Celebrity News
မန္တလေး သတင်းစီးဆင်းမှု အနှောက်အယှက်မဖြစ်စေဖို့ Liveလွှင့်ပြီးဈေးရောင်းတာကို ရပ်နားလိုက်တဲ့ သဉ္ဇာနွယ်ဝင်း
Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]
Unicode
ယနေ့ဇွန်လ (၂၂)ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက PDF ရုံးကို ဝင်စီးရင်းမန္တလေးPDFတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။ မန္တလေးPDFတပ်ဖွဲ့ကတော့ အဆိုပါတိုက်ပွဲအတွင်း လက်နက်နဲ့ရဲဘော်တွေဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။
တစ်ခြားနယ်မှာရှိတဲ့ PDFတပ်ဖွဲ့တွေကလည်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အတွက် စစ်ရေးအရကူညီပေးဖို့ အဆင်သင့်ရှိနေကြောင်း အသီးသီထုတ်ပြန်ထားကြပါတယ်။ သဥ္ဇာနွယ်ဝင်းကတော့ ယခုမှာ အရေးကြီးတဲ့မန္တလေးPDFသတင်းစီးဆင်းမှု အနှောက်အယှက်မဖြစ်စေဖို့အတွက် Liveလွှင့်ပြီးစျေးရောင်းတာကို ရပ်နားလိုက်ပါတယ်။
သူမကတော့ အခုလိုအခြေအနေဆိုးကြီးဖြစ်ပွားနေချိန် ပြည်သူတွေကို သူတတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတာဖြစ်ပါတယ် ။ သူမကတော့ ပြည်သူတွေရဲ့ကုန်ပစ္စည်းတွေကို အခမဲ့ကြော်ငြာရောင်းချပေးတဲ့အပြင် စျေးရောင်းလို့ရရှိတဲ့ငွေ​ကြေးတွေကိုလည်း ခက်ခဲနေတဲ့ပြည်သူတွေဆီ ပုံမုန်လှူဒါန်းပေးနေတာဖြစ်ပါတယ်။
သူမကတော့ ” အရေးကြီးသတင်းစီးဆင်းမှု အနှောက်အယှက်မဖြစ်စေရန်အတွက် အလှူliveလေးဒီညနေ မလုပ်ဖြစ်ပါဘူးရှင့်။အလှူပြန်လုပ်မဲ့နေ့ ပြန်ပြီးပြောပေးပါမယ်နော်။ အားလုံးအန္တရာယ် ကင်းဝေးကြပါစေလက်ခံထားတဲ့အလှူတွေကို နောက်မှပြန်လုပ်ပေးပါမယ်ရှင့် “ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
အခုလိုအရေးကြီးတဲ့အခြေအနေမှာ Liveမလွှင့်တဲ့ သူမရဲ့လုပ်ရပ်ကို ပြည်သူတွေ က ချီးကျူးနေကြပါတယ်။ ယခုလိုအချိန်အခါမျိုးမှာ အပျော်အပျက်အကြောင်းအရာတွေ၊အလှပုံတွေ၊​ကြော်ငြာတွေမရှဲကြဖို့ ပြည်သူတွေအချင်းချင်း တိုက်တွန်းနေကြပါတယ်။