News

ဒေါ်အောင်ဆန်းစုကြည်ထံ အသုံးစရိတ် ပေးခွင့်မရ

 

ဒေါ်အောင်ဆန်းစုကြည်ထံ အသုံးစရိတ် ပေးခွင့်မရ

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံ တော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုရှေ့နေအဖွဲ့က နေ့စဥ်အသုံးစရိတ်အတွက် ငွေကြေးကူညီရာမှာ ရဲက လက်မခံတဲ့အတွက် အခက်အခဲဖြ စ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

 

 

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းကဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  အခု လေးလကျော်အတွင်းမှာ နေ့စဉ်စားဝတ်နေရေးနဲ့ အသုံးစ ရိတ် ခက်ခဲ နေတဲ့အတွက် ကူညီပေးဖို့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့  ရုံးချိန်းမှာ သူ့ရဲ့ ရှေ့နေအဖွဲ့ကို ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတူနေထိုင်သူတွေရဲ့ နေ့ စဉ်အသုံးစရိတ်အတွက် နေပြည်တော်မှာရှိတဲ့ ရှေ့နေအဖွဲ့က လွန်ခဲ့တဲ့သီတင်းပတ်က ရဲ တ ပ်ဖွဲ့ကတဆင့် ကျပ်ငွေသိန်း ၅၀  ပေးခဲ့ပေမယ့်  လ က်မခံခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

ဆန်၊ ဆီ၊ ဆားတော့ ပို့ထားတယ်လေ၊ အဲဒါတွေကတော့ ပြန်မပေးဘူးဗျ၊ သို့သော် ဒေါ်အောင်ဆန်း စုကြည်ကပြောတာ တ ချို့ပစ္စည်းတွေ၊ တချို့အစားသောက်တွေက နည်းနည်းလေး မှို တက်တာတွေ ဘာတွေရှိတယ်လို့ ပြောတယ်။

ဒုတိယနေ့က ပို့တော့လေ။ တွေ့တဲ့အခါတိုင်းတော့  အဆင်ပြေသလို ပို့ကြရမှာပေါ့နော်၊ ဒါပေမဲ့  ခုနက  ပြောသလို ငွေကြေးကတော့ မရသေးဘူး။

 

 

ဘယ်လိုပြောရမလဲ အရံ ဆောင်ထားဖို့ပို့တဲ့ ငွေ  သိန်းငါးဆ ယ်ကတော့ ရဲကလက်ခံထားပြီး ဟိုတစ်နေ့ က ပြန်ပေးလိုက်တယ်ဗျ၊ ဒုတိယ ရုံးချိန်းနေ့က ခဏသိမ်းထားပါဦး အထက်ကို တင်ပြပြီးတော့ ခွင့်ပြုမှပေးပါလို့ ပြောတယ်။

Crd#original writer