Articles

မိုးသည်းထားတဲ့ ရေတောထဲမှာ စားဝတ်နေရေးအတွက် အသီးလေးတွေချရောင်းနေရတဲ့ တောင်ကြီးအဝေရာကွင်းက အဘိုးအဘွားများ

မိုးသည်းထားတဲ့ ရေတောထဲမှာ စားဝတ်နေရေးအတွက် အသီးလေးတွေချရောင်းနေရတဲ့ တောင်ကြီးအဝေရာကွင်းက အဘိုး အဘွားများ

စားဝတ်နေရေးကျပ်တည်းလာတာနဲ့အမျှ အန္တရာယ်တွေကြားထဲမှာလည်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ ရှာဖွေစားသောက်ရတဲ့ဘဝတွေကို ပြည်သူတွေဟာ ရင်ဆိုင်လာရပါတယ်။ အခုလိုမိုးရာသီမှာဆိုရင် ရေကြီးရေလျှံမှုတွေဖြစ်တတ်တာကြောင့် ပုံမှန်ထက်အန္တရာယ်များတဲ့ ကာလတစ်ခုပါပဲ။

 

 

ရာသီဥတုရဲ့ဆိုးဝါးတဲ့ဒဏ်အပြင် ဘယ်အချိန်အသက်ဘေးနဲ့ရင်ဆိုင်ရမလဲဆိုတာကိုပါစိတ်ပူနေရပြီး ကပ်ရောဂါဆိုးကြီးဟာလည်း အားလုံးရဲ့လက်တစ်ကမ်းမှာ အသက်ဝိဉာဏ်နှုတ်ယူဖို့ အသင့်စောင့်ဆိုင်းနေခဲ့ပါတယ်။

 

 

ဒီနေ့မှာလည်း တောင်ကြီးအဝေရာကွင်းမှာ ဈေးရောင်းနေရတဲ့ အဘိုးအဘွားတွေရဲ့ စိတ်မကောင်းစရာ ပုံရိပ်လေးတစ်ခုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ မိုးတွေသည်းထားလို့ ရေ တက်နေတဲ့လမ်းပေါ်မှာ ခြေထောက်အအေးခံပြီး အသီးအနှံတွေရောင်းချနေခဲ့ရတဲ့ သူတို့ဘဝရဲ့ခက်ခဲမှုဟာ အတိုင်းသား မြင်နေရပါတယ်။

 

 

အသက်အရွယ်ကြီးရင့်နေပေမယ့် အိမ်မှာအေးအေးလူလူမနားနိုင်ဘဲ အအေးပတ်ခံပြီး အခုလိုရောင်းချရတဲ့အထိ ကျပ်တည်းနေတာကိုမြင်ရတာ စိတ်မကောင်းဖြစ်စရာပါပဲ။ အဖက်ဖက်က အဆိုးတွေချည်းရင်ဆိုင်လာရတဲ့အချိန်မှာ ပြည်သူတွေဟာ ကူကယ်ရာမဲ့နေခဲ့ပါတယ်။

 

 

သက်ကြီးရွယ်အိုတွေဈေးရောင်းတဲ့အခါ ဈေးမဆစ်မိဖို့နဲ့ တတ် နိုင်ရင်ပိုပေးလိုက်ဖို့ စာဖတ်သူတို့ကို တိုက်တွန်းပါရစေ။ အခုလို ခေတ်စနစ်မကောင်းတဲ့အချိန်ကြီးမှာ တစ်ယောက်ကိုတစ်ယော က် တတ်နိုင်သလောက်ကူညီဖေးမရင်း ကောင်းမွန်တဲ့ လူမှုပတ် ဝန်းကျင်တစ်ခုတည်ဆောက်ရမှာပါ။

သမ္မာအာဇီဝနဲ့ ရုန်းကန်နေရသူတွေကို တွေ့ရင်လည်း ကိုယ်တ တ်နိုင်တဲ့ဖက်ကနေ ပံ့ပိုးပေးဖို့ ထပ်မံတိုက်တွန်းလိုက်ပါရစေ။

crd#original writer