News

နှစ်ပေါင်း (၅၀)ကျော်ကွဲကွာသွားတဲ့ချစ်သူရှိတဲ့ မြန်မာနိုင်ငံကို နှစ်တိုင်းလာရှာခဲ့တဲ့ ဂျပန်အဘိုးအို

နှစ်ပေါင်း (၅၀)ကျော်ကွဲကွာသွားတဲ့ချစ်သူရှိတဲ့ မြန်မာနိုင်ငံကို နှစ်တိုင်းလာရှာခဲ့တဲ့ ဂျပန်အဘိုးအို

အချစ်စစ်ဆိုတာ တကယ်ရှိကြောင်း သက်သေပြသွားတဲ့ သူတစ်ယောက်ကြောင်းကို Thinyupar ပရိသတ်ကြီးလည်း ထပ်တူ ကြည်နူးနိုင်စေဖို့အတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။ ဒီအဖြစ်အပျက်လေးကို ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာကျောင်းသူတစ်ယောက်က အခုလို ပြန်လည်မျှဝေ ပေးခဲ့တာဖြစ်ပါတယ်။

ကျောင်းက Dormitory ကို ဂျပန်လူမျိုး အဘိုးတယောက် ရောက်လာပြီး ငိုနေလို့ အကျိုးကြောင်း မေးမြန်းကြည့်တဲ့ အခါမှာတော့ အဘိုးကသူ့ရဲ့ အတိတ်က ဇာတ်လမ်းလေးကို ပြောပြလာခဲ့ပါတယ်။ ဇာတ်လမ်းလေးက ဂျပန်အဘိုးအို အသက် ၂၀ လောက်က မြန်မာပြည်ကို အလည်လာရင်း မြန်မာ မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ကြပြီး အဲ့ဒီ မြန်မာမလေးရဲ့ အိမ်က အဘိုးနဲ့ လူမျိုးခြားမို့ သဘောမတူခဲ့ပါဘူးတဲ့။

အဲ့လိုနဲ့ အဘိုးဂျပန်ပြန်မယ့် အချိန် သူ့ကောင်မလေးကိုပါ ဂျပန်ကို ခေါ်သွားပြီး ထွက်ပြေးဖို့ လုပ်ရင်း အဲ့ဒီနေ့မှာပဲ ကောင်မလေး အိမ်က သိသွားလို့ အဘိုးတယောက်ထဲ ဂျပန်ကို ပြန်လာခဲ့ရတာပါ။ ဂျပန်ပြန်ရောက်ထဲက အဘိုးက Depression ဖြစ်ပြီး ၂နှစ်လောက် ကုသလိုက်ရပါတယ်။


အဘိုးအသက် ၃၀ မှာ တခါ ၃၅ နှစ်မှာတခါ မြန်မာက သူ့ကောင်မလေးကို လိုက်ရှာခဲ့ပြီး ကောင်မလေးက အိမ်လည်းပြောင်း ဖုန်းနံပါတ်ကလည်း မရှိတော့ ဘယ်လိုမှ အဆက်သွယ်ပြန်မရတော့ပါဘူး။ ဒီလိုနဲ့ ၅ နှစ်တခါ မြန်မာကို ပြန်ဖို့ သူကောင်မလေးနဲ့ အတူနေဖို့ ပိုက်ဆံတွေ ကြိုးစားရှာပြီးနောက်ဆုံး

အခု အဘိုး အသက် ၇၀ ထိ သူမျှော်လင့်ချက်တွေ မပျက်သေးဘူးပါဘူးတဲ့။ အခုထိ ကိုဗစ်ပြီးတာနဲ့ မြန်မာကို လာရှာဦးမှာဖြစ်ပြီး အခုချိန်မှာ သူ့မိန်းကလေး နံမည်ပဲ မှတ်မိတော့တာဖြစ်ပြီး အဲ့နံမည်လေးတခုထဲနဲ့ တခြားနိုင်ငံကို သွားသွားရှာနေတာ အဘွားကတော့ ဒီအကြောင်းတွေသိပါ့မလား တောင်မသိပါဘူး ။

မြန်မာကျောင်းသူလေးက အဘိုးရဲ့ချစ်သူကို ကူရှာပေးဖို့အတွက် ဓာတ်ပုံတောင်းခဲ့ပေမယ့် နှစ်တွေကြာနေပီ ပုံလည်းမရှိတော့ အဘွားကို မှတ်မိပါ့မလားမသေချာပေမယ့် သူ့ရင်ထဲ က အဘွားပုံကို တော့ဖျောက်လို့မရဘူးတဲ့။ ဂျပန်အဘိုးဟာ သူမိန်းကလေးနဲ့နောက်ဆုံး မခွဲခင်မှာ သူအသက်ရှိနေသ၍ ပြန်လာရှာပါ့မယ်လို့ကတိပေးခဲ့တယ်တဲ့အတွက်

အဘိုးရဲ့ ကတိကတော့ အခုထိတည်နေတုန်းပါပဲ ။ အဘိုးရဲချစ်သူ အဘွားရဲ့နာမည်ကတော့ ခင်အေးလို့လည်း သိရပါတယ်။ တကယ်အချစ်စစ် အချစ်မှန်နဲ့ ချစ်ကြတဲ့ အဘိုးနဲ့အဘွား အမြန်ဆုံ ပြန်လည်ဆုံစည်းကြပါစေလို့ Thinyupar ကလည်း ဆုတောင်းပေးလိုက်ပါတယ်နော် ။

Crd

ZAWGYI

ႏွစ္ေပါင္း (၅၀)ေက်ာ္ကြဲကြာသြားတဲ့ခ်စ္သူရွိတဲ့ ျမန္မာႏိုင္ငံကို ႏွစ္တိုင္းလာရွာခဲ့တဲ့ ဂ်ပန္အဘိုးအို

အခ်စ္စစ္ဆိုတာ တကယ္ရွိေၾကာင္းသက္ေသျပသြားတဲ့သူတစ္ေယာက္ေၾကာင္းကို Thinyupar ပရိသတ္ႀကီးလည္း ထပ္တူ ၾကည္ႏူးႏိုင္ေစဖို႔အတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။ ဒီအျဖစ္အပ်က္ေလးကို ဂ်ပန္ႏိုင္ငံမွာရွိတဲ့ ျမန္မာေက်ာင္းသူတစ္ေယာက္က အခုလို ျပန္လည္မွ်ေဝေပးခဲ့တာျဖစ္ပါတယ္ ။

ေက်ာင္းက Dormitory ကို ဂ်ပန္လူမ်ိဳးအဘိုးတေယာက္ေရာက္လာၿပီး ငိုေနလို႔ အက်ိဳးေၾကာင္းေမးျမန္းၾကည့္တဲ့ အခါမွာေတာ့ အဘိုးကသူ႔ရဲ႕ အတိတ္ကဇာတ္လမ္းေလးကို ေျပာျပလာခဲ့ပါတယ္။ ဇာတ္လမ္းေလးက ဂ်ပန္အဘိုးအို အသက္ ၂၀ ေလာက္က ျမန္မာျပည္ကို အလည္လာရင္း ျမန္မာ မေလးတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ခဲ့ၾကၿပီး

အဲ့ဒီ ျမန္မာမေလးရဲ႕ အိမ္က အဘိုးနဲ႔ လူမ်ိဳးျခားမို႔သေဘာမတူခဲ့ပါဘူးတဲ့ ။ အဲ့လိုနဲ႔ အဘိုးဂ်ပန္ျပန္မယ့္ အခ်ိန္ သူ႔ေကာင္မေလးကိုပါဂ်ပန္ကို ေခၚသြားၿပီး ထြက္ေျပးဖို႔ လုပ္ရင္း အဲ့ဒီေန႔မွာပဲ ေကာင္မေလး အိမ္က သိသြားလို႔ အဘိုးတေယာက္ထဲ ဂ်ပန္ကို ျပန္လာခဲ့ရတာပါ။ ဂ်ပန္ျပန္ေရာက္ထဲက အဘိုးက Depression ျဖစ္ၿပီး ၂ႏွစ္ေလာက္ ကုသလိုက္ရပါတယ္ ။

အဘိုးအသက္ ၃၀ မွာ တခါ ၃၅ ႏွစ္မွာတခါ ျမန္မာက သူ႔ေကာင္မေလးကို လိုက္ရွာခဲ့ၿပီး ေကာင္မေလးက အိမ္လည္းေျပာင္း ဖုန္းနံပါတ္ကလည္း မရွိေတာ့ ဘယ္လိုမွ အဆက္သြယ္ျပန္မရေတာ့ပါဘူး။ ဒီလိုနဲ႔ ၅ ႏွစ္တခါ ျမန္မာကို ျပန္ဖို႔ သူေကာင္မေလးနဲ႔ အတူေနဖို႔ ပိုက္ဆံေတြ ႀကိဳးစားရွာၿပီးေနာက္ဆုံး

အခု အဘိုး အသက္ ၇၀ ထိ သူေမွ်ာ္လင့္ခ်က္ေတြ မပ်က္ေသးဘူးပါဘူးတဲ့ ။ အခုထိ ကိုဗစ္ၿပီးတာနဲ႔ ျမန္မာကို လာရွာဦးမွာျဖစ္ၿပီး အခုခ်ိန္မွာ သူ႔မိန္းကေလး နံမည္ပဲ မွတ္မိေတာ့တာျဖစ္ၿပီး အဲ့နံမည္ေလးတခုထဲနဲ႔ တျခားႏိုင္ငံကို သြားသြားရွာေနတာ အဘြားကေတာ့ ဒီအေၾကာင္းေတြသိပါ့မလား ေတာင္မသိပါဘူး ။

ျမန္မာေက်ာင္းသူေလးက အဘိုးရဲ႕ခ်စ္သူကို ကူရွာေပးဖို႔အတြက္ ဓာတ္ပုံေတာင္းခဲ့ေပမယ့္ ႏွစ္ေတြၾကာေနပီ ပုံလည္းမရွိေတာ့ အဘြားကို မွတ္မိပါ့မလားမေသခ်ာေပမယ့္ သူ႔ရင္ထဲ က အဘြားပုံကို ေတာ့ေဖ်ာက္လို႔မရဘူးတဲ့ ။

ဂ်ပန္အဘိုးဟာ သူမိန္းကေလးနဲ႔ေနာက္ဆုံး မခြဲခင္မွာ သူအသက္ရွိေနသ၍ ျပန္လာရွာပါ့မယ္လို႔ကတိေပးခဲ့တယ္တဲ့အတြက္ အဘိုးရဲ႕ ကတိကေတာ့ အခုထိတည္ေနတုန္းပါပဲ ။ အဘိုးရဲခ်စ္သူ အဘြားရဲ႕နာမည္ကေတာ့ ခင္ေအးလို႔လည္း သိရပါတယ္ ။ တကယ္အခ်စ္စစ္ အခ်စ္မွန္နဲ႔ ခ်စ္ၾကတဲ့ အဘိုးနဲ႔အဘြားအျမန္ဆုံျပန္လည္ဆုံစည္းၾကပါေစလ

Crd