News

တော်လှန်ရေးတိုက်ပွဲများနဲ့ ပတ်သက်တဲ့ သတင်းမှန်သမျှ အင်တာဗျူးမဖြေတော့ကြောင်း ပြတ်သားစွာ သတင်း ထုတ်ပြန်လိုက်တဲ့ MDY-PDF တပ်ဖွဲ့

တော်လှန်ရေးတိုက်ပွဲများနဲ့ ပတ်သက်တဲ့ သတင်းမှန်သမျှ အင်တာဗျူးမဖြေတော့ကြောင်း ပြတ်သားစွာ သတင်း ထုတ်ပြန်လိုက်တဲ့ MDY-PDF တပ်ဖွဲ့

မနေ့ညက လူမှုကွန်ယက်တွင် MDY-PDF ပြည်သူ့ကာကွ ယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင် ဖမ်းဆီးခံလို က်ရပြီဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းဟာ သေချာကြောင်း ဘယ်သူမှအတည်မပြုနိုင်ခဲ့ကြပါဘူး။ မကြာသေးခင် မိနစ်ပိုင်းလောက်က ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး MDY-PDF ရဲ့ Facebook Page တွ င် ပြန်လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။

 

 

ဗိုလ်ထွန်းတောက်နိုင် အဖမ်းခံရတယ်ဆိုတာ မဟုတ်မှန်ကြေ ာင်းနဲ့ အဖွဲ့ဝင်များနဲ့ အတူရှိနေကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။ မနေ့ညက ထွက်ပေါ်လာတဲ့သတင်းတွေကို စိုးရိမ်နေကြတဲ့ ပြည်သူများကိုလည်းကျေးဇူးတင်ရှိကြောင်းနဲ့ MP DF အဖွဲ့နဲ့ ပတ်သက်သော သတင်းများကို ယခု Page မှ တ ရားဝင်ထုတ်ပြန်မှသာယုံကြည်ကြဖို့ကိုလည်း ရေးသားထားပါသေးတယ်။

 

 

တော်လှန်ရေးနဲ့ပတ်သက်တဲ့ အင်တာဗျူးများကိုလည်း လုံးဝဖြေကြားတော့မှာ မဟုတ်ကြောင်းကိုလည်း အခုလို ရေးသားပြောပြထားတာ ဖြစ်ပါတယ်။” လက်ရှိအခြေနေအရMDY-PDF နှင့်ပတ်သက်ပြီးသတင်းများထွက်ပေါ်နေသည်ကို မိဘပြည်သူများစိုးရိမ်ပူပန်ပေးကြသည့်အတွက် အထူးပင်ကျေးဇူ းတင်ရှိပါသည်။

ကျွန်ုပ်တို့ MPDF နှင့်ပတ်သက်သောသတင်းများကို ယခု Page မှထုတ်ပြန်မှသာအတည်ပြုလက်ခံပေးကြပါရန် လေး စားစွာအသိပေးကြေငြာအပ်ပါသည်။ကျွန်ုပ်တို့အားလုံး အန္တ ရာယ်ကင်းစွာရှိနေပါသည်။
# အင်တာဗျူးဖြေကြားခြင်းလုံးဝမရှိတော့ပါ

 

 

ပြန်ကြားရေး(MDY-PDF) ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အခုလိုအခြေအနေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေနဲ့ အန္တရာယ်ရှိတဲ့ အနေအထားဖြစ်တာကြောင့် ပြ ည်သူတွေအားလုံးက သူတို့လေးတွေ ဘေးကင်းစေဖို့ မေတ္တာပို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း ကောလဟာလသတင်းများကို မယုံ ကြည်သင့်ဘဲ တရားဝင်သတင်းဌာနများမှ တင်တာတွေကိုသာ ယုံကြည်ကြဖို့ ပြောကြားရင်း ဒီသတင်းလေးကို တင်ဆက်ပေး လိုက် ရပါတယ်။

crd#original writer