News

Covid 19 ရောဂါကြောင့် မိဘနှစ်ပါးလုံးကို နာရီဝက်စီခြားပြီး ဆုံးရှုံးလိုက်ရလို့ အကူညီလိုအပ်နေကြတဲ့ ကျန်ရစ်သူကလေးငါးယောက်

Covid 19 ရောဂါကြောင့် မိဘနှစ်ပါးလုံးကို နာရီဝက်စီခြားပြီး ဆုံးရှုံးလိုက်ရလို့ အကူညီလိုအပ်နေကြတဲ့ ကျန်ရစ်သူက လေးငါးယောက်

ကပ်ရောဂါဆိုးကြီးဟာ ပြည်သူတွေရဲ့အသက်တွေကို တစ်စစီပြန်လည်ခြွေယူနေခဲ့ပါပြီ။ ဒီနေ့မှာလည်း ကလေးမြို့က ဇနီးမေ ာင်နှံနှစ်ယောက်ဟာ Covid 19 ကြောင့် တစ်ယောက်နဲ့တ စ်ယောက် နာရီဝက်စီ ခြားပြီး ဆုံးပါးသွားခဲ့ရပါတယ်။

 

 

မိခင်ဖြစ်သူဟာ ကိုယ်ဝန် (၇) လ ရှိနေခဲ့ပြီး သူမ ဆုံးပါးသွားတာကြောင့် ဗိုက်ထဲကရင်သွေးလေးဟာလည်း အတူတူဆုံးပါးသွားခဲ့ပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးငါးယောက်ဟာ မိဘနှစ်ပါးစ လုံး ဆုံးရှုံးခဲ့ရပြီး ကူကယ်ရာမဲ့သလိုဖြစ်နေရတာကြောင့် စေတ နာရှင်တွေရဲ့ မေတ္တာကြေးကို ပရဟိတအကျိုးတော်ဆောင်တစ်ယောက်က ကူညီကောက်ခံပေးခဲ့ ပါတယ်။

 

 

အငယ်ဆုံးကလေးလေးဟာ (၂) နှစ်သာရှိနေသေးပေမယ့် မိဘတွေရဲ့ရင်ခွင်နဲ့ ကွဲကွာသွားခဲ့ရပါပြီ။ ကလေးကကလေးကိုပြန်ထိန်းရမယ့်အဖြစ်မျိုးမို့ မောင်နှမငါးယောက်အတွက် တကယ်ကို အဆင်မပြေနိုင်ပါဘူး။

 

 

ဒီကလေးတွေရဲ့ လတ်တလောရပ်တည်မှုအတွက် အလှူငွေကေ ာက်ခံနေပြီး ရှေ့ဆက်အနာဂတ်အတွက်တော့ ပြည်သူ့ရင်သွေ းအဖြစ်နဲ့ အားလုံးကဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့ အစီအစဉ်လည်း ရှိကောင်းရှိနိုင်ပါတယ်။

 

 

ဒီလိုအကျပ်အတည်းကာလမှာ တစ်ဦးကိုတစ်ဦး အပြန်အလှန်ဖေးမရင်း နေသွားရမှာပါ။ရင်ခွင်မဲ့သွားတဲ့ ကလေးတွေအတွက် အလှူငွေကောက်ခံပေးမယ့် အကျိုးတော်ဆောင် တစ်ယောက်က

 

 

” ကလေးမြို့နယ် အောင်ရွာ‌ကျေးရွာမှာ ဇွန် (၂၂) ရက်က မိ ဘနှစ်ပါး (၃၀) မိနစ်ခြားaသဆုံးခဲ့ရလို့ ကျန်ရစ်သော သား သမီး (၅) ယောက်အတွက် စေတနာရှိသလောက် ပါဝင်ကူညီဖို့ အလှူခံပါရစေ။

 

 

မိခင်ကြီးမှာ ကိုယ်ဝန် (၇)လ ရှိပြီး ဗိုက်ထဲက ကလေးလည်း ဆုံးသွားရှာပါတယ်။ အငယ်ဆုံးသားလေးက (၂) နှစ် သာ ရှိပါသေးတယ်။

Kpay – 09442716511 (Kawl Khaw Thang ) / Wave Acc -09957921899 (Ben ZaNem ) ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ ပရိသတ်ကြီ းလည်း တတ်နိုင်သလောက်ကူညီပေးကြဖို့ အကျိုးမျှော် နှိုး ဆော်လိုက်ပါတယ်။

crd#original writer