Celebrity News

ရေကြီးပြီး သွားလာရခက်ခဲလို့ စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ သက်ကြီးရွယ်အိုများအတွက် ဆန်အိတ် (၁၀၀) သွားရောက်လှူဒါန်းပေးခဲ့တဲ့ နေဒွေး

ရေကြီးပြီး သွားလာရခက်ခဲလို့ စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ သက်ကြီးရွယ်အိုများအတွက် ဆန်အိတ် (၁၀၀) သွားရောက်လှူဒါန်းပေးခဲ့တဲ့ နေဒွေး

သရုပ်ဆောင် မင်းသား နေဒွေးကတော့ အနုပညာပိုင်းမှာ အော င်မြင်စွာ ရပ်တည်နေသလို စီးပွားရေးဘက်မှာလည်း ဆန်လုပ် ငန်းကို တစိုက်မတ်မတ် လုပ်ဆောင်နေပြီး အောင်မြင်မှုတွေ ရ ရှိထားသူပဲ ဖြစ်ပါတယ်။

 

 

နေဒွေးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ လည် း ပြည်သူတွေနဲ့ အတူ ရပ်တည်ကာ အလှူလေးတွေနဲ့ ပါဝင်ခဲ့ပါတယ် ။

အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး စားဝတ်နေရေး အ ဆင်မပြေဖြစ်နေကြတဲ့ ပြည်သူပရိသတ်တွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလည်း မကြာခဏတွေ့ရပါတယ်။ ဒီနေ့ ဇွန်လ (၂၆) ရက်နေ့မှာလည်း အရမ်းကို မွန်မြတ်တဲ့ စုပေါင်း အလှူလေးတစ်ခုပြုခဲ့ပါတယ် ။

 

 

အရှေ့ဒဂုံ ၁၃ရပ်ကွက် မှာ ရေကြီး ရေလျှံ ဖြစ်ပွားနေတာကြေ ာင့် စားဝတ်နေရေး ခက်ခဲနေတဲ့ သက်ကြီးရွယ်အို အဖိုးအဖွား များအတွက် သူကိုယ်တိုင်ရောင်းချနေတဲ့ JITTOO ဆန်အိ တ် (၁၀၀) ကို သွားရောက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။

ဒီလို မိုးတွင်းကာလမှာ ရေကြီး ရေလျှံ မှုတွေကြောင့် သွားလာရခက်ခဲပြီး အသက်အရွယ်အရ လမ်းမလျှောက်နိုင်တဲ့ အဖိုးအ ဖွားတွေ အတွက်ကတော့ နေဒွေးရဲ့ အလှူလေးကြောင့် အဆင် ပြေမှုတွေ ရရှိသွားကြမှာ အမှန်ပါပဲ ။

 

 

အလှူပုံရိပ်လေးတွေ နဲ့အတူ ” အရှေ့ဒဂုံ ၁၃ရပ်ကွက် ရေကြီးပြီးစားဝတ်နေရေးအခက်အခဲဖြစ်နေသော သက်ကြီးရွယ်အိုဘိုးဘွားများနှင့် ပြည်သူများကို JITTOO ဆန်အိတ် ၁၀၀ လှုဒါန်းခဲ့ပါသည် ကျွန်တော်နှင့်အတူ ပူးပေါင်းလှုဒါန်းကြသောအလှု့မိတ်ဆွေ အကို , အမ နှင့် ညီအကိုမောင်နှမ များအားလုံး ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျ”

ဆိုတဲ့ စာလေးကိုပါ ရေးသား ဖော်ပြထားရာ ပရိသတ်ကြီးအ တွက် ပြန်လည်ဖော်ပြပေးရင်း နေဒွေးလည်း ဒီထက်မက လှူဒါ န်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

crd#original writef