်ထက်ရဲ့ စိတ်မကောင်းစရာ နောက်ဆုံးခရီး

အကြောင်းမဲ့ဖမ်းဆီးခံရပြီးနောက် အရိုးပြာအိုးလေးပဲပြန်ရလိုက်တဲ့ ကလေးမြို့က ကိုဇော်ထက်ရဲ့ စိတ်မကောင်းစရာ နောက်ဆုံးခရီး

ဇွန်လ ( ၂၅)ရက်နေ့က ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာနေထိုင်တဲ့ သားအဖနှစ်ယောက်ကို အာဏာရှင်လူတစ်စုက အ ကြောင်းမဲ့ ဖမ်းဆီး‌ခေါ်ဆောင်သွားပြီးနောက်တစ်နေ့မှာ

 

 

သားဖြစ်သူ အသက်(၂၅)နှစ်အရွယ် ကိုဇော်ထက် (ခ) Sal ai Van Tha Cung Lianဟာ ကိုဗစ်နဲ့သေဆုံးသွားပြီလို့ မိသားစုထံအကြောင်းကြားခဲ့ပြီး ရုပ်အလောင်းကိုတော့ အ ာဏာရှင်လူတစ်စုကပဲ ချက်ချင်း မီးသင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

 

ဇွန်လ (၂၇) ရက်နေ့မှာတော့ ကိုဗစ်နဲ့သေဆုံးတယ်ဆိုတဲ့ ကိုဇော်ထက်(ခ) Van Tha Cung Lian အရိုးပြာအိုးကို မိသားစုဝင်များဟာ ဗုဒ္ဓဘာသာ သင်္ချိုင်းထဲက မီးသင်္ဂြိုလ်စက်မှာ သွားယူခဲ့ပြီး ခရစ်ယာန်သင်္ချိုင်းဘက်မှာ ဂူသွင်းသင်္ဂြိုလ်လို က်တယ်လို့ သိရပါတယ်။

 

 

အကြောင်းမဲ့သေဆုံးသွားခဲ့တဲ့ ကိုဇော်ထက်(ခ) Van Tha Cung Lianရဲ့ နောက်ဆုံးခရီးကို မိသားစုဝင်တွေနဲ့ မြို့နေပြည်သူတချို့က လိုက်ပါပို့ဆောင်ပေးခဲ့တာ တွေ့မြင်ရပါတယ် ။

 

 

ကိုဇော်ထက်(ခ) Van Tha Cung Lianရဲ့ အရိုးပြာကို ဂူမသွင်းခင် မနက်အစောပိုင်းလောက်မှာလည်း မြို့နေပြည်သူ များက ဂုဏ်ပြုပေးခြင်း ၊ အလေးပြုခြင်းများ၊ ဆုတောင်းပေးခြင်းစတဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ဆန္ဒပြရင်း ပြုလုပ်ပေးခဲ့ကြောင်း ကြားသိရပါတယ်။

ကဲ..ပရိသတ်ကြီးရေ အကြောင်းမဲ့ဖမ်းဆီးခံရပြီး သေဆုံးခဲ့ရတဲ့ ကလေးမြို့က ကိုဇော်ထက်(ခ) Van Tha Cung Li anရဲ့နောက်ဆုံးလေးကို စိတ်မကောင်းစွာနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

crd#original writer