Celebrity News

ချစ်စရာပုံစံလေးနဲ့ ဆွဲဆောင်မှုရှိနေတဲ့ ခေးဆက်သွင်ရဲ့ အမိုက်စားဗီဒီယို


 



 



UNICODE

မကြာသေးမီက ဆက်ဆီကျကျလှပနေတဲ့ ခေးဆက်သွင် ဟာ သူမရဲ့ Tik tok accလေးမှာ ဆံပင်အရှည်လေးနဲ့ ပူဖောင်းလေးတွေကိုင်ကာ ချစ်စရာကောင်းနေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။

 

ခေးဆက်သွင်ရဲ့ ယဉ်ယဉ်လေးနဲ့လှနေတဲ့ အလှတရားလေးကို ဒီဗီဒီယိုလေးမှာ အထင်းသား တွေ့မြင်ရတာပါနော်။ ကဲ…….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်။ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက် လေးတွေနဲ့ ဇာတ်ရုပ်ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးခေးဆက် သွင်ကိုသိကြမယ်ထင်ပါတယ်နော်။

သူမဟာသရုပ်ဆောင်ပိုင်းမှာကြိုးစားသူဖြစ်တာကြောင့် ဇာတ်လမ်းတွဲများစွာအပြင် ရုပ်ရှင်ကားကြီး တွေအထိပါရိုက်ကူးနေရပြီဖြစ်တဲ့ မင်းသမီး တစ်ယောက်ပါ။ခေးဆက်သွင်ဟာ အနုပညာအရည်အချင်းပြည့်ဝတဲ့မ င်းသမီးလေးဖြစ်တဲ့အပြင် စိတ်သဘောထားလည်း ကောင်းမွန်တဲ့သူလေးပါ။

 

သူမ ဟာ ပျော်ပျော်နေတတ်သူဖြစ်ပြီး ပရိတ်သတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ကြတဲ့သူ လေးပါနော်။ ခေးဆက်သွင်ဟာ ပျော်ပျော်နေတတ်တဲ့သူ ဖြစ်ပြီး tik tok ဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးလေ့ရှိတဲ့သူပါ။

Photo credit- Khay Sett Thwin’s Facebook acc