Articles

ဒီမိုကရေစီပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို စာလေးတွေရေးပြီး အားပေးလာခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသူ၊ကျောင်းသားမျာ

ဒီမိုကရေစီပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို စာလေးတွေရေးပြီး အားပေးလာခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသူ၊ကျောင်းသားများ

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးကိစ္စတွေကို ရေမြေရပ်ခြားပြည်ပနိုင်ငံတွေကပါ အားပေးကူညီပေးကြပြီး မြန်မာပြည်သူတွေနဲ့အတူ အပြည့်အဝ ရပ်တည်ပေးကြတာကို တွေ့ရပါတယ် ။ ဒီလို ရပ်တည်ပေးခဲ့ကြတဲ့ နိုင်ငံတွေထဲမှာတော့ တောင်ကိုရီးယားနိုင်ငံကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

 

 

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာပြည်သူတွေ ဒီမိုကရေစီပြန် လည်ရရှိဖို့အတွက် အားပေးထောက်ခံပေးကြသလို အလှူငွေများကူညီထောက်ပံ့ပေးတာ တွေ့ရပါတယ်။ယခုမှာလည်း တေ ာင်ကိုရီးယား ကျောင်းသူ၊ ကျောင်းသားတွေက မြန်မာပြည်သူတွေအတွက် အားပေးနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော် ပြလာတာတွေ့ရပါတယ်။

 

 

ဒီကျောင်းသူ၊ ကျောင်းသားလေးတွေကတော့ ဂယောင်ဂီဒိုဟွ ာဆောင်မြို့မှာရှိတဲ့ Bong-dam High School မှာ ပညာသင်ကြားနေကြတဲ့ အထက်တန်းကျောင်းသားတွေပဲ ဖြစ်ပါတယ်။

 

 

ဒီပုံလေးတွေထဲမှာတော့ စာသင်ချိန်လေးမှာ ကျောင်းသူ၊ ကျေ ာင်းသားလေးတွေဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ အ ခြေအနေကို အားပေးဖို့အတွက် သူတို့ရဲ့ ခံစားချက်လေးတွေကို နံရံမှာကပ်ထားတဲ့။

 

 

စာရွက်လေးတွေပေါ်မှာ ရေးသားထားသလို ဆိုင်းဘုတ်လေးတွေကိုင်ဆောင်ပြီး အားပေးထားကြတာ တွေ့ရပါတယ်။ ကဲ… ပရိသတ်ကြီးလည်း မြန်မာ့ဒီမိုကရေစီကို အတူတူပါဝင်ပြီး အ ားပေးကြတဲ့ Bong-dam High School ကျောင်း သားလေးတွေကို ကျေးဇူးတင်စကားလေးတွေ ပြောပေးခဲ့ပါဦး။

Crd-Original writer