News

ရက်(၂၀)ကျော်တဲ့အထိ အကူအညီတွေမရလို့ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေထိုင်နေရပြီး ဝမ်းပျက်ဝမ်းလျောဖြစ်နေကြတဲ့ ဒီမောဆိုက စစ်ဘေးရှောင်ကလေးငယ်များ

ရက်(၂၀)ကျော်တဲ့အထိ အကူအညီတွေမရလို့ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေထိုင်နေရပြီး ဝမ်းပျက်ဝမ်းလျောဖြစ်နေကြတဲ့ ဒီမောဆိုက စစ်ဘေးရှောင်ကလေးငယ်များ

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေ းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေခဲ့ရပါတယ်။

 

 

ယခုရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲထားတာကြောင့် နေအိ မ်ဆီပြန်လာနေကြတဲ့ စစ်ဘေးရှောင်တွေလည်းရှိသလို စစ်ကေ ာင်စီတပ်တွေကို အယုံအကြည်မရှိတာကြောင့် ဆက်လက်စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။

 

 

စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေထဲမှာ ကလေးငယ်တွေ၊သ က်ကြီးရွယ်အိုတွေလည်းပါတာကြောင့် ဆေးဝါးပစ္စည်းတွေ အမြန်လိုအပ်နေကြပါတယ်။

ယနေ့မှာတော့ မိုးဗြဲနဲ့ ဒီမောဆိုကြားမှာရှိတဲ့ လီဝိုးရွာကစစ်ဘေ းရှောင်ပြည်သူ(၂)ထောင်ကျော်ဟာ ရက်(၂၀)ကျော်တဲ့အထိ အကူအညီတွေမရတာကြောင့် ဒုက္ခပင်လယ်ဝေနေကြပါတယ်။

 

 

အဆိုပါစစ်ဘေးရှောင်ပြည်သူတွေဟာ ကျောက်ဆောင်တွေကိုအဖီဆွဲပြီး ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေထိုင်နေရရှာပါတယ်။ အ ဆိုပါစစ်ဘေးရှောင်စခန်းမှာရှိတဲ့ ကလေးငယ်လေးတွေဟာ ဝမ် းပျက်ဝမ်းလျောဖြစ်နေကြသလို လူကြီးတွေဟာလည်း ကိုက် ခဲဖျားနာတဲ့ ဝေဒနာတွေကို ခံစားနေရရှာပါတယ်။

 

ပြည်သူတစ်ဦးက ” မိုးဗြဲနဲ့ ဒီမောဆို ကြားမှာရှိတဲ့ လီဝိုးရွာက ပြည်သူ နှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရတာရက်ပေ ါင်း (၂၀)ကျော်တဲ့အထိ အကူအညီတွေ မရောက်သလောက် ဖြစ်နေပါတယ်။

 

 

ကြားရွာဖြစ်နေလို့ အလယ်လပ်နေတဲ့သဘောပါ။မိုးဗြဲ အကူအ ညီကောဒီမောဆို အကူအညီကော သိပ်မရောက်ပါ။အဓိကလိုနေတာက ဆေးဝါး၊ ရိက္ခာ၊ မိုးကာနဲ့ အခင်းပါ။ကလေးတွေက ဝမ်းပျက်ဝမ်းလျော လူကြီးတွေက ကိုက်ခဲဖျားနာ ဖြစ်နေပါတ ယ်။

 

 

နီးစပ်တဲ့သူတွေ ကူညီပေးစေချင်ပါတယ်ခင်ဗျာ။လုံခြုံရေးအ တွက်ကျောက်တောင်ကို အဖီဆွဲနေကြတာပါ။ ကိုယ့်အသိရွာသ ားတွေပါ။ စစ်ရေးအခြေအနေအရ မိသားစုဝင် အားလုံးနေရပ်ပြန်ဖို့ မဖြစ်နိုင်သေးပါ ”

 

 

ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူတွေကတော့ စစ်ဘေးရှောင်ကလေးငယ်လေးတွေရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။

crd# original writer