Celebrity News

ချစ်ရတဲ့ ညီမလေးရဲ့ မွေးနေ့လေးမှာ ပျော်ရွှင်စရာ အမှတ်တရလေးတွေဖန်တီးပေးခဲ့တဲ့ ဘုန်းမင်းနေလရဲ့ ဗီဒီယိုဖိုင်

ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်ဆယ်လီတွေရဲ့ မျိုးဆက်သစ်အနုပညာရှင်တွေထဲမှာ အကယ်ဒမီ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားချောလေး ဘုန်းမင်းနေလနဲ့ သမီးချောလေးထင်သစ္စာတို့ကလည်း

 

အပါအဝင်ပါပဲ။ ဘုန်းမင်းနေလကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်လာပြီး ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်ပုံရိပ်လေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေ အများဆုံး ရရှိထားတာလည်း ဖြစ်ပါတယ်နော်။

ဘုန်းမင်းနေလက အခုဆိုရင် ကြော်ငြာတွေ ရိုက်ကူးခဲ့တဲ့ အပြင် သီချင်းဗီဒီယိုတွေမှာပါ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။သူတို့ မိသားစုလေးက ရိုးရိုး

 

ရှင်းရှင်းပဲ ဘဝကို ဖြတ်သန်းသလို အမြဲ ပျော်စရာလေးတွေ ဖန်တီးပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်အားပေးနေကြတာပဲဖြစ်ပါတယ်။

မနေ့ကကျရောက်တဲ့ ထင်သစ္စာရဲ့မွေးနေ့လေးမှာလည်း မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်တရလေးတွေ ဖန်တီးကာ ဖြတ်သန်းခဲ့ကြတာကို ဘုန်းမင်းနေလက သူရဲ့ မိုင်ဒေးလေးမှာ ဖော်ပြထားတာ တွေ့ရပါတယ် ။

 

ဗီဒီယိုလေးကြည့်ပြီး အပျော်တွေ ကူးစက်ရလောက်အောင် ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit