Celebrity News

လက်ရှိပြသနေတဲ့ နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မြန်မာမလေးအကြောင်းကို စိတ်ဝင်စားနေကြတဲ့ ပြည်သူများ

“My Roommate Is Gumiho” ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲကတော့ ယခုလက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ ထုတ်လွှင့်ပြသနေတဲ့ Ongoing Series တစ်ခု ဖြစ်ပါတယ် ။

ဒီဇာတ်လမ်းတွဲက မြန်မာနိုင်ငံကပရိသတ်တွေကြားမှာလည်း ရေပန်းစားပြီး လူကြိုက်များနေတာ ဖြစ်ပါတယ် ။

အခုဆိုရင် ဒီဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာမလေးတစ်ယေ ာက်ရဲ့အကြောင်းကလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ စိတ်ဝင်စားသူများပြားနေတာ ဖြစ်ပါတယ် ။

 

 

“Nann Akari Shwe” လို့ခေါ်တဲ့ မြန်မာမလေးက ဒီဇာတ်လမ်းတွဲမှာ ကျောင်းသူလေးတစ်ယောက်အဖြစ် ပါဝင်သ ရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။

ဇာတ်လမ်းတွဲရဲ့အပိုင်း (၈) နဲ့ အပိုင်း (၁၀)မှာ ပါဝင်ခဲ့တဲ့ မြန် မာမလေးကို မြန်မာပရိသတ်တစ်ယောက်က စတင်သတိထားမိခဲ့ပြီး သူမအကြောင်းကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။

သူမကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ တကယ့် ကိုရီးယားသူလေးတစ်ယောက်လို့တောင် ထင်မှတ်ရတာ ဖြစ်ပါတယ် ။

 

 

နန်းဧကရီရွှေက ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကျောင်းသူတစ်ဦးဖြစ်ခဲ့ပြီး အခုတော့ ကိုရီးယားနိုင်ငံက တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေတာ ဖြစ်ပါတယ် ။

မြန်မာပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ သူမက ယခုလက်ရှိ Facebookမှာတောင် Popular ဖြစ်နေတာ ဖြစ်ပါတယ် ။ “My Roommate Is Gumiho”

ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာမလေး နန်းဧကရီရွှေရဲ့အကြောင်းကို ပရိသတ်တွေလည်း ဝန်းရံလို့ရအေ ာင် ဖော်ပြပေးလိုက်ပါတယ်။

 

 

crd#original writer