News

PDFတွေ ဘေးကင်းဖို့အတွက် မန္တလေးတစ်မြို့လုံးနီးပါး ထကြွလာကြပြီး စစ်ကူပေးနေတဲ့အခြေအနေ

PDFတွေ ဘေးကင်းဖို့အတွက် မန္တလေးတစ်မြို့လုံးနီးပါး ထကြွလာကြပြီး စစ်ကူပေးနေတဲ့အခြေအနေ

ယနေ့ ဇွန်လ (၂၂)ရက်နေ့ မန္တလေးမြို့မှာတော့ မနက်ခင်း အ စောပိုင်းကတည်းက PDF နဲ့ စစ်ကောင်စီတပ်တွေအပြန်အ လှန်ပစ်ခတ်မှု ဖြစ်ပွါးနေတာဖြစ်ပါတယ်။အခုအချိန်ထိလည်း အခြေအနေမတည်ငြိမ်သေးတာကြောင့်မန္တလေးမြို့နေ ပြည်သူတွေလည်း PDF တွေဘေးကင်းဖို့အတွက် တတ်နိုင်တဲ့နေရာကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။

 

 

အခုလိုမျိုး အပြန်အလှန်ပစ်ခတ်မှုတွေ ရုတ်တရက်ဖြစ်ပေါ်လာတာက ဒလန်ရဲ့သတင်းပေးမှုကြောင့် PDF ပျောက်ကျားတ ပ်ခွဲတစ်ခုကို ဝင်စီးခံရလို့ ရှိသမျှအားနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။

ပြည်သူလူထုကလည်း PDF အဖွဲ့တွေ အသက်အန္တရာယ် ဘေးကင်းဖို့အတွက် ဆုတောင်းပေးနေကြပြီး လူမှုကွန်ယက်စာမျ က်နှာပေါ်မှာ ကာကွယ်ရမယ့် နည်းလမ်းအမျိုးမျိုးကိုလ ည်း တင်ပေးနေကြတာဖြစ်ပါတယ်။

 

 

မန္တလေးမြို့နေ ပြည်သူတွေကတော့ စစ်ကောင်စီ လမ်းကြောင် းနှောင့်နှေးအောင်လို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။မန္တလေးက ပြည်သူတွေက အခုချိန်မှာ အ ရမ်းစည်းလုံးကြပြီး တစ်နေရာအဖိခံနေရရင် နောက်တစ်နေရာက ထကြွပေးတာဖြစ်ပါတယ်။

 

 

အခုဆိုရင်တော့ မန္တလေးမြို့ရဲ့ တချို့နေရာတွေမှာ ကားတာ ယာတွေကို မီးရှို့ထားတဲ့ မြင်ကွင်းတွေကို တွေ့မြင်ရပါတယ်။အခုအခြေအနေဟာ ထိုးစစ်ဆင်ခံရတာဖြစ်လို့ ပြည်သူတွေကသာလျှင် စစ်ကူ ကူပေးရမယ့်အချိန်ပဲဖြစ်ပါတယ်။

ပြည်သူတွေကတော့ PDF အဖွဲ့များ ပြေးလမ်းဖြောင့်အောင် စောင့်ကြည့်ပေးပြီး ပုန်းခိုနိုင်ဖို့အတွက်လည်းစီစဉ်ပေးကြတာဖြစ်ပါတယ်။မန္တလေးမြို့ပေါ်မှာ ဒီနေ့မနက်ပိုင်း ဖြစ်ပျက်နေတဲ့ လမ်းပေါ်ကအခြေအနေတချို့ကိုပြည်သူများကြည့်ရှု့ရအောင်လို့ ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd-Original writer