News

စစ်ကောင်စီ ထုတ်ပြန်ချက်အသစ်က ကျောင်းလွှတ်နေတဲ့မိဘတွေနဲ့ ကျောင်းသားကျောင်းသူတွေအတွက် ရင်လေးစရာပဲဗျို့

ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့တွေမှာ ကျောင်းဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူအချို့ ကိုဗစ်ကူးစက်ခံနေရပေမယ့် စာသင်ကျောင်းတွေကို ယာယီရပ်နားခြင်းမရှိဘဲ Mask တပ်ပြီး စာဆက်သင်ကြားဖို့ စစ်ကောင်စီရဲ့..

(ယူနီကုဒ် ဖြင့် ဖတ်မရသူများ အောက်တွင် ဇော်ဂျီဖောင့်ဖြင့်ဖတ်ရန်)

လက်အောက်ခံ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးက အကြောင်းကြားစာထုတ်ပြန်ခဲ့ပါတယ်။မြောင်းမြမြို့မှာ စာသင်ကျောင်း ၃ကျောင်းမှ ဆရာမတွေအပါ အဝင် ကျောင်းသား၊ကျောင်းသူအချို့ ကိုဗစ်ကူးစက်ခံခဲ့ရသော်လည်း ကျောင်းများကို ယာယီရပ်နားခြင်း…

မရှိဘဲ ဆက်လက်ဖွင့်လှစ်နေတာကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ကျောင်းကိုစေလွှတ်ခြင်းမရှိဘဲနဲ့သာ ကိုဗစ်ကူးစက်ခြင်းကို ကာကွယ်နေရပါတယ်။မအူပင်မြို့မှာလည်း ကျောင်းဆရာမတစ်ဦးမှာ ကိုဗစ်တွေ့ရှိပေမဲ့ ဆရာမနဲ့အတူတူ စာသင်ခဲ့တဲ့ ကလေးတွေကို…

ရောဂါပိုးစစ်ဆေးပေးခြင်းမရှိခဲ့ပါဘူး။ဒါ့အပြင် လပွတ္တာမြို့က ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ မူလတန်းပြဆရာမတစ်ဦးဟာ စာသင်ကျောင်းမှာတင်မက နေအိမ်တွေအထိ ကျူရှင်လိုက်လံသင်ကြားပေးနေသူဖြစ်ပေမယ့် သူနဲ့ထိစပ်မိသူအားလုံးကို Quarantine…

ထားရှိတာ ရောဂါပိုးစစ်ဆေးပေးတာတွေ လုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။“နိုင်ငံရေးနဲ့မပြောချင်ဘူး ကျန်းမာ ရေးနဲ့ပြောမယ်၊ ဒီအချိန်မှာ ကျောင်းဖွင့်တာကိုပဲ အဓမ္မလိုချင်သူရော၊ ကျောင်းတက်ပြီး ကလေးတွေကို မတက်မနေရလုပ်နေသူ ဆရာ၊ဆရာမရော၊..

ဒါကြီးကိုလည်ပတ်ဖို့ ကျောင်းကိုပို့နေတဲ့ မိဘတွေရောက ကိုယ့်မြို့ဒေသမှာ ရောဂါကူးစက်မှုစက်ဝန်းပိုကျယ်အောင် လုပ်နေတဲ့ တရားခံတွေပဲ၊ ပိတ်ကိုပိတ်ပေးမှရတော့မှာကို ဖက်ဆစ် လူ သ တ် စစ်တပ်ကို ကြောက်ပြီး မျက်နှာလိုမျက်နှာရ လုပ်နေပြီး ကျောင်းဆက်ဖွင့်ပြ တာ…

Mask တပ်ပြီး စာသင်ခိုင်းတာဟာ ဘယ်လောက်များ သေချာမှာမို့လည်း လ က်န က်နဲ့လူ သ တ်သလို ရောဂါနဲ့ပါ လူ ေ သ နေစေတာ”လို့ အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂ ဗဟိုကော်မတီဝင်ဖြစ်သူ CDM ပြုလုပ်နေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဇောကပြောပါတယ်။…

စစ်ကောင်စီရဲ့ လက်အောက်ခံ ပညာရေးဌာနကတော့ ဧရာဝတီတိုင်းအတွင်းက ကိုဗစ်ရောဂါဖြစ်ပွါးနေတဲ့ စာသင်ကျောင်းတွေအပါအဝင် ကျောင်းအချို့ကို ယာယီပိတ်ပေးခြင်းကို မပြုလုပ်ဘဲ ဆရာ၊ဆရာမတွေကိုသာ Mask တပ်ပြီး စာသင်ကြားစေဖို့ ဖိအားတွေ ပေးနေတာဖြစ်ပါတယ်။..

ဇော်ဂျီဖောင့်ဖြင့် ဖတ်ရန်

ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ေျမာင္းျမၿမိဳ႕၊ မအူပင္ၿမိဳ႕၊ လပြတၱာၿမိဳ႕ေတြမွာ ေက်ာင္းဆရာမေတြနဲ႕ ေက်ာင္းသား ေက်ာင္းသူအခ်ိဳ႕ ကိုဗစ္ကူးစက္ခံေနရေပမယ့္ စာသင္ေက်ာင္းေတြကို ယာယီရပ္နားျခင္းမရွိဘဲ Mask တပ္ၿပီး စာဆက္သင္ၾကားဖို႔ စစ္ေကာင္စီရဲ႕..

လက္ေအာက္ခံ ဧရာဝတီတိုင္းေဒသႀကီးပညာေရးမႉး႐ုံးက အေၾကာင္းၾကားစာထုတ္ျပန္ခဲ့ပါတယ္။ေျမာင္းျမၿမိဳ႕မွာ စာသင္ေက်ာင္း ၃ေက်ာင္းမွ ဆရာမေတြအပါ အဝင္ ေက်ာင္းသား၊ေက်ာင္းသူအခ်ိဳ႕ ကိုဗစ္ကူးစက္ခံခဲ့ရေသာ္လည္း ေက်ာင္းမ်ားကို ယာယီရပ္နားျခင္း…

မရွိဘဲ ဆက္လက္ဖြင့္လွစ္ေနတာေၾကာင့္ မိဘေတြအေနနဲ႕ ကေလးေတြကို ေက်ာင္းကိုေစလႊတ္ျခင္းမရွိဘဲနဲ႕သာ ကိုဗစ္ကူးစက္ျခင္းကို ကာကြယ္ေနရပါတယ္။မအူပင္ၿမိဳ႕မွာလည္း ေက်ာင္းဆရာမတစ္ဦးမွာ ကိုဗစ္ေတြ႕ရွိေပမဲ့ ဆရာမနဲ႕အတူတူ စာသင္ခဲ့တဲ့ ကေလးေတြကို…

ေရာဂါပိုးစစ္ေဆးေပးျခင္းမရွိခဲ့ပါဘူး။ဒါ့အျပင္ လပြတၱာၿမိဳ႕က ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတဲ့ မူလတန္းျပဆရာမတစ္ဦးဟာ စာသင္ေက်ာင္းမွာတင္မက ေနအိမ္ေတြအထိ က်ဴရွင္လိုက္လံသင္ၾကားေပးေနသူျဖစ္ေပမယ့္ သူနဲ႕ထိစပ္မိသူအားလုံးကို Quarantine…

ထားရွိတာ ေရာဂါပိုးစစ္ေဆးေပးတာေတြ လုပ္ေဆာင္နိုင္ျခင္းမရွိပါဘူး။“နိုင္ငံေရးနဲ႕မေျပာခ်င္ဘူး က်န္းမာ ေရးနဲ႕ေျပာမယ္၊ ဒီအခ်ိန္မွာ ေက်ာင္းဖြင့္တာကိုပဲ အဓမၼလိုခ်င္သူေရာ၊ ေက်ာင္းတက္ၿပီး ကေလးေတြကို မတက္မေနရလုပ္ေနသူ ဆရာ၊ဆရာမေရာ၊..

ဒါႀကီးကိုလည္ပတ္ဖို႔ ေက်ာင္းကိုပို႔ေနတဲ့ မိဘေတြေရာက ကိုယ့္ၿမိဳ႕ေဒသမွာ ေရာဂါကူးစက္မႈစက္ဝန္းပိုက်ယ္ေအာင္ လုပ္ေနတဲ့ တရားခံေတြပဲ၊ ပိတ္ကိုပိတ္ေပးမွရေတာ့မွာကို ဖက္ဆစ္ လူ သ တ္ စစ္တပ္ကို ေၾကာက္ၿပီး မ်က္ႏွာလိုမ်က္ႏွာရ လုပ္ေနၿပီး ေက်ာင္းဆက္ဖြင့္ျပ တာ…

Mask တပ္ၿပီး စာသင္ခိုင္းတာဟာ ဘယ္ေလာက္မ်ား ေသခ်ာမွာမို႔လည္း လ က္န က္နဲ႕လူ သ တ္သလို ေရာဂါနဲ႕ပါ လူ ေ သ ေနေစတာ”လို႔ အေျခခံပညာ ပညာေရးလုပ္သားမ်ား သမဂၢ ဗဟိုေကာ္မတီဝင္ျဖစ္သူ CDM ျပဳလုပ္ေနတဲ့ ေက်ာင္းအုပ္ဆရာႀကီး ဦးေအာင္ေက်ာ္ေဇာကေျပာပါတယ္။…

စစ္ေကာင္စီရဲ႕ လက္ေအာက္ခံ ပညာေရးဌာနကေတာ့ ဧရာဝတီတိုင္းအတြင္းက ကိုဗစ္ေရာဂါျဖစ္ပြါးေနတဲ့ စာသင္ေက်ာင္းေတြအပါအဝင္ ေက်ာင္းအခ်ိဳ႕ကို ယာယီပိတ္ေပးျခင္းကို မျပဳလုပ္ဘဲ ဆရာ၊ဆရာမေတြကိုသာ Mask တပ္ၿပီး စာသင္ၾကားေစဖို႔ ဖိအားေတြ ေပးေနတာျဖစ္ပါတယ္။