News

(၁၉၇၆)ခုနှစ်က တစ်ဦးတည်းကြိုးပေးကွပ်မျက်ခံရတာတောင် ကြိုးစင်ပေါ်မှာ အားမာန်အပြည့်နဲ့ဟစ်ကြွေးသွားခဲ့သေးတဲ့ ဆလိုင်းတင်မောင်ဦးရဲ့အကြောင်

(၁၉၇၆)ခုနှစ်က တစ်ဦးတည်းကြိုးပေးကွပ်မျက်ခံရတာတောင် ကြိုးစင်ပေါ်မှာ အားမာန်အပြည့်နဲ့ဟစ်ကြွေးသွားခဲ့သေးတဲ့ ဆလိုင်းတင်မောင်ဦးရဲ့အကြောင်း

မြန်မာပြည်သူ၊ပြည်သားတချို့ကတော့ (၂၀၂၁) ခုနှစ် နွေဦးတော်လှန်ရေးတင်မကဘဲ ခေတ်အဆက်ဆက်ကနေစတင်ပြီး အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ကြတာဖြစ်ပါတယ်။

အာဏာရှင်စနစ်ကို တွန်းလှန်ရင်း (၁၉၇၆)ခုနှစ်ကအသက်ပေးသွားရတဲ့ ဆလိုင်းတင်မောင်ဦးရဲ့အကြောင်းလေးကို မျှဝေချင်ပါတယ်။

 

 

ဆလိုင်းတင်မောင်ဦးကို(၁၉၅၁)ခုနှစ် နိုဝင်ဘာလတွင် တောင် ငူမြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။(၁၉၇၁)ခုနှစ်မှာတော့ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၌ သတ္တဗေဒဘာသာရပ်ကို အထူးပြုသင်ကြားခဲ့တာဖြစ်ပါတယ်။

သူက ချင်းအမျိုးသားကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး (၁၉၆၉)ခုနှစ် ကျွန်းဆွယ်အရေးအခင်းမှာလည်းပါဝင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

 

 

ဆလိုင်းတင်မောင်ဦးက ကျောင်းသားအရေးအခင်းများစွာတွင် ပါဝင်လှုပ်ရှားခဲ့တာကြောင့် (၁၉၇၂)ခုနှစ်၊ဒီဇင်ဘာလ (၅) ရ က်နေ့တွင် ပထမဆုံးအကြိမ် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

(၁၉၇၄)ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့မှာတော့ ထောင်ကပြန်လွတ်လာပြီး ကျောင်းဆက်တက်ခဲ့တာဖြစ်ပါတယ်။

 

 

နောက်ထပ်လည်း အလုပ်သမားအရေးအခင်း၊ဦးသန့်စျာပနာအရေးအခင်း၊အလုပ်သမားနှစ်ပတ်လည်အရေးအခင်းတွေမှာလည်း ဦးဆောင်ပါဝင်ခဲ့သေးတာဖြစ်ပါတယ်။

(၁၉၇၆)ခုနှစ်၊မတ်လ (၂၃) ရက်နေ့ မှိုင်းရာပြည့်လူထုလှုပ်ရှ ားမှုကို ဦးဆောင်စီစဉ်ခဲ့ပေမယ့်လှုပ်ရှားမှုမတိုင်ခင်မှာ ထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။

 

 

(၁၉၇၆)ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့မှာတော့ စစ်အာဏာရှင်တို့က ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်ခဲ့ကြတာဖြစ်ပါတ ယ် ။ဆလိုင်းတင်မောင်ဦးပြောခဲ့တဲ့ စကားလေးကတော့ ယနေ့အ ချိန်ထိ သမိုင်းတွင်ကျန်ရစ်နေဆဲဖြစ်ပါတယ်။

 

 

အဲ့ဒီစကားလေးက”မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ငါ့ရဲ့ယုံကြည်ချက်တွေနဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှသတ်လို့ရမှာမဟုတ်ဘူး။

မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးထောက်မှာ မဟု တ်ဘူးကွ”ဆိုပြီး ကြိုးစင်ပေါ်မှာ ဟစ်ကြွေးခဲ့တာဖြစ်ပါတယ်။

 

ဒီနေ့လေးဟာဆိုရင်တော့ ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ် မျက်ခံလိုက်ရတာ (၄၅) နှစ်တိတိပြည့်သွားပြီဖြစ်လို့ ဒီအကြေ ာင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd#original writer