News

မန္တလေးမြို့သာ အရမ်းအဖိခံခဲ့ရမယ်ဆိုရင် သူတို့အနေနဲ့ကြွပေးဖို့ ဝန်မလေးကြောင်းပြောလာတဲ့ KPDF တပ်ဖွဲ့က လူငယ်တစ်ဦး

မန္တလေးမြို့သာ အရမ်းအဖိခံခဲ့ရမယ်ဆိုရင် သူတို့အနေနဲ့ကြွပေးဖို့ ဝန်မလေးကြောင်းပြောလာတဲ့ KPDF တပ်ဖွဲ့က လူငယ်တစ်ဦး

အခုချိန်မှာတော့ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့နယ်အသီးသီး၊ တိုင်းဒေသအသီးသီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းနေကြတာပဲ ဖြစ်ပါတယ် ။ PDF တွေကတော့ အရေးကြုံလာရင် ပြည်သူတွေကို ကာကွယ်ဖို့အတွက် လေ့ကျင့်ရေးသင်တန်းတွေ တက်ရောက်နေကြပြီး ခက်ခက်ခဲခဲကြိုးစားနေကြတာ ဖြစ်ပါတယ် ။

 

 

ယနေ့မနက်ပိုင်းမှာဆိုရင်လည်း မန္တလေးမြို့မှာ စစ်ကောင်စီတ ပ်ဖွဲ့ဝင်တွေနဲ့ မန္တလေး PDF တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြ စ်ပေါ်နေတာ ဖြစ်ပါတယ် ။မန္တလေးမြို့မှာတော့ တစ်ဖက်နဲ့တစ် ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘ က်ကလည်း PDF တွေကို အင်အားအများအပြားသုံးကာ ဖြိုခွင်းနေတာ ဖြစ်ပါတယ် ။

 

 

ဒါကြောင့် ပြည်သူတွေကလည်း PDF တွေကို အကူအညီပေးနိုင်မယ့် နည်းလမ်းတွေကို တွေးတောကြံဆပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် ။ မန္တလေးမြို့မှာ ဖြစ်ပေါ်နေတဲ့ အခြေအ နေနဲ့ပတ်သက်ပြီး KPDF တပ်ဖွဲ့က လူငယ်တစ်ဦးကလည်း သူတို့ရဲ့ဆန္ဒကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။

 

 

KPDF တပ်ဖွဲ့က လူငယ်တစ်ဦးက တစ်နိုင်ငံလုံး အတိုင်းအ တာတစ်ခုအနေနဲ့ ကြွဖို့ရှိတာကြောင့် ပြင်ဆင်စရာတွေကို အခုကတည်းက ပြင်ဆင်နေကြပြီဖြစ်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

တကယ်လို့ မန္တလေးမြို့သာ အရမ်းအဖိခံခဲ့ရမယ်ဆိုရင်လည်း သူတို့အနေနဲ့ ကြွပေးဖို့ ဝန်မလေးကြောင်း ပြောကြားထားတာ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူတို့ကို အချိန်လေးတစ်ခုတော့ ပေးစေချင်ပါတယ်ဆိုပြီး KPDF လူငယ်တစ်ဦးက မေတ္တာရပ်ခံထားတာပဲ ဖြစ်ပါတယ် ။

Crd-Original writer