Celebrity News

သေနတ်ပစ် လေ့ကျင့်ခန်းလုပ်နေတဲ့ အနုပညာရှင်သုံးဦး ဘယ်သူတွေများပါလိမ့်(ရုပ်သံ)

KNU တပ်မဟာ ၅ရောက်ကာ သေနတ် ပစ်သင်နေတယ် ဆိုပြီး အွန်လိုင်းပေါ်ပြန့်နှံ့နေတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦး နဲ့ မေပန်းချီ တို့ရဲ့ ဗီဒီယို

   

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ အနုပညာရှင် တွေ တော်တော်များများ ကလည်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်းတစ်သားတည်း ရပ်တည်ကာ အမှန်တရားဘက် မားမား မတ်မတ်ရပ်တည်နေကြတာ တွေ့ရပါတယ်

၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင် တချို့ဟာ ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံနေရသလို

   

တချို့ကတော့ GZ လူငယ်တွေနဲ့အတူ တောထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ စစ်ပညာသင်နေကြပြီးအန္တရာယ်အခက်အခဲတွေကြ ားက ရှောင်တိမ်း နေကြရတဲ့ အနုပညာရှင်တွေကလည်း အမျ ားအပြားပါပဲတော်လှန်ရေးအတွက် အမှန်တကယ် လုပ်ဆော င်နေကြသူတွေ ရှိသလို သတင်း

အမှားတွေလည်းတွေ့မြင်နေရပြီး ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးနဲ့ မေပန်းချီတို့ဟာ KNU တပ်မဟာ ၅ ကိုရောက်ရှိနေကာသေန တ်ပစ်သင်နေတယ်ဆိုပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဗီဒီယိုဖိုင်တွေပြန့်နှံ့နေတာတွေ့ရပါတယ်

   

ဒီဗီဒီယိုဖိုင်ကို လက်ရှိမှာတော့ ပြန်လည် ဖြန့်ဝေသူတွေများစွာ ရှိနေပေမယ့် လည်း တကယ်တော့ ဒီဗီဒီယိုဟာအရင်တုန်းက ရို က်ကူးထားတဲ့ ဗီဒီယိုဖိုင် တစ်ခုပဲ ဖြစ်ပါတယ်

လက်ရှိမှာတော့ သရုပ်ဆောင်ဆုမြတ်နိုးဦးနဲ့ မေပန်းချီတို့ဟာ အခြေအနေ အမျိုးမျိုးကြောင့် အခက်အခဲတွေရှိပေမယ့်စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေကြတာကိုလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကနေတစ်ဆင့် တွေ့မြင်နေရပါတ ယ်

   

၅၀၅ က ဖြင့် အမှုဖွင့်ခြင်း ခံထားရတဲ့ သရုပ်ဆောင်ညီထွဋ်ခေါ င်ကတော့ လတ်တလောမှာဘေးလွတ်ရာကို ရှောင်တိမ်းနေတာ ဖြစ်ပါတယ်

   

အရင်တုန်းက တင်ခဲ့တဲ့ ဗီဒီယိုအဟောင်းလေးသာဖြစ်ပေမယ့် အွန်လိုင်းပေါ်ပြန့်နှံ့နေကြတဲ့အနုပညာရှင်သုံးယောက်ရဲ့ တောထဲသေနတ်ပစ်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွ က်မျှဝေပေးလိုက်ပါတယ်နော်.

crd#original writer