News

သွေးမအေးတဲ့မုံရွာပြည်သူတွေရဲ့ မြို့လယ်ခေါင်မှာပြုလုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပုံရိပ်များ

သွေးမအေးတဲ့မုံရွာပြည်သူတွေရဲ့ မြို့လယ်ခေါင်မှာပြုလုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပုံရိပ်များ

ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အရေးတော်ပုံကြီးအောင် မြင်ရေးအတွက် မြို့လုံးကျွတ်နီးပါးတက်ကြွခဲ့ကြတဲ့မြို့တွေထဲမှာဆိုရင် မုံရွာမြို့ကလည်းချန်ထားလို့မရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဖမ်းဆီးခံရမှုတွေ။

 

 

ဖြိုခွင်းခံရမှုတွေကြောင့် ဆန္ဒပြပွဲတွေအရှိန်အဟုန်လျော့နည်းသွားပေမယ့်လည်း ပြည်သူတွေကတော့ ရရာနည်းလမ်းနဲ့ ဆန့်ကျင်ဆန္ဒပြနေကြဆဲဖြစ်ပြီး ပြောက်ကျားသပိတ်တွေပြုလုပ်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေကြတာဖြစ်ပါတ ယ်…..။

 

 

မုံရွာဒေသအတွင်းမှာ အာဏာရှင်စနစ်‌ကိုတော်လှန်ရင်း အသ က်ဆုံးရှုံးသွားရတဲ့သူရဲကောင်းတွေလည်းရှိသလို မုံရွာလူထုခေ ါင်းဆောင် ကိုဝေမိုးနိုင်အပါအ၀င်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေလည်းများစွာရှိနေတာပါ။

အခုလိုမုံရွာမြို့ကိုစစ်‌ကောင်စီတပ်တွေက ဖိနှိပ်ထားတဲ့ကြားကနေ မုံရွာပြည်သူလူထုကတော့ ရရာနည်းလမ်းနဲ့နေပူမရှောင် မိုး ရွာမရှောင် ယနေ့ထက်ထိဆန္ဒထုတ်ဖော်နေကြဆဲဖြစ်ပါတယ်. ….။

 

ဒီကနေ့ ဇွန်လ၂၄ရက်နေ့မှာဆိုရင်လည်း မုံရွာပြည်သူလူထုက မြို့လယ်မီးပွိုင့်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ အချိန်တိုလေးအတွင်းမှာ ဆိုင်ကယ်တွေကိုယ်စီနဲ့ ချက်ချင်းစုရုံးရောက်ရှိလာကြပြီး လက်သုံးချောင်းထောင်ကာဆန္ဒပြခဲ့ကြပါတယ်။

ဖိနှိပ်မှုတွေကြားကနေ မြို့လယ်ခေါင်မှာဆန္ဒထုတ်ဖော်ရင်း သ မဂ္ဂအလံလွှင့်နိုင်ခဲ့တဲ့ မုံရွာပြည်သူတွေရဲ့သတ္တိကတောလေး စားစရာပါ။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

crd#original writer