Celebrity News

ဆုံးပါးသွားတဲ့ တော်လှန်ရေးရဲဘော်ရေမွန်အတွက် နာကျည်းစိတ်နဲ့ ခံစားချက်တွေကို ဖွင့်ဟလာခဲ့တဲ့ ထားထက်ထက်ရဲ့ရင်တွင်းစကား

ဂီတအရည်အသွေးပြည့်ဝတဲ့ အဆိုတော်ရေမွန်ရဲ့သေဆုံးမှုကြောင့် အားလုံးစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ အားလုံးကိုယ်စီစိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို ဖွင့်ဟခဲ့ပြီးနောက် ထားထ က်ထက်ကလည်း သူမနဲ့ရေမွန်တို့နှစ်ယောက်ကြားက အမှတ်တ ရတွေကို ပြောပြပြီး အရည်အချင်းရှိသူတစ်ယေ ာက်ဆုံးရှုံးရခြ င်းကြောင့် ဝမ်းနည်းရကြောင်း ပြောပြလာခဲ့ပါတယ်။

စစ်အာဏာရှင်ကိုတော်လှန်ကြဖို့ တောထဲမှာ ဒုက္ခခံခဲ့ရတဲ့ဘဝ တူသူမို့ အပြန်အလှန် နားလည်စာနာပြီး ဝမ်းနည်းရမှာအသေ အချာပါပဲ။

 

 

သူမတို့နှစ်ယောက်ကြားက အမှတ်တရကို ” တော်လှန်ရေး ရဲ ဘော်ရဲဘက် အကိုရေမွန်သို့ မမြင်နိုင် မကြားနိုင်တော့ပေမယ့် လေးစားဂုဏ်ပြုပါရစေ အကို့အမေဆီမှာ သီချင်းဆို သင်တန်းတက်ရင်း အကို့ကိုသိခဲ့ပါတယ်။

အကို့သီချင်းတွေနားထောင်ဖြစ်ပါတယ်။ အကို့ အနုပညာကိုကြိုက်ခဲ့ပါတယ်။ နောက်ပိုင်း We Love Yangon မှာ ပရဟိတ လုပ်ရင်း ထပ်ဆုံကြတဲ့အခါ အရင်လိုပဲ ဖော်ရွေဖြူစ င်တဲ့ အပြုံးနဲ့ အကို့ကောင်မလေး ကေကေနဲ့အတူတူ အကို့အနု ပညာနဲ့

ပရဟိတလုပ်နေသူတွေကို အားပေးရင်း သီချင်းတွေနဲ့ဖျော်ဖြေပေးတဲ့ အကို တော်လှန်ရေးအတွက် အကိုလွတ်မြောက်နယ် မြေကိုရောက်နေတာ သိခဲ့ရပြန်တော့လဲ လေးစားရပါတယ်။

အခုလို ဆုံးရှုံးလိုက်ရတာကိုလဲ တော်တော်စိတ်မကောင်း ဖြစ်ရပါတယ် အကို အစားအသောက် ၊ အနေအထိုင်ဆင်းရဲပြီး ငှ က်ဖျားပိုးကြောင့်ဖြစ်ဖြစ်၊ အစာအိမ် သွေးကြောပေါက်တာကြောင့်ဖြစ်ဖြစ် အသက်ဆုံးရှုံးရလို့ ဝမ်းနည်းရပါတယ် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

 

 

ဒီနောက်မှာလည်း ” ပိုပြီးဝမ်းနည်းရတာက တိုက်ပွဲဝင်ဖို့ ဆုံးဖြ တ်ပြီး ပြင်ဆင်နေတဲ့ ရဲဘော်တစ်ယောက်ဟာ အသက်ဆုံးရှုံးနို င်တယ်ဆိုတာ သိသိကြီးနဲ့ ဒီအထိရောက်လာ ၊ တိုက်ခိုက်ရေး ပညာတွေသင်ပြီးမှ အဆင်သင့်မဖြစ်ခင်၊

မတရားမှုအတွက် စစ်ကောင်စီကို ပြန်ပြီးမတိုက်ရခင်မှာ ဆုံ းရှုံးသွားရတာကို ပိုနှမြောတသဖြစ်ရတယ် ကိုရေမွန်လဲ ဒီအ တိုင်းပဲ စိတ်ထဲရှိနေမယ်လို့ ကျွန်မထင်တယ် ကျဆုံးခဲ့ပြီးသော ရဲ ဘော်ကို ကျွန်မကတိပေးပါတယ်။

ကျွန်မတို့ အခုထက်ပိုပြီး ကြိုးစားပါမယ်။ အခုထက် ပိုပြီး အ ားစိုက်ပါမယ်။ အခုထက်ပိုပြီး တန်ဖိုးရှိတဲ့အသက်တွေ မဆုံ းရှုံးရအောင် ၊ ရဲဘော်တွေအားလုံး တိုက်ပွဲအတွက် ချပ်ဝတ် တန်ဆာ အဆင်သင့်ဖြစ်အောင် ၊

ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဌကနေပါဝင်ပါ့မယ်။ မြင့်မြတ် သောဘုံဘဝမှာ အနုပညာနဲ့ငြိမ်းချမ်းပါစေ ” ဟုဆိုတာ ပြတ် သားတဲ့ကတိတွေ ပေးခဲ့ပါသေးတယ်။

 

crd#original writer