Celebrity News

ရေမွန်ဝတ်ဆင်ခဲ့တဲ့ Idiots အဖွဲ့ပုံပါ တီရှပ်ကို အမှတ်တရအဖြစ် လေလံတင်ရောင်းချခဲ့ရာ ၂၄သိန်းနဲ့ ဝယ်ယူခဲ့တဲ့ ပရိသတ်တစ်ဦး

Idiots အဖွဲ့ဝင် အဆိုတော်ရေမွန် အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက်ကွယ်လွန်သွားခြင်းအတွက် ပြည်သူပရိသတ်တွေအားလုံးက မိသားစုနဲ့ထပ်တူ ဖြေမဆည်နိုင်အောင် ယူကြုံးမရ ဝမ်းနည်းနေကြတာပါ..။

 

အရည်အချင်းပြည့်ဝကာ နှိမ့်ချတတ်ပြီး ဖော်ရွေလွန်းတဲ့ ပင်ကိုယ်စရိုက်တွေကြောင့် လူကြီးလူငယ်မရွေးအားလုံးက ချစ်ခင်ကြတဲ့ ရေမွန် ကွယ်လွန်ခြင်းဟာ တကယ့်ကို ဆုံးရှုံးမှုကြီး တစ်ခုပါပဲ..။

မြတ်နိုးခုံမင်တဲ့အနုပညာအလုပ်တွေကို ချို့ချို့တဲ့တဲ့နဲ့ လုပ်နေရင်း ကိုယ်ပိုင်အိမ်လေးတစ်လုံး တိုက်ခန်းလေး တစ်ခန်းတောင် မရှိရှာတဲ့ ရေမွန်အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်ကြရသလို သူ့အတွက်ရည်စူးပြီး

 

တတ်နိုင်သလောက် ဖေးမကူညီနေကြတာလည်း တွေ့ရပါတယ်..။ကွယ်လွန်သူ ရေမွန် (တွတ်ပီ) ဝတ်ဆင်ခဲ့တဲ့ တီရှပ်အင်္ကျီလေးကို ကြမ်းခင်းစျေး (၃၂၀၀၀ ) ကစပြီး လေလံတင်ရောင်းချခဲ့ရာ ပရိသတ်တစ်ဦးက (၂၄) သိန်းနဲ့ လေလံအောင် ဝယ်ယူသွားခဲ့ပါတယ်..။

သူဝတ်ဆင်ခဲ့ဖူးတဲ့ အဲဒီ့အကျီလေးကိုတော့ ရေမွန်က ပရိတ်သတ် တစ်ယောက်ကို ပေးခဲ့တာဖြစ်ပြီး လက်ခံရရှိထားသူက ရေမွန်ရဲ့မိသားစုကတဆင့် ရည်စူးကုသိုလ်လေးတွေနဲ့ အလှူအတန်းတွေ လုပ်ပေးချင်တာကြောင့် အွန်လိုင်းမှာလေလံတင်ရောင်းချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

 

သူဝတ်ဆင်ဖူးတဲ့အင်္ကျီလေးကို အခုလို အပြိုင်အဆိုင်ဈေးပေးဝယ်ပြီး သူ့ကိုသိပ်ချစ်ကြတဲ့ပရိသတ်တွေ အကြောင်းသိရင် ဘယ်လောက်တောင် ပြုံးပြီးပျော်နေရှာမလဲနော်..။စိတ်ဖြောင့်ဖြောင့်နဲ့ ချန်ပြီး ကောင်းမွန်ရာမှာ အေးချမ်းစွာ အနားယူပါတော့ ကိုတွတ်ရေ.. ။