Articles

တော်လှန်ရေးသမားတိုင်းအတွက် ကြက်သီးထစရာကောင်းလောက်အောင် ခွန်အားဖြစ်စေတဲ့ မင်းမော်ကွန်းရဲ့ ပြတ်သားတဲ့ခံယူချက်

တော်လှန်ရေးသမားတိုင်းအတွက် ကြက်သီးထစရာကောင်းလောက်အောင် ခွန်အားဖြစ်စေတဲ့ မင်းမော်ကွန်းရဲ့ ပြတ်သားတဲ့ခံယူချက်

ဘေးလွတ်ရာကိုတိမ်းရှောင်ရင်း ရောက်တဲ့နေရာကနေ အာဏာ ရှင်ကိုတော်လှန်နေတဲ့ သရုပ်ဆောင်မင်းမော်ကွန်းဟာ သူ့ရဲ့ပြ တ်သားတဲ့ခံယူချက်ကို ” တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ ခက်ခဲပင်ပန်းလာတာတွေ အားငယ်စိတ်ဓါတ်ကျတ ာတွေ အားလျော့ချင်စိတ်တွေကအနည်းနဲ့အများဖြစ်လာကြမှာပါ။

 

 

ကျွန်တော်ကိုယ်တိုင်လည်း အကြိမ်ကြိမ်အားငယ်ဝမ်းနည်းတာတွေ လူရောစိတ်ရောပင်ပန်းနာကျင်ရတာတွေ ခဏခဏလဲကျပြီးပြန်မထချင်လောက်အောင် စိတ်ဓါတ်တွေပြိုကျခဲ့ရတာတွေ အမှန်တကယ်ရှိခဲ့ကြောင်းကိုဝန်ခံပါတယ် ဒါပေမယ့်ကျွန်တော်တို့အရှုံးပေးလို့မရပါဘူး။

 

 

ကျွန်တော်တို့သည် ဒီတော်လှန်ရေးကို ခဏတာခံစားချက်နဲ့လု ပ်ခဲ့မိကြတာမဟုတ်ပါ မတရားဖိနှိပ်တာ အနိုင်ကျင့်တာ မကြို က်လို့ လွပ်လပ်ခြင်း တရားမျှတခြင်းနဲ့ လူ့အခွင့်အရေးတန်းတူညီ မျှခြင်းကို အမှန်တကယ် ချစ်မြတ်နိုးလို့ တော်လှန်ခဲ့ကြခြင် းပါ ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

 

 

အာဏာရှင်လူတစ်စုရဲ့စိတ်ကြိုက်ခြယ်လှယ်သမျှကို ခံနေရတဲ့ ပြည်သူလူထုအတွက် မခံချင်စိတ်နဲ့ အခုလိုတွန်းလှန်ကြောင်းကိုလည်း ” လွပ်လပ်ခွင့်တွေဆုံးရှုံးရလို့ တရားမျှတခြင်းမရှိဘူ းလို့ခံယူထားလို့ အမှန်တရားနဲ့လွဲချော်နေမှန်းသိလို့ လက်နက်ကို င်ထားတိုင်းကြောက်မနေချင်လို့။

 

 

လူပေါ်မူတည်ပြီး ခွဲခြားအုပ်ချုပ်တာမခံချင်လို့ အသိတရားနဲ့ ခံယူချက်ကြောင့်သာ တော်လှန်ဆန့်ကျင်ခဲ့ကြခြင်းဖြစ်ပါတယ် ခံစားချက်ပေါ်မူတည်ပြီးဖြစ်လာရတဲ့တော်လှန်လိုစိတ်ဟာ ခံ စားချက်အပြောင်းအလဲအလိုက် မှေးမှိန်လာတတ်ပေမယ့် ခံယူချက်ကြောင့်တော်လှန်ခြင်းကတော့။

 

 

ဘယ်အခြေအနေရောက်ရောက် မပြောင်းလဲမယိမ်းယိုင်နိုင်ပါဘူး ဒီအတွက် ဘာတွေကြုံလာကြုံလာ နောက်ဆုတ်ဖို့မရှိပါဘူး နောင်တမရပါဘူးအရှုံးမပေးပါဘူး ကမ္ဘာမကျေပါဘူး ကို ယ်ယုံ ကြည်ရာအမှန်တရားကို ရအောင်ယူဖို့ ဖြစ်အောင်လုပ်ဖို့က အာ းလုံးရဲ့တာဝန်ဖြစ်ပြီး ဒီတာဝန်အတွက်လူသားတိုင်းမှာ မွေးရာပါခွန်အားတွေရှိကြပါတယ်။

 

 

” ဆိုပြီး ထပ်မံပြောပြခဲ့ပါသေးတယ်။အာဏာရှင်ကိုတော်လှန်နေချိန်မှာ အားလုံးစည်းစည်းလုံးလုံးနဲ့ သွေးမကွဲကြစေဖို့ကို ” ဒီထက်အရေးကြီးတာက ကျွန်တော်တို့မျိုးဆက်သစ်တွေကို အ ာဏာတစ်ခုကြောင့်သာ မတရားသဖြင့်ချမ်းသာကြပြီး။

 

 

ဘာအရည်အချင်း အဆင့်အတန်းမှမရှိ လူမဆန်တဲ့သူတွေရဲ့ မတရားအနိုင်ကျင့်ခြင်းတွေ လူပါးဝ စော်ကားခြင်းတွေကိုခွင့်ပြုဖို့ နောက်ထပ်ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး ဒါကြောင့် အာ းတင်းပါ အားမွေးထားကြပါ။

 

 

အရာရာအတွက် ကြိုတင်ပြင်ဆင်အသင့်ဖြစ်ပါစေ ကျန်းမာရေ းကောင်းပါစေ သွေးမကွဲပါစေနဲ့ ကျွန်တော်တို့ပြည်သူအားလုံး တိုင်းရင်းသားအားလုံးက တညီတညွတ်ထဲတော်လှန်ရင် ဘယ်အာဏာရှင်မှ ကြာရှည်မခံနိုင်ပါဘူး။

 

 

အဆုံးသတ်တိုက်ပွဲအတွက် အဆင်သင့်ရှိကြပါစေ အရေးတော် ပုံ အောင်ရမည် ” ဟုဆိုတာ တိုက်တွန်းခဲ့ပါတယ်။ ရောက်တဲ့နေရာတိုင်းမှာ ဘေးကင်းလုံခြုံပါစေ ကိုကျော်ရေ။

crd#original writer