News

သမိုင်းဝင် ဒုတိယ တော်လှန်ရေးရက်စွဲဖြစ်လာမည့် နေ့ တစ်နေ့အကြောင်း (သို့) တိုက်ပွဲခေါ်သံ D DAY

သမိုင်းဝင် ဒုတိယ တော်လှန်ရေးရက်စွဲဖြစ်လာမည့် နေ့ တစ်နေ့အကြောင်း (သို့) တိုက်ပွဲခေါ်သံ D DAY

မြို့ကြီးတွေကို စစ်မြေတလင်းလို စိစိညက်ညက်အချေခံခဲ့ရ ပြီးတဲ့နောက် တစစနဲ့ ပြန်လည်လှုပ်ရှားအသက်ဝင်လာတာကို ပုံမှန်ပြန်ဖြစ်သွားပြီလို့ ပုံဖော်နေကြသူတွေ ရှိတယ်။ တော်လှန်ရေးဆိုတာ ဒါပါပဲကွာလို့ သမိုင်းအဆွေးကြီးထဲက ရုန်းမထွက်ချင်ကြသူတွေက

အတိတ်ကာလကို ပုံတူယူပြီး အနာဂတ်ကို စိတ်ကူးယဉ်ပြီး ပုံဖျက်ပြောဆိုနေကြတာတွေလည်း ရှိတယ်။ အဲဒီလို စစ်ဖိနပ်ကို ခါးချိအောင်ကုန်းပြီး လျှာနဲ့ လျက်နေကြသူတွေအကြားမှာ ငါတို့ဟာ ငါတို့အလုပ်ကို နေ့စဉ်မပြတ် လုပ်နေကြတယ်။ ငါတို့ဟာ ငါတို့ ခရီးကို ငါတို့အင်အားနဲ့

ငါတို့ ဆက်နေကြတယ်။ မြို့ပေါ်က လူက မြို့ပေါ်မှာ ဆက်ပြီး ဆန့်ကျင်နေကြတယ်။ တောထဲက လူက တောတွင်းမှာလေ့ကျ င့်နေကြတယ်။ လွတ်မြောက်နယ်မြေက လူကလည်း ရသလို ဖီဆန်နေကြတယ်။ နွေဦးတော်လှန်ရေးဟာ… မုန်တိုင်းထဲမှာပဲ ရှေ့သို့ တဆင့်ပြီး နောက်တဆင့်။

ငါတို့ဟာ တခုတည်းသော ယုံကြည်ချက်ပေါ် အားလုံးစုစည်းညီညွတ်စွာ အင်အားအပြည့် တလှမ်းချင်း နောက်မဆုတ်စတမ် း ခိုင်ခိုင်ကြည်ကြည် လျှောက်လှမ်းနေကြတယ်။ ဒီမြေမှာ … စစ်အာဏာရှင် စနစ် အမြစ်ပြတ် ကျရှုံးပျောက်ကွယ်စေရမယ်။ ဒီမြေမှာ…

လူတစုကောင်းစားရေးအတွက် ပြည်သူကို ရန်သူသဖွယ် သတ် ဖြတ်နှိမ်နင်းနေတဲ့ အသုံးချခံ စစ်တပ်ကို အပြီးပြတ် ချေမှုန်းသု တ်သင်ဖျက်သိမ်းပစ်ရမယ်။ ဒီမြေမှာ… ပြည်သူကို သစ္စာမခံ၊ မစောင့်ရှောက်ဘဲ နီးရာဓားကြောက်၊ နှလုံးသားမှာ လောက်ပေါ က်နေတဲ့ ဝန်ထမ်းတွေနဲ့ မောင်းနှင်နေတဲ့

အုပ်ချုပ်ရေး ယန္တရားတခုလုံးကို တစစီပျက်သုဉ်းနိဂုံးချုပ်စေရမယ်။ ငါတို့ အမိမြေကို အကျည်းတန်စေတဲ့ အဓမ္မဝါဒီ မိစ္ဆာကောင်တွေရဲ့ အာဏာငရဲမီးကို နောက်ဆုံးမီးတောက်အဖြစ် ငါတို့ ငြိမ်းသက်ကြမယ်။ ငါတို့ လွတ်မြောက်ကြရမယ်။

တရားမျှတမှု ပြန်ရကို ရရမယ်။

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ကို ဖြစ်ရမယ်။ အဲဒီ ယုံကြည်ချက်တွေနဲ့ ပေးဆပ်စွန့်လှူခဲ့ကြတဲ့ ငါတို့ ပြည်သူတွေရဲ့ သွေးကြွေးကို ပြန်ရယူမယ့်နေ့။ ငါတို့အားလုံးရဲ့ ရင်ခေါင်းထဲလာတဲ့ အသံနက်ကြီးနဲ့ … “စ…စ်…………”ဆိုပြီး တနိုင်ငံလုံး ညာသံပေး တိုက်ပွဲခေါ်သံပေးမယ့်နေ့။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကြီးနဲ့အတူ ငါတို့ ပြည်သူအာ းလုံး ရရာလက်နက်ဆွဲကိုင်ပြီး တနိုင်ငံလုံး DDay တိုက်ပွဲခေါ်မယ်နေ့။ အဲဒီနေ့ကို… ငါတို့ အားလုံး နားစွင့်နေကြတယ်။ ငါတို့ အားလုံး အသင့်ရှိနေကြတယ်။ ငါတို့ အားလုံး စောင့်စားနေကြတယ်။

အဲဒီနေ့ဆီ… ငါတို့ အားလုံး ချီတက်နေကြတယ်။ D Day နေ့မှာ ရာဇဝင်သစ် ငါတို့ခေတ် ဖြစ်စေရမယ်။ ငါတို့ခေတ်ကို ရောက်ကို ရောက်စေရမယ်။

crd#original writer

ယူနီကုတ်

သမိုင်းဝင် ဒုတိယ တော်လှန်ရေးရက်စွဲဖြစ်လာမည့် နေ့ တစ်နေ့အကြောင်း (သို့) တိုက်ပွဲခေါ်သံ D day

မြို့ကြီးတွေကို စစ်မြေတလင်းလို စိစိညက်ညက်အချေခံခဲ့ရ ပြီးတဲ့နောက် တစစနဲ့ ပြန်လည်လှုပ်ရှားအသက်ဝင်လာတာကို ပုံမှန်ပြန်ဖြစ်သွားပြီလို့ ပုံဖော်နေကြသူတွေ ရှိတယ်။ တော်လှန် ရေးဆိုတာ ဒါပါပဲကွာလို့ သမိုင်းအဆွေးကြီးထဲက ရုန်းမထွက်ချင်ကြသူတွေက

အတိတ်ကာလကို ပုံတူယူပြီး အနာဂတ်ကို စိတ်ကူးယဉ်ပြီး ပုံဖျက်ပြောဆိုနေကြတာတွေလည်း ရှိတယ်။ အဲဒီလို စစ်ဖိနပ်ကို ခါးချိအောင်ကုန်းပြီး လျှာနဲ့ လျက်နေကြသူတွေအကြားမှာ ငါတို့ဟာ ငါတို့အလုပ်ကို နေ့စဉ်မပြတ် လုပ်နေကြတယ်။ ငါတို့ဟ ာ ငါတို့ ခရီးကို ငါတို့အင်အားနဲ့

ငါတို့ ဆက်နေကြတယ်။ မြို့ပေါ်က လူက မြို့ပေါ်မှာ ဆက်ပြီး ဆန့်ကျင်နေကြတယ်။ တောထဲက လူက တောတွင်းမှာ လေ့ကျ င့်နေကြတယ်။ လွတ်မြောက်နယ်မြေက လူကလည်း ရသလို ဖီ ဆန်နေကြတယ်။ နွေဦးတော်လှန်ရေးဟာ… မုန်တိုင်းထဲမှာပဲ ရှေ့သို့ တဆင့်ပြီး နောက်တဆင့်။

ငါတို့ဟာ တခုတည်းသော ယုံကြည်ချက်ပေါ် အားလုံးစုစည်းညီညွတ်စွာ အင်အားအပြည့် တလှမ်းချင်း နောက်မဆုတ်စတ မ်း ခိုင်ခိုင်ကြည်ကြည် လျှောက်လှမ်းနေကြတယ်။ ဒီမြေမှာ … စစ်အာဏာရှင် စနစ် အမြစ်ပြတ် ကျရှုံးပျောက်ကွယ်စေရမယ်။ ဒီမြေမှာ…

လူတစုကောင်းစားရေးအတွက် ပြည်သူကို ရန်သူသဖွယ် သတ် ဖြတ်နှိမ်နင်းနေတဲ့ အသုံးချခံ စစ်တပ်ကို အပြီးပြတ် ချေမှုန်းသုတ်သင်ဖျက်သိမ်းပစ်ရမယ်။ ဒီမြေမှာ… ပြည်သူကို သစ္စာမခံ၊ မစောင့်ရှောက်ဘဲ နီးရာဓားကြောက်၊ နှလုံးသားမှာ လောက်ပေါက်နေတဲ့ ဝန်ထမ်းတွေနဲ့ မောင်းနှင်နေတဲ့

အုပ်ချုပ်ရေး ယန္တရားတခုလုံးကို တစစီပျက်သုဉ်းနိဂုံးချုပ်စေရမယ်။ ငါတို့ အမိမြေကို အကျည်းတန်စေတဲ့ အဓမ္မဝါဒီ မိစ္ဆာကောင်တွေရဲ့ အာဏာငရဲမီးကို နောက်ဆုံးမီးတောက်အဖြစ် ငါတို့ ငြိမ်းသက်ကြမယ်။ ငါတို့ လွတ်မြောက်ကြရမယ်။ တရားမျှတမှု ပြန်ရကို ရရမယ်။