Celebrity News

စည်ပင်သန့်ရှင်းရေးလုပ်သားတွေနဲ့ ချို့တဲ့သူတစ်ချို့ကို အခြေခံစားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ Ah Boy

ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် Ah Boy ကတော့ မနေ့က ဇွန်လ (၁၉)ရက်နေ့က အကိုလို ခင်ရတဲ့ မိတ်တွေတစ်ဦးနဲ့ နှစ်ယောက်ပေါင်းကာ အခြေခံစားသောက်ကုန်တွေလိုက်လံလှူဒါန်းခဲ့ပါတယ်။

 

Ah Boy ကတော့ အလှူအတန်းတွေကို အလှူရေစက်လက်နဲ့မကွာဆိုသလို တတ်နိုင်သလောက် အမြဲတမ်းလိုလို လှူဒါန်းလေ့ရှိတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

မနေ့ကလည်း စည်ပင်က သန့်ရှင်းရေးဝန်ထမ်းတွေနဲ့ ချို့တဲ့တဲ့သူတစ်ချို့အတွက်ကို အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူး စတာတွေကို လိုက်လံလှူဒါန်းပေးခဲ့တာပါ။

 

Ah Boy ကတော့ မနေ့ပြုလုပ်ခဲ့တဲ့ သူတို့ရဲ့အလှူလေးကိုပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ လိုက်လံလှူဒါန်းတဲ့ ပုံလေးတွေနဲ့ အတူ အခုလိုပဲမျှဝေထားပါသေးတယ်။

“ယနေ့ ကျွန်တော်တို့ ညီအကို (၂) ယောက်ရဲ့ အလှူလေးပါ။”ဆိုတဲ့ စာလေးနဲ့ အတူ အခုလို အလှူလေးကို ပါဝင်လှူဒါန်းအောင် ဖိတ်ခေါ်ပေးတဲ့ အကိုလိုခင်ရတဲ့သူကို

 

လည်းကျေးဇူးတင်ရှိကြောင်းဖော်ပြထားပါသေးတယ်။ ပရိသတ်ကြီးရေ Ah Boy တို့ရဲ့ အလှူလေးကို ပရိသတ်တွေကလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Credit