Celebrity News

ဒီနေ့မှာ ကျရောက်တဲ့ သမီးလေးရဲ့ မွေးနေ့မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဆုတောင်းပေးလာတဲ့ မေမေ ခင်ဇာခြည်ကျော်

Pဝါရင့်သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ အကယ်ဒမီဆုပါ ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်ပဲ ဖြစ်ပါတယ် ။ ခင်ဇာခြည်ကျော်က ယနေ့အချိန်အထိ တိုင်အောင် အနုပညာအလုပ်တွေကို

 

တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့အပြင် သူမရဲ့ကလေးတွေကိုပါ မြေတောင်မြှောက်ပေးနေတာ ဖြစ်ပါတယ် ။ သားတစ်ယောက်၊ သမီးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ခင်ဇာခြည်ကျော်က ကလေးတွေကို တာဝန်ကျေပွန်စွာ စောင့်ရှောက်နေတာ ဖြစ်ပါတယ် ။

ခင်ဇာခြည်ကျော်ရဲ့သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာတို့ကလည်း ချစ်မေမေရဲ့

 

အနုပညာအမွေတွေကို ဆက်ခံထားတဲ့ မျိုးဆက်သစ် အနုပညာရှင်လေးတွေ ဖြစ်ကြပါတယ် ။ ထင်သစ္စာတို့မောင်နှမက အခုဆိုရင် ကြော်ငြာလေးတွေတောင် မကြာခဏရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ သားသမီးတွေနဲ့ ကြည်နူးပျော်ရွှင်နေတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြလေ့ ရှိပါတယ် ။

 

ဒီနေ့ကတော့ သမီးငယ်လေး ထင်သစ္စာရဲ့ မွေးနေ့လေးပဲဖြစ်ရာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ချစ်ခြင်း မေတ္တာအပြည့်နဲ့ ခုလို ဆုတောင်းပေးထားတာတွေ့ရပါတယ် ။ ” Happy Birthday ပါ ချစ်သမီး ငယ် ထင်သစ္စာ မေ မေ နဲ့မွေး လ အတူ တူ ဇွန် လ  ၂၅.၆.၂၀၂၁ မှာ အသက်( ၁၇ ) နှစ် ပြည့် ပြီ နော် ..

 

သမီး လေး ရေ ယ နေ့ ကျ ရောက် တဲ့ မွေး နေ့က စပြီး စိတ် ချမ်း သာ ကိုယ် ကျန်း မာ စွာ နဲ့ ပညာ ရေး မှာ ထူး ချွန် ထက်မြက် ပါ စေ!! မိဘ ကျေးဇူး ကို သိတတ်နား လည် တဲ့ သမီး လေး ဖြစ် ပါ စေ လို့မေ မေ က ဆု မွန် ကောင်း တောင်း လိုက် ပါတယ်…မွေး နေ့ မှာ ပျော် ရွှင် ပါ စေ သဲလေးရေ…” ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း ထင်သစ္စာလည်း မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

 

 

Credit