Celebrity News








“ဘဝမှာ ကြ​တော် ဘယ်တော့မှ မစွန့်လွှတ်ဘူး ဘယ်တော့မှ


ဒါဏ်ရာတွေအများကြီးနဲ့ရှိနေခဲ့အချိန်များတောင် ကြ​တော်ဆိုတာ












Crd

 

ဂီတလောကကို အပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့ အဆိုတော်ရိန်မိုး

ပရိသတ်ကြိုက်နှစ်သက်လက်ခံအားပေးတဲ့အဆိုတော်ရိန်မိုး က

ဒီနှစ်ထဲမှာကြီးကျယ်ခမ်းနားတဲ့One man Show liveသီဆိုရင်း

နှုတ်ဆက်ပွဲလုပ်ဖိုစီစဉ်ထားပေမယ့် ဒီနေ့မှာတော့ဂီတလောကထဲမှ

အပြီးတိုင် နှုတ်ဆက်လိုက်ကြောင်းစာကိုရေးသားလာခဲ့ပါတယ်။

“ဘဝမှာ ကျတော် ဘယ်တော့မှ မစွန့်လွှတ်ဘူး ဘယ်တော့မှ နောက်မဆုတ်ဘူးလို့ ဘဝနဲ့ရင်းလို့ ချော်လဲလို့ ပြုတ်ကျလို့

ဒါဏ်ရာတွေအများကြီးနဲ့ရှိနေခဲ့အချိန်များတောင် ကျတော်ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး

သိုပေမယ့်လည်း ကနေ့ အခြေအနေ အချိန်ခါတစ်ခုမှာ စွန့်လွတ်လိုက်ရပါပီ

အမှန်က ကျတော့ကိုချစ်သော ကျတော်ကချစ်သော အမျိုးများအတွက် (2021) ဒီနှစ်ထဲမှာ ကျတော့ရဲ့ကြီးကျယ်ခန်းနားတဲ့

One man show live တစ်ခုကို နှုတ်ဆက်ပွဲနဲ့ အတူကျင်းပဖို

ရည်ရွယ်ခဲ့ပေမယ့်လည်း ခုတော့ မဖြစ်နိုင်တော့လို့ 24/6/2021 ဒီနေ့ ဒီရက် ဒီအချိန်ကနေပီး ကျတော် ရိန်မိုး သည်

ဂီတလောကထဲကနေပီး လုံးဝအပီးအပိုင် နှုတ်ဆက်လိုက်ပါကြောင်းကို

ကျတော့ရဲ့ ချစ်တဲ့ ပရိတ်သတ်များ အမျိုးများ မိတ်ဆွေများ အပေါင်းသင်းများ အားလုံးကို

အပီးတိုင် နှုတ်ဆက်လိုက်ပါတယ်ခင်ဗျား ကျတော်သေသည့်တိုင်အောင်

ဂီတက ကျတော့နှလုံးသားထဲမှာ “ထာဝရသေဆုံးမသွားဘူး “ထာဝရ ကျတော့အပေါ်သစ္စာရှိတဲ့ဂီတကို

ကျတော် သစ္စာဖောက်လိုက်ပါပြီ ခွင့်လွတ်ပါ ကျတော်ချစ်သော’ ဂီတ’

“အဆိုတော်ရိန်မိုးရဲ့ပရိသတ်တွေအတွက်ဝမ်းနည်းစရာ သတင်းစကားကို

သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားလာခဲ့တာပါပဲဖြစ်ပါတယ်။

Crd