Celebrity News

နိုင်ငံရေးနဲ့ကင်းရှင်းပြီး ကျွန်တော်တို့ကအနုပညာစစ်စစ်ဘဲ ချပြချင်တာဆိုတဲ့ လူရွှင်တော်တွေကို ဒဲ့ပြောလိုက်တဲ့ တိုင်းကျော်

နိုင်ငံရေးနဲ့ကင်းရှင်းပြီး ကျွန်တော်တို့ကအနုပညာစစ်စစ်ဘဲ ချပြချင်တာဆိုတဲ့ လူရွှင်တော်တွေကို ဒဲ့ပြောလိုက်တဲ့ တိုင်းကျော်

လွန်ခဲ့သော ၂ နာရီက 14:00 June 25, 2021 ဟား ၅ ကောင်လူရွှင်တော်အဖွဲ့ကတော့ အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသားရပ်တည်နေတဲ့ လူရွှင်တော်အဖွဲ့ဖြစ်သလို ယခုမှာလည်း တော်လှန်ရေးနယ်မြေဆီ သွာ းရောက်ပြီး စစ်သင်တန်းသင်ကြားနေတာဖြစ်ပါတယ်။

 

 

ခက်ခဲပင်ပန်းမှုတွေ၊ အစားအသောက်အဆင်မပြေမှုတွေရှိပေမယ့်လည်း မငြီးငြူကြဘဲ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိ မ်ကို ကာကွယ်ပေးဖို့ကြိုးစားနေတဲ့ သူတို့အဖွဲ့ကတော့ အာဏာ ရှင်ကိုအမြစ်ပြတ်တိုက်ထုတ်ဖို့ စိတ်အားထက်သန်နေကြပါတ ယ်။

 

 

ဟား၅ကောင်လူရွှင်တော်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ တို င်းကျော်ကတော့ တော်လှန်ရေးပြုလုပ်နေတဲ့ကြားက ပြည်သူတွေစိတ်ခွန်အားဖြစ်စေမယ့်စာလေးတွေကို မကြာခဏမျှဝေပေးလေ့ရှိပါတယ် ။

 

 

သူကတော့ တော်လှန်ရေးနယ်မြေထဲရောက်ရှိနေတဲ့ ဟား၅ကေ ာင်လူရွှင်တော်အဖွဲ့ရဲ့လှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ယက်စာ မျက်နှာထက်မှာ တင်ပေးလေ့ရှိပါတယ်။ ယခုမှာတော့ လူရွှင် တော်တိုင်းကျော်တစ်ယောက်ဟာ နိုင်ငံရေးနဲ့ကင်းရှင်းပြီး အနု ပညာစစ်စစ်ဘဲ ချပြချင်တာဆိုတဲ့ လူရွှင်တော်တွေကို ဒဲ့ပြောလိုက်ပါတယ်။

 

 

တိုင်းကျော်ကတော့ ” နိုင်ငံရေး နဲ့ ကင်းရှင်းပါတယ် ဆိုတဲ့အနု ပညာ သမား တွေ ကျွန်တော် တို့ကအနုပညာ စစ်စစ် ဘဲ ချပြ ချင်တာ ဆိုတဲ့လူရွှင်တော် သူတော်ကောင်း အပေါင်း တို့ခင်ဗျာ း တို့ ပြက်လုံး ကောင်းတွေ မျှော်နေတာကြာပြီ ရယ်ချင်လို့ မပြက်ကြတော့ ဘူးလား လုပ်ပါ နိုင်ငံရေး မပြက်နဲ့ ရယ်စရာလေးဘဲပြက်ပါ ( ထွီ ) ပြောခဲတယ် နော် တိုင်းကျော်က “ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

တော်လှန်ရေးနယ်မြေထဲရောက်ရှိနေတဲ့ လူရွှင်တော်တိုင်းကျော်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေး လိုက်ရပါတယ်။

crd#original writer